အခမဲ့သွေးလှူသူတွေရှိပေမယ့် ကြားခံသွေးရှာပေးသူတွေက လူနာတွေဆီက ငွေယူနေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ အခမဲ့သွေးလှူဒါန်းသူတွေ ရှိနေသေးပေမယ့် သွေးလိုအပ်တဲ့ လူနာတွေအတွက် ကြားခံသွေးရှာပေးသူတချို့က လူနာရှင်တွေဆီကနေ ငွေကြေးတောင်းယူနေတယ်လို့ ပုံမှန်သွေးလှူဒါန်းသူတွေဆီက သိရပါတယ်။

လက်ရှိ မြစ်ကြီးနားဆေးရုံတွေမှာ သွေးလိုအပ်နေတဲ့ လူနာရှင်တွေဆီကနေ အမည်မသိလူတစ်စုက ကျပ်  သောင်းကနေ ကျပ်  သိန်းဝန်းကျင်အထိ ငွေယူပြီး သွေးလှူရှင်တွေကို ရှာပေးနေတယ်လို့ ပုံမှန်သွေးလှူဒါန်းသူတစ်ဦးက ပြောပါတယ်။

သွေးလှူတဲ့သူတွေက စေတနာသန့်သန့်နဲ့ လှူပေးခဲ့တာ။ သွေးလှူတဲ့သူတွေကလည်း တကယ်ကုသိုလ်စိတ်အစစ်အမှန်နဲ့ လှူပေးကြတာ။ သူတို့က သွေးလှူတဲ့လူတွေဘက်ကတော့ ဘာမှမယူဘူး။ ဒါပေမယ့် လူနာရှင်တွေဘက်ကို ငွေတောင်းယူတာလို့ ပြောပါတယ်။

ပုံမှန်အားဖြင့် ပုဂ္ဂလိကဆေးရုံတွေမှာ သွေးလှူရှင်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ရယူဖို့ ခက်ခဲပေမယ့် မြစ်ကြီးနားဆေးရုံကြီးလို နေရာတွေမှာတော့ သွေးလှူသူတိုင်း အချက်အလက်ဖောင် ဖြည့်သွင်းရတာကြောင့် သွေးရှာပေးသူတွေက အဲဒီအချက်အလက်တွေကနေတစ်ဆင့် သွေးလှူဖူးသူတွေကို ဆက်သွယ်လာတယ်လို့ သိရပါတယ်။

ခုလို ကြားထဲက လူတစ်စုက လူနာရှင်တွေဆီက ငွေကြေးယူပြီး သွေးလှူရှင်တွေကို ရှာပေးနေတဲ့အတွက် စေတနာနဲ့ အခမဲ့သွေးလှူပေးသူတွေကို လူနာရှင်တွေဘက်က အထင်အမြင်လွဲတာတွေ ကြုံလာနိုင်တယ်လို့ သွေးလှူဒါန်းသူတွေက ပြောပါတယ်။

တစ်ဖက်မှာလည်း ဒီလိုငွေကြေးယူပြီးသွေးရှာပေးနေသူတွေကြောင့် ငွေကြေးမတတ်နိုင်တဲ့ လူနာရှင်တွေက သွေးအကူအညီလိုအပ်တဲ့အချိန် သွေးရှာရခက်တာတွေ ကြုံတွေ့လာနိုင်တယ်လို့လည်း ဆိုပါတယ်။

လူနာရှင်တွေအတွက်လည်း နစ်နာသလို သွေးလှူရှင်တွေအတွက်လည်း မကောင်းဘူးပေါ့။ သူတို့က ပိုက်ဆံရမှပဲ လုပ်ပေးချင်တော့တာလေ။ ပိုက်ဆံမရရင် လုပ်မပေးချင်တော့ဘူး။ သူတို့အတွက်က ပိုက်ဆံရတော့ အလုပ်တစ်ခုလို ဖြစ်နေတာ။ ကျွန်တော်ကတော့ မကြိုက်ပါဘူးအဲဒါနောက်ထပ် သွေးပုံမှန်လှူနေသူတစ်ဦးကလည်း ထပ်ပြောပါတယ်။

ဒီလို ငွေကြေးယူပြီး သွေးလှူရှင်ရှာပေးတဲ့ လုပ်ဆောင်မှုတွေဟာ လက်ရှိမှာ မြစ်ကြီးနားဆေးရုံကြီးမှာ အများဆုံးတွေ့ရတယ်လို့ ပုံမှန်သွေးလှူသူတွေဆီက သိရပါတယ်။

ခုလိုငွေယူပြီး သွေးလှူရှင်ရှာပေးတဲ့သူတွေဟာ ဆေးရုံအတွင်း သွေးလှူဒါန်းတဲ့ဌာနမှာ အမြဲလိုလို ရှိနေတတ်တယ်လို့လည်း ဆိုပါတယ်။

သွေးလှူရှင်တွေကတော့ သွေးလှူဒါန်းတာကို ငွေကြေးအကျိုးအမြတ်တစ်စုံတစ်ရာ မယူဘဲ စေတနာနဲ့ လူ့အသက်ကယ်တင်နိုင်ဖို့ လှူဒါန်းတာဖြစ်တဲ့အတွက် ကြားထဲကနေ ငွေကြေးအကျိုးအမြတ် ရယူတာကို မလိုလားကြဘူးလို့ ပြောပါတယ်။

တကယ်မကြိုက်ဘူး ကျနော်တို့က စေတနာနဲ့လှူခဲ့တာပါ ဒါကို ငွေယူပြီးပြန်ရောင်းနေသလိုဖြစ်နေတယ်။ ဒီကိစ္စကို ဆေးရုံတာဝန်ရှိသူတွေက ဖြေရှင်းအရေးယူသင့်ပါတယ်လို့ ပထမဖော်ပြခဲ့တဲ့ သွေးလှူရှင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ သွေးနဲ့ သွေးပစ္စည်းဆိုင်ရာ လုပ်ငန်းတွေကို ထိန်းညှိဖို့ သွေးနှင့် သွေးပစ္စည်းဆိုင်ရာဥပဒေ ရှိပြီး နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ၂၀၀၃ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်မှာ ဥပဒေအမှတ် /၂၀၀၃ အဖြစ် ပြဋ္ဌာန်းခဲ့ပါတယ်။

အဲဒီဥပဒေရဲ့ ပုဒ်မ ၂၃ မှာ သွေးကို ငွေကြေး ဒါမှမဟုတ် အခြားအကျိုးခံစားခွင့်တစ်ခုခုနဲ့ စီးပွားရေးအတွက် ရောင်းဝယ်တာကို ပြစ်မှုအဖြစ် သတ်မှတ်ထားပြီး ပြစ်မှုထင်ရှားရင် ထောင်ဒဏ်  နှစ်အထိ ဖြစ်စေ၊ ဒဏ်ငွေဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

By – Hope

Show More

Leave a Reply

Back to top button