ခူးလီ
-
Mar- 2025 -19 Marchသတင်း
စင်းခန်းနဲ့ ခူးလီကျေးရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အရပ်သား ၇ ဦးသေဆုံး
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်ထဲက စင်းခန်းနဲ့ ခူးလီ ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၃ ဦးခန့်ထိခိုက် သေဆုံးမှုရှိခဲ့ပါတယ်။ KIA ရဲ့ သိမ်းပိုက်နယ်မြေဖြစ်တဲ့ စင်းခန်းနဲ့ ခူးလီကျေးရွာ စစ်ကောင်စီတပ်က မတ်လ ၁၈ ရက်နေ့ မနက်ပိုင်း ၁၂ နာရီနဲ့ ၁ နာရီဝန်းကျင်ကြား တပြိုင်နက်ထဲဗုံးကြဲတိုက်ခိုက်သွား တာကြောင့် စင်းခန်းကျေးရွာက ၆ ဦးသေဆုံးပြီး ခူလီကျေးရွာကအမျိုးသမီးတစ်ဦးသေဆုံးခဲ့ပါတယ်။ စစ်ကောင်စီတပ်တွေဟာ မနက်အစောပိုင်း ခူးလီကျေးရွာကို ဗုံးကြဲသွားပြီးနောက် စင်းခန်းကျေးရွာကို ဗုံးကြဲသွားတာကြောင့် ကျေးရွာ နှစ်ခုက အရပ်သား ၇ ဦးသေဆုံးပြီး ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စင်းခန်းဒေသခံနဲ့ နီးစပ်တဲ့ ပြည်သူတစ်ဦးက KNG ကိုပြောပါတယ်။ “ခူးလီကျေးရွာမှာလည်း လေယာဉ်ဗုံးကျတယ်။ လဖိုင်လုဘူဆိုတဲ့ အမျိုးသမီးတစ်ဦးဆုံးသွားတယ်။ စင်းခန်းမှာလည်းကျတယ်။ အဲ့မှာက အရပ်သား ၄ ဦးနဲ့ KIA တပ်သား ၂ ဦး ဆုံးသွားတယ်။”လို့ပြောပါတယ်။ စင်းခန်းကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ KIA တပ်သားနှစ်ဦးဖြစ်တဲ့ ဒရှီလဆိုင်း၊ အင်ခွမ်ဆွတ်ထွယ်ကွမ်လီ နဲ့ ဒေါ်ဝါဝါခိုင်၊ မိတွယ်တာဝင်း၊ အိုင်ကြောနဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီးနောက် ခူးလီ ကျေးရွာတိုက်ခိုက်ခံရမှုမှာ ဒေါ်လဖိုင်လုဘူဆိုသူ စုစုပေါင်း ၇ ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။ စစ်တပ်ရဲ့ လေယာဉ်ဗုံးကြောင့် ၇ ဦးသေဆုံးခဲ့တဲ့အပြင် အသက် ၅၃ နှစ်အရွယ် ဦးမောင်ထွန်း၊ အသက် ၅၅ နှစ်အရွယ် ဒေါ်ခင်လှ၊ အသက် ၇၀ အရွယ် ဒေါ်သန်းတင်၊ အသက် ၄၆ နှစ်အရွယ် ဦးဖုန်စတဲ့ အရပ်သား ၄ ဦးနဲ့ KIA တပ်သား ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ စင်းခန်းနဲ့ ခူးလီကျေးရွာတွေမှာ တိုက်ပွဲနယ်မြေဖြစ်တဲ့ ဗန်းမော်မြို့နယ်ထဲကကျေးရွာဖြစ်ပေမယ့် အဲဒီကျေးရွာတွေ မှာ ပြီးခဲ့တဲ့ ၂၀၂၄ မတ်လတွင်း KIA သိမ်းပိုက်လိုက်ကတည်းက တိုက်ပွဲမရှိတောတဲ့ နေရာတွေဒေသဖြစ်ပါတယ်။ အခုလို