စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ရန် NUG မှ လျှို့ဝှက် ကမ်းလှမ်း ဟူသော သတင်းအမှား
,
စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ရန် နစက ကို NUG အဖွဲ့မှ လျှို့ဝှက်ကမ်းလှမ်းနေကြောင်း သတင်းအမှားတစ်ပုဒ်ကို ‘မှိုင်းဝေ’ ဆိုသည့် Telegram အကောင့်တွင် ဇန်နဝါရီလ ၁၉ ရက်နေ့ တွင် ရေးသားဖြန့်ဝေထားသည်ကို တွေ့ရသည်။ အဆိုပါသတင်းအမှားကို ‘Ko Thet’ ‘အထွန်းဖွား’ ‘Thit Lwin’ ‘Pyay News’ Telegram အကောင့်များနှင့် ‘စောမှိုင်းဝေ’ ‘အမွှေစိန် မျိုးချစ်မြန်မာ’ ‘Linna Yee’ ဆိုသည့် ဖေ့စ်ဘုတ်အကောင့်တွင်လည်း ဖြန့်ဝေထားသည်ကို တွေ့ရသည်။ ရေးသားဖြန့်ဝေထားသော အကြောင်းအရာမှာ ‘NUGအဖွဲ့ကတော့ ဘာတွေအပေးအယူလုပ်လိုက်လဲ တော့မသိဘူး ကြားရတဲ့သတင်းကတော့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ်ဆိုပြီး နစက
ကသာမြို့နယ် မိုးတားလေးတိုက်နယ် တိုက်ကုန်းရပ်ကွက်ရှိ NLD ပါတီဝင် နေအိမ်များကို စစ်ကောင်စီတပ် မှ လိုက်လံမီးရှို့နေကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်မ ၇၇ နှင့် ABDSF ၊ KPDF ပူးပေါင်းတပ်တို့ကြား ဇန်နဝါရီလ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့ထိ ၄ ရက်ကြာတိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်သည် NLD ပါတီဝင်နေအိမ်များကို လိုက်လံမီးရှို့နေကြောင်း ဒေသခံများ ပြောသည်။ "သူတို့ဝင်ချင်တဲ့ မိုးတားလေးရွာမဆိုတာက တိုက်ကုန်းဖြတ်ပြီးရင် ဘုန်းကြီးကျောင်းတွေ တောလမ်းလေးတွေဖြတ်ပြီးမှ စည်ကားတဲ့ ရွာလမ်းမကြီးကိုရောက်တာ အဲဒီကို မဝင်နိုင်လို့ ရွာဦး ရပ်ကွက်ဖြစ်တဲ့ တိုက်ကုန်းရပ်ကွက်က NLD ပါတီဝင်တွေရဲ့ နေအိမ်ရှို့နေတာ အစိမ်းအိမ်လေးပါကုန်ပြီ"ဟုအမည်မဖော်လိုသည့်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် မရှီကထောင်ရပ်ကွက်ရှိ အနှိပ်ခန်းပိုင်ရှင်တစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ပစ်သတ်လိုက်သည်ဟု သိရသည်။ မရှီကထောင်ရပ်ကွက် ငှက်ပျောတောဘက်တွင် အနှိပ်ခန်းဖွင့်ထားသည့် ဦးဝင်းကို(ခ) မောင်ဦးကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၁၇ ရက်နေ့ ည ၁၂ နာရီအချိန်တွင် နေအိမ်မှလာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် လူမျက်ကွယ်တွင် ပစ်သတ်လိုက်ကြောင်း အသတ်ခံရသည့် ဦးဝင်းကိုနှင့် ရင်းနှီးသူတစ်ဦးက KNG ကိုပြောသည်။ ''ပစ်သတ်လိုက်ပြီဆိုတာ အတည်ပြုတယ်ဗျ။ သူတို့က ည ၁၂ နာရီကြီးမှာလာခေါ်သွားတာ အဲ့နောက်မကြာဘူး သေနတ်သံကြားတယ် မနက်တော့ပစ်သတ်လိုက်ပြီးဆိုတာသိရတယ်။ အတွင်းသတင်းအရသိရတာ အတည်ပြုတယ်။ အလောင်းကတော့ ပြန်ပေးမပေးမသိရသေးဘူး။ ပြန်ပေးမယ်လို့တော့ထင်တယ်။
