စစ်အင်အား ၄၀ ကျော်ပါသည့် စစ်တပ် မော်တော်ယာဉ်တစ်စီး စောင့်ကြိုတိုက်ခိုက်ခံရ

ရွှေကူဆိပ်ကမ်းမှ ထွက်ခွာလာသည့် စစ်ကောင်စီတပ် မော်တော်ယာဉ်တစ်စီး စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း မြေပြင်သတင်းပေးပို့ချက်အရ သိရသည်။ ယနေ့ နံနက် ၄နာရီဝန်းကျင် ရွှေကူမြို့နှင့် ကျောက်ကြီးရွာကြားတွင် မြို့လှ PDF တပ် မှ RPG နှင့် ပစ်ခတ်ခဲ့တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ "မနေ့က ရွှေကူဆိပ်ကမ်းမှာ သင်္ဘောညအိပ်တယ် သူတို့က သင်္ဘောလုံခြုံရေးယူရင်း အဲ့ဒီသင်္ဘောကနေ ရိက္ခာတွေ ကဲ့ယူတဲ့သဘောဖြစ်မယ်ဗျ။ သူတို့မော်တော်တစ်စီးထွက်လာတာ သတင်းရလို့ ကြိုစောင့်နေတာ ကျွန်တော်တို့က RPG တစ်လုံးနဲ့စပစ်လိုက်တာ သံခွန်ဝမ်းထဲ