ခေါင်လန်ဖူးပြည်သူ့စစ်

  • Dec- 2025 -
    16 December
    သတင်း

    လန်ဟီဆင်ဘက်စစ်ကြောင်းထိုးနေတဲ့ ပြည်သူ့စစ်အဖွဲ့ တပ်စိတ်လိုက်အဆုံးစီရင်သွားတယ်လို့ သတင်းထွက်ပေါ်

    ကချင်ပြည်နယ် ၊ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့ထဲက လန်ဟီဆင်စခန်းကုန်းဘက်ကို ထိုးစစ်ဆင်နေတဲ့ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့ထဲက တပ်စိပ်တစ်စိပ် အဆုံးစီရင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းတွေထွက်ပေါ်လာပါတယ်။ ခေါင်လန်ဖူးပြည်သူ့စစ်အဖွဲ့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ ရက်နေ့ ခေါင်လန်ဖူးမြို့နယ်နဲ့ ဆော့လော်မြို့နယ်အစပ်ထဲက  KIAနဲ့ KPDF ပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့ လန်ဟီဆင်စခန်းကုန်းဘက်ကိုထိုးစစ်ဆင်နေတဲ့စစ်ကြောင်းဖြစ်ပြီး လမ်းခုလတ်မှာတင်အဆုံးစီရင်မှုဖြစ်သွားခဲ့တယ်လို့ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့နဲ့ နီးစပ်တဲ့ ခေါင်လန်ဖူးမြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “ဖြစ်စဥ်အမှန်ကိုတော့ ဘယ်သူမှအတိအကျတော့မသိသေးဘူး။ ဒါပေမယ့်တာဝန်ရှိသူတွေကတော့စုံစမ်းစစ်ဆေးမှုအရ ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားတာလို့ပဲ ကောက်ချက်ချလိုက်တာပေါ့ ဒီကနေထွက်သွားတဲ့ တပ်စိပ်တစ်ခုလုံးက တစ်နေရာထဲမှာစုပုံပြီးသေဆုံးသွားတယ်”လို့ အသက် ၅၀ ကျော်အရွယ် အထက်ဖော်ပြပါအမျိုးသားတစ်ဦးကပြောပါတယ်။ တပ်စိပ်လိုက်အဆုံးစီရင်သွားတယ်လို့ယူဆရတဲ့ စစ်ကြောင်းဟာ စစ်အင်အား ၃၀ ခန့်ရှိပြီး လန်ဟီဆင်တောင်ကုန်းနဲ့ ခေါင်လန်ဖူးမြို့ကြားထဲက တောင်ကြားတစ်နေရာမှာ ရှေ့တန်းထွက်နေတာ တစ်လကျောက်ကြာမြင့်လာတဲ့နောက် ဒီဇင်ဘာလဆန်းပိုင်းမှာ သေဆုံးနေတဲ့ ရုပ်အေလောင်းပုံကို မြင်တွေ့ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ “သူတို့က ရှေ့တန်းထွက်သွားတာနည်းနည်းတော့ကြာပြီတဲ့တစ်လကျော်ပြီ ဘာအဆက်အသွယ်မှမရ၊ ပြန်လည်းမခေါက်လာတော့ အနောက်ကနေစစ်ကြောင်းတစ်ကြောင်းကသူတို့သွားတဲ့လမ်းကြောင်းအတိုင်းလိုက်သွားတဲ့အချိန်မှာ တောင်ကြားမှာ အလောင်တွေတွေ့တာပဲ”လို့ အထက်ဖော်ပြပါ ခေါင်လန်ဖူးမြို့ခံအမျိုးသားကဆက်ပြောပါတယ်။…

