ကျောင်းအပ်နှံ

  • May- 2024 -
    23 May
    သတင်း

    မြစ်ကြီးနားမြို့က  အခြေခံပညာရေးကျောင်းများ ကျောင်းစတင်အပ်နှံ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ စစ်ကောင်စီလက်အောက် ၂၀၂၄– ၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာစာသင်ကျောင်းများအားလုံး ကျောင်းစတင်အပ်နှံနေကြပြီဖြစ်တယ်လို့ မြစ်ကြီးနား ဒေသခံတွေဆီကနေ သိရပါတယ်။ ကျောင်းအပ်နှံမယ့်ကာလကို မေလ ၂၃ရက်နေ့ကနေ ဇွန်လ ၁ ရက်နေ့အထိ အပ်နှံလို့ရကြောင်း သိရပြီး  မြစ်ကြီးနားမြို့မှာရှိတဲ့ စာသင်ကျောင်း အကုန်လုံးနီးပါးကျောင်းအပ်နေကြပြီလို့ မြစ်ကြီးနားဒေသခံတစ်ဦးက  KNG ကိုပြောပါတယ်။ “ကျနော်တို့ မန်ခိန်ဘက်မှာတော့အပ်နေကြပြီ။ ဒီမနက် မြို့ထဲသွားတော့လည်း ကျောင်းတွေတော်တော်များများ မှာကျောင်းအပ်နေကြတာတွေ့ခဲ့တယ်“လို့ ဆိုပါတယ်။ ကျောင်းအပ်တဲ့အချိန်ကတော့  မနက်ပိုင်း ၉နာရီ လောက်ကနေ နေ့လည် ၁၂နာရီထိဖြစ်ပြီး ကျောင်းသား၊သူအဟောင်း လက်ခံပြီးမှသာ ကျောင်းသားသစ်လက်ခံမယ်လို့ သိရပါတယ်။ ကျောင်းသူ၊သားအသစ်တွေအနေနဲ့ ကျောင်းပြောင်းလက်မှတ်တွေလိုအပ်တဲ့အပြင် အထက်တန်းဖြစ်ပါက ကျောင်းပြောင်းလက်မှတ်အပြင်  အမှတ်စာရင်းပေါင်းချုုပ်(TC)လည်း လိုအပ်တယ်လို့  မြစ်ကြီးနားမြို့က ဆရာမတစ်ဦးက ခုလိုပြောပြပါတယ်။ “မနှစ်ကတည်းကနေ  ဒီကျောင်းဘဲတက်ထားတဲ့ သူဆိုရင်တော့ ဘာမမလိုဘူး တကယ်လို့ ကျောင်းသားသစ်ဆိုရင် မြို့ကျောင်းတက်မယ်ဆိုရင် ရန်ပုံငွေတွေထည့်ရတာတွေရှိတယ် အကြီးတန်းတွေဆို TC တွေလိုတယ်”လို့ ဆိုပါတယ်။ လက်ရှိအချိန်မှာကတော့ ကချင်ပြည်နယ်  ဝိုင်းမော် မြို့မှာ KIA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေတဲ့အတွက်  ဝိုင်းမော်မြို့နယ်ဒေသခံတွေ မြစ်ကြီးနားမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြပြီး စာသင်အရွယ်ကလေးငယ်တွေ ကျောင်းတက်နိုင်ဖို့ခက်ခဲတာတွေ အများအပြားရှိနေတယ်လို့ သိရပါတယ်။ ကချင်ပြည်နယ်မှာ အာဏာစသိမ်းတဲ့ ၂၀၂၀–၂၀၂၁ ပညာသင်နှစ် ကချင်ပြည်နယ်အတွင်းမှာ ပညာရေးဝန်ကြီးဌာနအောက် အခြေခံပညာဦးစီးဌာနရဲ့ အထက်တန်းအဆင့် ကျောင်းပေါင်း (၁၉၄) ကျောင်းရှိပြီး ကိုယ်ပိုင်ဘာသာရပ်သင် အထက်တန်းကျောင်းပေါင်း (၅၃)ကျောင်းရှိတာဖြစ်ပါတယ်။ By – Hope

    Read More »
Back to top button