ဗုံးကြဲတိုက်ခိုက်ခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အခုလိုပြောပါတယ်။ “စင်းခန်းက လမ်းပန်းဆက်သွယ်ရေးအတွက် အရေးပါတဲ့ မြစ်ကူးလမ်းတံတားတစ်ခုဖြစ်တယ်။ ပြီးရင် စစ်ကောင်စီတပ်တွေ လက်လွတ်လိုက်ရတဲ့ နေရာလည်းဖြစ်ပါတယ်။ နောက် တိုက်ပွဲဖြစ်နေတဲ့ ဗန်းမော်နဲ့လည်း နီးတဲ့နေရာလည်းဖြစ်ပါတယ်။ အဲ့ကြောင့် ဗုံးကြဲတာလို့ပဲမြင်ပါတယ်။ အဓိက ဗန်းမော်တိုက်ပွဲအတွက် လာပစ်တာလည်းဖြစ်နိုင်တယ်။ စင်းခန်းတံတားမှာလည်း KIA ဘက်က ပုံမှန်သွားလာနေတဲ့ နေရာလည်းဖြစ်တယ်။ ဒါကြောင့် သတင်းရတာလည်းဖြစ်နိုင်ပါတယ်”လို့ပြောပါတယ်။ လေယာဉ်ဗုံးကြဲခံရတဲ့ စင်းခန်းကျေးရွာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာလည်း ဗုံးကြဲတိုက်ခိုက်ခံရတဲ့အတွက် အရပ်သားပြည်သူ ၂ ဦး သေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ စင်းခန်းကျေးရွာဟာ ဗန်းမော်မြို့ရဲ့ တောင်ဘက်ခြမ်း ၁၂ မိုင်ခန့်အကွာမှာရှိပြီးတော့ ဒူးလီကျေးရွာက ဒေါ့ဖုန်းယန်ကျေးရွာအနီး အနောက်ဘက်ခြမ်းမှာရှိတဲ့ ရှမ်းလူမျိုးတွေ အများဆုံးနေထိုင်ကြတဲ့ ကျေးရွာတစ်ခုဖြစ်ပါတယ်။…
Read More » -
Apr- 2024 -8 Aprilသတင်း
KIA သိမ်းပိုက်ထားတဲ့နယ်မြေတွေမှာ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ရှိနေဆဲ
ကချင်ပြည်နယ်အတွင်း KIA သိမ်းပိုက်ထားတဲ့နယ်မြေတွေမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေဆဲဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လအတွင်းမှာ KIA က စခန်းသိမ်းတိုက်ပွဲအဖြစ် တိုက်ပွဲဆင်နွှဲပြီးသိမ်းပိုက်ထားပြီဖြစ်တဲ့ မိုးမောက်မြို့နယ်ထဲက တာပိန်မြစ်တံတားအနီး ဒါဆိုင်း၊ ခူးလီနဲ့ နောင်လိုက် တစ်ဆက်တည်းရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်က ဧပြီလ ၈ ရက်နေ့ ဒီကနေ့ မနက်ပိုင်း Y – 12 လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ “ဒီကနေ့ မနက်အစောပိုင်း ၄ နာရီလောက်မှာ တက်လာတဲ့ လေယာဉ်က ဒါဆိုင်း၊ ခူးလီ၊ နောင်လိုက် ဒီတစ်ကြောကို တပြိုင်နက် ပစ်သွားတယ်။ ပစ်တဲ့ ပုံစံကလည်း လှည့်ပြီးပစ် ၄ ၊ ၅ ၊ ၈ ကြိမ်လောက်ပစ်သွားတယ်။ တခြားထိခိုက်တာတွေတော့ သေချာတော့မသိသေးဘူး”လို့ပြောပါတယ်။ စစ်ကောင်စီတပ်တွေက KIA နဲ့ PDF ပူးပေါင်းတပ်တွေရှိနိုင်တဲ့ နေရာဘက်ကို ဦးတည်ပြီး