    Read More »
  • Jan- 2024 -
    23 January
    သတင်း

    ပူတာအိုမှာပြည်သူ့စစ်အဖွဲ့က တစ်အိမ်တစ်ယောက်စစ်မှုထမ်းဖို့ လိုက်လံစည်းရုံးနေ

    ကချင်ပြည်နယ် ပူတာအိုမြို့မှာ  ဦးတန်ဂူးတန်ဥိီးဆောင်တဲ့ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့က တစ်အိမ်တစ်ယောက် စစ်မှုထမ်းကြဖို့ လိုက်လံစည်းရုံးနေတယ်လို့သိရပါတယ်။ ပြည်သူ့စစ်စည်းရုံးရေးကို ဒီနှစ်ဇန်နဝါရီ လဆန်းပိုင်းလောက်ကနေစပြီး ပူတာအိုမြို့ပေါ်က ဒုတ္တရန်ရပ်ကွက်၊ အောက်ဆန်ကောင်နဲ့အထက်ဆန်ကောင်ရပ်ကွက်တွေအပြင် မူလာရှိီးဒီးကျေးရွာအထိ တစ်အိမ်တက်တစ်အိမ်ဆင်းပြီး စစ်မှူထမ်းကြဖို့ လိုက်လံစည်းရုံနေတယ်လို့ ပူတာအိုမြို့ခံ အသက် ၅၆ နှစ်အရွယ်အမျိုးသားတစ်ဦးကပြောပါတယ်။ “အရင်ကလည်းအခုလိုစည်းရုံးတာတော့ရှိတယ်။ ဒါပေမယ့် အခုလိုတစ်အိမ်တစ်ယောက်ဝင်ရမယ်ဆိုပြီးပြောတာတော့မရှိဘူး။သူတို့ ဆီဝင်ချင်တဲ့လူဝင်သွားတယ်အခုကတစ်အိမ်တစ်ယောက်ဆိုပြီးတော့မှစည်းရုံနေတယ် ပူတာအိုကိုကာကွယ်ရမယ်ဆိုပြီးစည်းရုံးနေတယ်”လို့ သူကပြောပါတယ်။ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့က လက်ရှိမှာ အထက်မှာဖော်ပြခဲ့တဲ့ မူလာရှီးဒီ၊ ဒုတ္တန်၊ ဆန်ကောင်အထက်ရပ်ကွက်အောက်ရပ်ကွက် နေရာလေးခုမှာသာစည်းရုံရေးဆင်းနေသေးပြီး ကျန်တဲ့နေရာတွေမှာတော့ စည်းရုံးရေးဆင်းတာမရှိသေးဘူးလို့သိရပါတယ်။ “ကျွန်တော်တို့မြို့ပေါ်ရပ်ကွက်တွေမှာတော့မကြားသေးဘူး မူလာရှီးဒီမှာတော့ စာတောင်ကပ်ထားတယ်လို့ပြောတယ် တာပေမယ့်သွားတော့မတွေ့သေးဘူး ဇန်နဝါရီ ၅ရက် ၆ရက်လောက်ကနေစပြီး စည်းရုံနေတာ မူလာရှီးဒီမှာအရင်စတယ်ပြောတယ်”လို့ အထက်ဖော်ပြပါ အမျိုးသားကဆက်ပြောပါတယ်။ လက်ရှိစည်းရုံပြီးရရှိလာတဲ့ တပ်သားသစ်တွေကို လာမယ့် မတ်လဆန်းပိုင်းလောက်မှာ သင်တန်းပေးဖို့ပြင်ဆင်နေတယ်လို့လည်း ဒေသခံတွေကဆိုပါတယ်။ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့ဟာ စစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်တာတွေကို ဒေသခံတွေ မျက်မြင်တွေ့နေရတာကြောင့် ပူတာအိုဒေသခံအများစုက ဌာနေပြည်သူ့စစ်တပ်ဖွဲ့က မဝင်ချင်ကြဘူးလို့ဆိုပါတယ်။ “စစချင်းစည်းရုံးကာစမှာတော့ အဲ့မူလာရှီးဒီးတို့ ဒုတ္တန်ဘက်ကလူတွေကတော့ ဦးရွှေမင်းအဖွဲ့ဆိုပြီးမှ စိုးရိမ်နေကြတာ ဦးရွှေမင်းကတော့ မဝင်မနေရလည်း လီဆူတွေကိုဆိုရင်တော့တာပေမယ့်နောက်မှသေချာသိသွားကြတာဒီကအဖွဲ့တွေဆိုတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ဦးတန်ဂူးတန်ဦးဆောင်တဲ့ပြည်သူ့စစ်အဖွဲ့ဟာ စစ်ကောင်စီတပ်နဲ့ပူးပေါင်းဆောင်ရွက်တာမျိုးရှိနေသလို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတုန်းက စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပူတာအိုမြို့သို့ရောက်ရှိစဥ်ကလည်း ပူတာအိုဌာနေပြည်သူ့စစ်ခေါင်းဆောင်တန်ဂူးတန်ကိုယ်တိုင်ဧည့်ခံကြိုဆိုခဲ့တယ်လို့သိရပါတယ်။ ၂၀၀၉ ခုနှစ်မှာ အစိုးရကပြည်နယ်/တိိုင်းဒေသအသီးသီးမှာရှိတဲ့ ငြိမ်းချမ်းရေးယူထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကိုပြည်သူ့စစ်အဖြစ်ပြောင်းလဲဖွဲ့စည်းပေးလိုက်ပြီးနောက် ဦးတန်ဂူးတန်ဦးဆောင်တဲ့ ခေါင်လန်ဖူးပြည်သူ့စစ်အဖွဲ့စည်းပေါ်ပေါက်လာတာဖြစ်ပြီး လက်ရှိ ပူတာအို၊ခေါင်လန်ဖူးအထိ ပြည်သူ့စစ်တွေရှိနေတာဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
Back to top button