ခေါင်လန်ဖူးပြည်သူ့စစ်

  • Jan- 2024 -
    23 January
    သတင်း

    ပူတာအိုမှာပြည်သူ့စစ်အဖွဲ့က တစ်အိမ်တစ်ယောက်စစ်မှုထမ်းဖို့ လိုက်လံစည်းရုံးနေ

    ကချင်ပြည်နယ် ပူတာအိုမြို့မှာ  ဦးတန်ဂူးတန်ဥိီးဆောင်တဲ့ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့က တစ်အိမ်တစ်ယောက် စစ်မှုထမ်းကြဖို့ လိုက်လံစည်းရုံးနေတယ်လို့သိရပါတယ်။ ပြည်သူ့စစ်စည်းရုံးရေးကို ဒီနှစ်ဇန်နဝါရီ လဆန်းပိုင်းလောက်ကနေစပြီး ပူတာအိုမြို့ပေါ်က ဒုတ္တရန်ရပ်ကွက်၊ အောက်ဆန်ကောင်နဲ့အထက်ဆန်ကောင်ရပ်ကွက်တွေအပြင် မူလာရှိီးဒီးကျေးရွာအထိ တစ်အိမ်တက်တစ်အိမ်ဆင်းပြီး စစ်မှူထမ်းကြဖို့ လိုက်လံစည်းရုံနေတယ်လို့ ပူတာအိုမြို့ခံ အသက် ၅၆ နှစ်အရွယ်အမျိုးသားတစ်ဦးကပြောပါတယ်။ “အရင်ကလည်းအခုလိုစည်းရုံးတာတော့ရှိတယ်။ ဒါပေမယ့် အခုလိုတစ်အိမ်တစ်ယောက်ဝင်ရမယ်ဆိုပြီးပြောတာတော့မရှိဘူး။သူတို့ ဆီဝင်ချင်တဲ့လူဝင်သွားတယ်အခုကတစ်အိမ်တစ်ယောက်ဆိုပြီးတော့မှစည်းရုံနေတယ် ပူတာအိုကိုကာကွယ်ရမယ်ဆိုပြီးစည်းရုံးနေတယ်”လို့ သူကပြောပါတယ်။ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့က လက်ရှိမှာ အထက်မှာဖော်ပြခဲ့တဲ့ မူလာရှီးဒီ၊ ဒုတ္တန်၊ ဆန်ကောင်အထက်ရပ်ကွက်အောက်ရပ်ကွက် နေရာလေးခုမှာသာစည်းရုံရေးဆင်းနေသေးပြီး ကျန်တဲ့နေရာတွေမှာတော့ စည်းရုံးရေးဆင်းတာမရှိသေးဘူးလို့သိရပါတယ်။ “ကျွန်တော်တို့မြို့ပေါ်ရပ်ကွက်တွေမှာတော့မကြားသေးဘူး မူလာရှီးဒီမှာတော့ စာတောင်ကပ်ထားတယ်လို့ပြောတယ် တာပေမယ့်သွားတော့မတွေ့သေးဘူး ဇန်နဝါရီ ၅ရက် ၆ရက်လောက်ကနေစပြီး စည်းရုံနေတာ မူလာရှီးဒီမှာအရင်စတယ်ပြောတယ်”လို့ အထက်ဖော်ပြပါ အမျိုးသားကဆက်ပြောပါတယ်။ လက်ရှိစည်းရုံပြီးရရှိလာတဲ့ တပ်သားသစ်တွေကို လာမယ့် မတ်လဆန်းပိုင်းလောက်မှာ သင်တန်းပေးဖို့ပြင်ဆင်နေတယ်လို့လည်း ဒေသခံတွေကဆိုပါတယ်။ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့ဟာ စစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်တာတွေကို ဒေသခံတွေ မျက်မြင်တွေ့နေရတာကြောင့် ပူတာအိုဒေသခံအများစုက ဌာနေပြည်သူ့စစ်တပ်ဖွဲ့က မဝင်ချင်ကြဘူးလို့ဆိုပါတယ်။ “စစချင်းစည်းရုံးကာစမှာတော့ အဲ့မူလာရှီးဒီးတို့ ဒုတ္တန်ဘက်ကလူတွေကတော့ ဦးရွှေမင်းအဖွဲ့ဆိုပြီးမှ စိုးရိမ်နေကြတာ ဦးရွှေမင်းကတော့ မဝင်မနေရလည်း လီဆူတွေကိုဆိုရင်တော့တာပေမယ့်နောက်မှသေချာသိသွားကြတာဒီကအဖွဲ့တွေဆိုတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ဦးတန်ဂူးတန်ဦးဆောင်တဲ့ပြည်သူ့စစ်အဖွဲ့ဟာ စစ်ကောင်စီတပ်နဲ့ပူးပေါင်းဆောင်ရွက်တာမျိုးရှိနေသလို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတုန်းက စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပူတာအိုမြို့သို့ရောက်ရှိစဥ်ကလည်း ပူတာအိုဌာနေပြည်သူ့စစ်ခေါင်းဆောင်တန်ဂူးတန်ကိုယ်တိုင်ဧည့်ခံကြိုဆိုခဲ့တယ်လို့သိရပါတယ်။ ၂၀၀၉ ခုနှစ်မှာ အစိုးရကပြည်နယ်/တိိုင်းဒေသအသီးသီးမှာရှိတဲ့ ငြိမ်းချမ်းရေးယူထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကိုပြည်သူ့စစ်အဖြစ်ပြောင်းလဲဖွဲ့စည်းပေးလိုက်ပြီးနောက် ဦးတန်ဂူးတန်ဦးဆောင်တဲ့ ခေါင်လန်ဖူးပြည်သူ့စစ်အဖွဲ့စည်းပေါ်ပေါက်လာတာဖြစ်ပြီး လက်ရှိ ပူတာအို၊ခေါင်လန်ဖူးအထိ ပြည်သူ့စစ်တွေရှိနေတာဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
Back to top button