လာရောက်ပစ်ခတ်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာလည်း ဒါဆိုင်းနဲ့ တစ်ကြောရှိတဲ့ နွမ်လန့်၊ မြို့သစ်၊ ကုန်းလော နေရာတွေမှာ ပုံမှန်လာရောက်ပစ်ခတ်နေတာဖြစ်ပါတယ်။ လေကြောင်းနဲ့ ပစ်ခတ်ခံရတဲ့ ကျေးရွာတွေဟာ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းအတွင်းမှာ နွမ်လန့်၊ ကုန်းလော၊ မြို့သစ်၊ နောင်ကွန်၊ စလောင်းကုန်းနဲ့ ဒါဆိုင်း စတဲ့ ကျေးရွာတွေမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို KIA က တစ်ပတ်အတွင်းမှာပဲ တစ်ခုပြီး တစ်ခု သိမ်းပိုက်လိုက်တဲ့ နေရာတွေဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိမှာ တိုက်ပွဲငြိမ်းသက်သွားတာ ၂ ပတ်လောက်ကြာမြင့်လာပေမယ့် စစ်တပ်ဘက်ကနေ လေကြောင်းနဲ့ လာကြောက် ဗုံးကြဲတိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။ ဧပြီလ ၇ ရက်နေ့မှာလည်း ဝိုင်းမော်မြို့နယ် ဝါးရှောင်ကျေးရွာအထက် ဝရှဂါးဘွမ့်(Wa Shaga Bum) နေရာမှာ စစ်ကောင်စီတပ်အပါ ဝူယာန်ပြည်သူ့စစ်နဲ့ KIA ပူးပေါင်းတပ်တို့ကြား နေ့လည်ပိုင်းမှာ တိုက်ခိုက်ဖြစ်ပွားခဲ့ပြီးနောက် မြစ်ကြီးနားဘက်ကနေ ဂျက်လေယာဉ် ၂ စီး၊ Y- 12 လေယာဉ်အမျိုးအစားနဲ့ တစ်နာရီလောက်အကြာ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ KIA တပ်ရင်း ၁၁ နယ်မြေဘက်ကိုလည်း စစ်ကောင်စီတပ်တွေက ဧပြီလ ၆ ရက်နေ့ ည ၁၁ နဲ့ ၁၂ နာရီဝန်းကျင်ကြားမှာ ၄ ၊ ၅ ကြိမ်ထက်မနည်း လှည့်ပတ်ပြီး လာရောက်ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ သိရပါတယ်။ တိုက်ပွဲကာလ တစ်လလောက်ကြာမြင့်လာပြီဖြစ်တဲ့ မြစ်ကြီးနား – ပူတာအိုလမ်းပေါ်က ဆွမ်ပရာဘွမ့်မြို့တွင်းတိုက်ပွဲ နေရာမှာလည်း စစ်ကောင်စီတပ်က နေ့စဉ်အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင် နေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။…
Read More » -
Mar- 2024 -16 Marchသတင်း
ခလရ ၂၃၇ တပ်ကနေထွက်ပြေးလာတဲ့စစ်သားတစ်ဦးကို ဆိုင်ကယ်နဲ့လိုက်ပို့တဲ့ ရွာသားတစ်ဦးပစ်သတ်ခံရ