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင် တရားမဝင် ရွှေတူးဖော်နေသည့် စက်ယန္တရားကြီးများနှင့် ရွှေလုပ်သား (ကျင်းသား) ၂၀ ဦး နီးပါးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။ ဇန်နဝါရီလ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့ အထိ မမုံကိုင်ကျေးရွာ အနောက်ဘက်ခြမ်းရှိ ရွှေလုပ်ကွက်များကို စစ်ကောင်စီတပ်မှ စစ်ဆေး ဖမ်းဆီးမှုများပြုလုပ်ခဲ့သည်ဟု မိုင်းနောင်ကျေးရွာနေအမျိုးသားတစ်ဦးက KNG သတင်းဌာနကို ပြောသည်။ ''မိုင်းနောင် တောမှာရွှေလုပ်နေတဲ့ဟာတွေ ဖမ်းခံရတာ စစ်ကြောင်းက အင်အား ၃၀ လောက်ရှိတယ်။ ၁၁ ရက်နေ့က စစ်ကြောင်းထိုးသွားတာ မနေ့ကပြန်လာတယ် ပြန်လာတော့ ဘတ်ဟိုးရယ် မြေကောတဲ့ကားရယ် မောင်းလာတယ်။ ပြီးတော့ ကျင်းသားတွေလည်း အများကြီးဖမ်းလာတယ် ကျင်းသားဦးရေက အတိအကျမသိရဘူး ၂၀ နီးပါးရှိမယ်ဗျ''ဟုမျက်မြင်တွေ့ခဲ့သည့် မိုင်းနောင်ကျေးရွာနေ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။ ဖမ်းဆီးထားသည့် ဘက်ဟိုးတစ်စီး၊
အင်းတော်မြို့နယ်တွင် စစ်ကောင်စီကို တော်လှန်နေသော PDF များ၊ CDM ဝန်ထမ်းများအနေဖြင့် အချိန်မှီအလင်းဝင်လာကြရန် ဖိတ်ခေါ်တဲ့ လက်ကမ်း စာစောင်တွေကို စစ်ကောင်စီတပ်သားတွေက လိုက်လံ ဖြန့်ဝေနေတယ်လို့ သိရပါတယ်။ ဇန်နဝါရီလ ၅ ရက်နေ့ အင်းတော်မြို့အဝင် စစ်ဆေးရေးဂိတ်မှာ ဖြတ်သန်းသွားလာနေတဲ့ ပြည်သူတွေရဲ့ ဆိုင်ကယ် ကား၊ ခရီးသွားကားတွေကို ရပ်တန့်ပြီးတော့ အဆိုပါ လက်ကမ်း စာစောင်တွေကို စစ်ကောင်စီ တပ်သားတွေက ဖြန့်ဝေခဲ့တာဖြစ်တယ်လို့ အင်းတော် PDF တာဝန်ရှိသူတစ်ဦးက KNG ကို ပြောပါတယ်။ ''မနေ့တုန်းက အင်းတော်ဂိတ်မှာ ပေါ့လာသမျှကားတွေ ဆိုင်ကယ်တွေကိုတားပြီးတော့ ဝေနေတာ သူတို့က အဓိက ကတော့ ပြည်ပမှာ ထွက်ပြေးနေတဲ့ သူတွေပြန်လာကြဖို့၊ နောက်ပြီးတော့ သူတို့ပုဒ်မတပ်ပြီး ထွက်ပြေးနေတဲ့လူတွေ CDM တွေ ပြန်လာဖို့နဲ့ PDF တွေအလင်းဝင်လာဖို့ အခုဝင်လာရင်တော့ သူတို့ဖြေလျှော့ပေးမယ်၊
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာတွင် စစ်ကောင်စီတပ် ရမ်းသမ်းပစ်ခတ်မှုကြောင့် ထိမှန်ခဲ့သည့် ပြည်သူ ၇ ဦးအနက်အနက် ၁ ဦး သေဆုံးသွားပြီး ကျန် ၆ ဦးမှာ ဒဏ်ရာများဖြင့်ဆေးကုသမှု ခံယူနေရဆဲဖြစ်ကြောင်း သိရသည်။ ဒီဇင်ဘာ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် မဇွပ်ယန်ထောင်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး နှစ်လုံးသည် ဆန်ခါကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီး ၄ ဦး၊ ကလေးငယ်
