,
စစ်ကိုင်းတိုင်း ဗန်းမောက်မြို့ အရှေ့ဘက်နှင့် အနောက်ဘက်ရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့များအား Banmauk Revolution BR ပြည်သူ့ကာကွယ်ရေးတပ်မှ ၂ ကြိမ်ထက်မနည်း မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၁၀ ဦး ထက်မနည်း သေဆုံးကြောင်း BR PDF မှ သိရသည်။ "ရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တယ်။ ဆင်ကန်ရွာကပြည်သူနေအိမ်တွေပေါ်တက်ပြီး နေထိုင်တယ် စားသောက်ကြတယ်လို့ သိထားတယ်။ မိုင်းဆွဲတဲ့အခြေနေကတော့ သူတို့ဘက်က၅ယောက်ထက်မနည်း ကျဆုံးတယ်လို့ စစ်ရေးတာဝန်ခံကပြောတယ်။ နောက်ပြီး
စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် ပေါက်ကုန်းကျေးရွာမှ အလယ်တောဘက်သို့ ခြေလျင်ဖြင့် တက်လာသောစစ်ကောင်စီစစ်ကြောင်းကို ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က လမ်းခုလပ်တစ်နေရာတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီဘက်မှ တပ်သား ၃ဦးထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၅ဦးခန့်ရှိကြောင်း PDF အဖွဲ့ထံမှ သတင်းရရှိပါသည်။ ဇွန်လ ၁၃ရက်နေ့ ပေါက်ကုန်းကျေးရွာတွင် ညအိပ်ခဲ့သော စစ်ကောင်စီတပ် စစ်အင်အား ၄၀ ခန့်သည် ဇွန်လ ၁၄ရက် ယနေ့ နံနက် ၆နာရီအချိန်တွင် တက်လာခဲ့ရာတွင်