မိုးမောက်မြို့နယ် ခလရ ၂၃၇ ဒါဆိုင်းတပ်ကနေ ဗန်းမော်မြို့နယ် ခူးလီ၊ နန့်လှိုင်ကျေးရွာဘက်ကို ထွက်ပြေးလာတဲ့ စစ်သားတစ်ဦးကိုဆိုင်ကယ်နဲ့လိုက်ပို့ပေးတဲ့ ခူးလီရွာသားတစ်ဦးပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မတ်လ ၁၄ ရက်နေ့ မိုးမောက်မြို့နယ် ဒါဆိုင်းစစ်တပ်စခန်းဖြစ်တဲ့ ခလရ ၂၃၇ စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF နဲ့မဟာမိတ်ပူးပေါင်းတပ်တွေက စခန်းဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာ စခန်းစွန့်ခွာထွက်ပြေးတဲ့စစ်သားတစ်ချို့ ဒါဆိုင်းတပ်စခန်းနဲ့ ၁၀ မိုင်ဝန်းကျင်ဝေးတဲ့ ဗန်းမော်မြို့နယ် နန့်လှိုင်နဲ့ခူးလီရွာဘက်ကို ထွက်ပြေးလာကြတာဖြစ်တယ်လို့ ဆိုပါတယ်။ ထွက်ပြေးလာတဲ့ စစ်သားတွေဟာ အရပ်ဝတ်ဆင်ထားတဲ့ စစ်သားတွေပါသလို စစ်ယူနီဖောင်းဝတ်ထားတဲ့စစ်သားတွေအများပြားထွက်ပြေးလာတယ်လို့သိရပြီး အဲဒီစစ်ကောင်စီတပ်တွေဟာ ခူလီ၊နန့်လှိုင်ရွာထဲက ပြည်သူတစ်ချို့ကို ဗန်းမော်မြို့အဝင် နန့်ဖားဂိတ်ကို ပို့ဆောင်ခိုင်းခဲ့တယ်လို့ သိရပါတယ်။ အဲဒီစစ်သားတွေထဲက အသက် ၇၀ ဝန်းကျင်ရှိပြီဖြစ်တဲ့ စစ်သားတစ်ဦးအမောဆို့နေတာကြောင့် ခူးလိီရွာသားက ဆိုင်ကယ်နဲ့လိုက်ပို့ပေးချိန် နန့်လိုင်ရွာစျေးမှာတင် ပစ်ခံလိုက်တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “စစ်သားတွေက အရပ်ဝတ်တွေရော ပြီးတော့ ဖားတစ်ပိုင်း ငါးတစ်ပိုင်း စစ်အင်္ကျီယူနီဖောင်း ဘောင်းဘီတိုဝတ်တာတွေရော ထွက်ပြေးလာကြတာ အဲမှာ လမ်းသွားလာတဲ့သူတွေကို တားပြီးတော့ စစ်သားတွေက ဗန်းမော် နန့်ဖားဂိတ်ကို ပို့ခိုင်းတာလည်းရှိတယ်။ ရွာဘက်ကို စစ်သားတွေကို ကစဉ့်ကလျားပြေးလာကြတော့ ရွာသားတွေကလည်း ချောင်းကြည့်တာနေမှာပေါ့ အာ့မှာအသက်အရမ်းကြီးတဲ့ စစ်သားအိုတစ်ယောက်ကိုတွေ့တော့ အဲခူးလီရွာသားက ဆိုင်ကယ်နဲ့မောင်းပြီးလိုက်ပို့ပေးတာလို့ သိရတယ်။ နန့်လှိုင်စျေးနားမှာဘဲ ပြောက်ကျားပစ်သတ်ခံလိုက်ရတာ။ကျနောတ်ို့အထင်တော့ နှစ်ယောက်စလုံးစစ်သားလို့ထင်လို့ဖြစ်မယ်။ နောက်မှာလည်း စစ်သားကထင်ထားတော့လေ”လို့ ပြောပါတယ်။ ခူးလိီကျေးရွာနဲ့ နန့်လှိုင်ကျေးရွာဟာ တစ်ဆက်တည်းရှိတာဖြစ်ပြီး ပစ်သတ်ခံရသူဟာ ခူးလီရွာသား အသက် ၄၀ ဝန်းကျင် ဦးကျော်နိုင်ဆိုသူလို့သိရပြီး နေရာမှာတင်ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဆိုပါတယ်။ ဆိုင်ကယ်နောက်မှာလိုက်စီးတဲ့ စစ်သားကိုတော့ နှာခေါင်းမှာရှပ်ထိသွားပြီး ဒဏ်ရာရရှိတဲ့စစ်သားတွေကို သူ့ရဲ့အပေါင်းအပါ ခြုံထဲကနေ စစ်သားတွေထွက်လာပြီး ဆွဲခေါ်သွားတယ်လို့ သိရပါတယ်။ သေဆုံးသွားတဲ့ ဦးကျော်နိုင်ရဲ့အလောင်းကိုတော့ ဗန်းမော်မြို့ ဆေးရုံကြီး ရင်ခွဲရုံကနေ ကြက်ပေါင်ခြံသုသာန်မှာ ဒီနေ့ နေ့လည် ၁၂ နာရီဝန်းကျင်မှာ မြေချသဂြိုလ်လိုက်ပြီလို့် သိရပါတယ်။ ဒါ့အပြင် ခလရ ၂၃၇ ကနေထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်တွေဟာ တပ်မ ၈၈ နဲ့ ခလရ ၂၃၇ တပ်တို့ပူးပေါင်းထိုင်ထားတဲ့တပ်ဖြစ်ပြီး ထွက်ပြေးလာချိန်မှာလည်း ၂ ဖွဲ့ခွဲကာ ထွက်ပြေးလာကြတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ “သူတို့အချင်းချင်းမှာလည်း အဖွဲ့တွေကွဲနေကြတာတဲ့ တစ်ဖွဲ့နဲ့တစ်ဖွဲ့က သပ်သပ်စီပြေးလာကြတယ်ဆိုဘဲ ရွာဘက်ကိုထွက်လာတဲ့ စစ်သားတွေက အင်အားဘယ်လောက်ရှိလဲ တိတိကျကျတော့ မသိရဘူး မနေ့ကထိ လမ်းမှာတွေ့တဲ့စျေးသည်ဖြစ်ဖြစ် တားဆီးတောင်းစားနေကြတာလည်းရှိတယ်လို့ သိရတယ်”လို့ ဗန်းမော်ဒေသခံတစ်ဦးက ပြောပါတယ်။ ဒါဆိုင်းတပ်စခန်းကို မတ်လ ၈ ရက်နေ့ကတည်းကနေ ဝိုင်းရံပိတ်ဆို့ တိုက်ခိုက်ထားတာဖြစ်ပြီး မတ်လ ၁၄ ရက်နေ့ မနက်ပိုင်းမှာပဲ တပ်စခန်းအထဲဝင်ရောက်နိုင် သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ဒါဆိုင်း စစ်တပ်စခန်းဟာ နောင်လိုက်နဲ့ တာပိန်မြစ်တံတား ၂ခုကြား တစ်မိုင်လောက်အကွာမှာရှိတဲ့ တပ်ချထားတဲ့ တပ်စခန်းအကြီးတစ်ခုဖြစ်ပြီး စစ်အင်အား ၁၀၀ ကျော်ခန့်နဲ့ ၂၀၀၅ နဲ့ ၂၀၀၆ ဝန်းကျင်မှာ လာရောက်တပ်ချ နေရာယူထားတဲ့ စစ်တပ်ရဲ့ ဆယ်စုနှစ်တစ်ခုအကြာ သက်တမ်းရှည်တစ်စခန်းတစ်ခုလည်းဖြစ်ပါတယ်။ ဒေသခံပြည်သူတွေရဲ့ ပြောဆိုချက်အရ ဒါဆိုင်းတပ်စခန်းဟာ ဧက တစ်ထောင် ဝန်းကျင်လောက် ကျယ်ဝန်းတဲ့ တပ်စခန်းဖြစ်ပြီးတော့ ဒါဆိုင်းကျေးရွာရဲ့ အနောက်ဘက်ခြမ်း ကိုက် ၂၀၀ ဝန်းကျင်အကွာမှာရှိတဲ့ တပ်စခန်းဖြစ်တယ်လို့ သိရပါတယ်။ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်ဘက်က လက်နက်ခဲယမ်းများစွာကို KIA ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပြီး စစ်သားအများအပြားလည်းသေဆုံးခဲ့တဲ့အပြင် ထွက်ပြေးသွားသူလည်း များစွာရှိတာဖြစ်ပါတယ်။ မိုးမောက်မြို့နယ်ဟာ ဗန်းမော်ခရိုင်မှာရှိတဲ့မြို့နယ်တစ်ခုဖြစ်ပြီး ဒါဆိုင်းစစ်တပ်စခန်းဟာလည်း အခိုင်မာတပ်စွဲထားတဲ့စခန်းလည်းဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိဗန်းမော်မြို့ထဲမှာ စစ်တပ်ဘက်က မြို့တွင်းမြို့ပြင်စစ်ဆေးရေးတင်းကြပ်နေတယ်လို့လည်း သိရပါတယ်။ By – ဇမီ
Read More »