ဖားကန့်မြို့နယ် မှော်စီဆာ ကျေးရွာအနီးရှိ စစ်ကောင်စီတပ် ဝင်စီးထားသည့် ဆင်စိန် ကုမ္ပဏီဝန်းတွင် ညအချိန် လက်နက်ငယ် ပစ်ခတ်မှုများ ရှိနေကြောင်း သိရသည်။ စစ်ကောင်စီတပ်သည် ဒီဇင်ဘာလ ၁၇ ရက်နေ့က ‘ဆင်စိန်’ ကျောက်စိမ်း လုပ်ကွက်ကို အင်အား ၅၀ ကျော်ဖြင့် ဝင်ရောက် စီးနင်းခဲ့ပြီးနောက် ကုမ္ပဏီဝန်းအတွင်းရှိ ကိုယ်စားလှယ်များ၊ ကျောက်တူးသမားများနှင့် စားဖိုမများစုစုပေါင်း ၄၀ ကျော်ကို ယနေ့ထိ ဖမ်းဆီးထား၍ အခိုင်အမာတပ်ချ နေထိုင်နေကြောင်း ဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။ ''အဲ့ကုမ္ပဏီဝန်းထဲမှာပဲ နေနေကြတုန်း အထဲမှာ ဖမ်းထားတဲ့လူတွေကို ကတုတ်ကျင်း တူးခိုင်းတယ်။ သဲအိတ်တွေသယ်ခိုင်းတယ်။ အဲ့မှာ
စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ကြား နိုဝင်ဘာလ ၂၄ ရက်နေ့မှ ယနေ့ မနက်ပိုင်းအထိ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က ၃၀ ကျော် သေဆုံးခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။ ထိုသို့ စစ်ကောင်စီဘက်က အထိနာခဲ့သောကြောင့် ဆူးပုတ်ချောင်ရွာ၊ အင်ကြင်းကုန်းကျေးရွာ၊ အလယ်တောကျေးရွာ၊ အင်းတိန်ရွာ၊ လေသာရွာတို့မှ ခန့်မှန်း အိမ်ခြေ ၄၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရပြီး လေသာကျေးရွာသည် နှစ်ကြိမ်တိုင် မီးရှို့ခံခဲ့ရကာ နေအိမ် ၂၀၀ ကျော်ဖြင့် အိမ်ခြေအများဆုံး ဆုံးရှုံးခဲ့ရသည် ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ခင်ဦးမြို့နယ်တွင် စစ်ကောင်စီက စစ်ကြောင်းနှစ်ခုဖြင့် ဝင်ရောက်စစ်ကြောင်းထိုးကာ ကျေးရွာများကို မီးရှို့ခဲ့သဖြင့် ဒေသခံ ၂ သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး ဆေးဝါး၊ စောင် နှင့် အဝတ်အထည်များ လိုအပ်နေသည်ဟု စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာ၁၈ ရက်နေ့ ကတည်းက စစ်ကောင်စီတပ်သည် ခင်ဦးမြို့နယ်တောင်ဘက်ခြမ်း နှင့် မြောက်ဘက်ခြမ်းကို စစ်ကြောင်း နှစ်ခုခွဲကာ ဝင်ရောက်နေတာဖြစ်ပြီး ရွာပေါင်း ၁၀ ရွာထက်မနည်း နေအိမ် ၅၀၀ ကျော်ကို မီးရှို့ခဲ့သည်ဟု ဒေသခံများဆိုသည်။ “စစ်ဘေးရှောင်တွေအတွက်အဓိကက ဒီဘက်မှာတော်တော်အေးနေပြီ။ ညပိုင်းတွေဆိုရင် ဆောင်းတွင်းဆိုတော့ မြောက်လေကလည်းတော်တော်တိုက်တယ်။ ညပိုင်းဆိုအိပ်စရာနားစရာအတွက် နေရာထိုင်ခင်းဆောင်တွေလိုအပ်နေတယ်။ ယာယီနေထိုင်ဖို့ပေါ့ အခုက
ဖားကန့်မြို့တွင် စစ်ကောင်စီ ရဲနှင့် စစ်သားများက မြို့တွင်း ၂ နေရာတွင် သုံးရက်ဆက်တိုက် လမ်းသွားလမ်းလာပြည်သူများကို တင်းတင်းကြပ်ကြပ် စစ်ဆေးနေကြောင်း ဒေသခံများထံမှ သိရသည်။ မြို့အဝင် ပန်းတင်တံတား နှင့် ဖားကန့်မြို့မရဲစခန်းရှေ့ တို့တွင် စစ်ကောင်စီရဲနှင့်စစ်သား ပူးပေါင်းတပ်ဖွဲ့များက ပြည်သူများ၏ ကား၊ ဆိုင်ကယ်၊ လက်ကိုင်ဖုန်းများကို စစ်ဆေးနေကြောင်း ဖားကန့်မြို့နေ အမျိုးသားတစ်ဦးက KNG ကိုပြောသည်။ ''ဘာကိုရှာချင်တာလည်းမသိဘူး ဆက်တိုက်စစ်နေတာသုံးရက်ရှိပြီ အဲ့ပန်းတင်တံတားနဲ့ရဲစခန်းရှေ့ မှာစစ်တာ ၁၂ရက်နေ့ကတည်းကစစ်တာ။ ဒီနက်ထိပဲ လက်ကိုင်ဖုန်းတွေစစ်တယ် ဆိုင်ကယ်တူးဘောက် တွေပြီးတော့ကား အတွင်းခန်းတွေပါ အကုန်စစ်တယ်'' ဟု