စပါယ်နံ့သာ

  • Feb- 2024 -
    28 February
    သတင်း

    တိုက်ပွဲကြောင့် သွားလာခွင့်ပိတ်ထားတဲ့ အင်းတော်နဲ့ ရွှေဘိုလမ်းပြန်ဖွင့်ပေး

    စစ်ကိုင်းတိုင်းဒေသ ကောလင်းမြို့နယ်မှာ ဖြစ်နေတဲ့တိုက်ပွဲကြောင့် ပိတ်ဆို့ခံထားရတဲ့ အင်းတော်နဲ့ ရွှေဘိုလမ်းတစ်လျှောက် ခရီးသွားလာခွင့်ကို  မနေ့ကစပြီး ပြန်ဖွင့်လှစ်လိုက်ပြီဖြစ်တယ်လို့ ကားသမားတွေဆီကနေ သိရပါတယ်။ ဖေဖော်ဝါရီလ ၂၃ ရက်ကနေစတင်ပြီးတော့ မန္တလေးဘက်ကနေတက်လာတဲ့ ခရီးသည်ယာဉ်အားလုံးကို ရွှေဘိုနယ် စပါယ်နံ့သာတဝိုက်နဲ့ မြစ်ကြီးနားဘက်ကနေတက်လာတဲ့ ခရီးသည်ကားတွေကို အင်းတော်နဲ့မဲဇာတောင်ခြေ တဝိုက်မှာပိတ်ဆို့ထားတာကြောင့် အတက်အဆင်းခရီးသည်ယာဉ် ရာချီလမ်းကြောင်းပိတ်မိနေတာဖြစ်ပါတယ်။ ဒါပေမယ့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကစပြီး ညနေ ၅ နာရီလောက်မှာ တစ်ကြိမ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ဒီကနေ့ မနက် ၆ နာရီလောက်မှာ တစ်ကြိမ် ၂ ခွဲပြီး ကားတွေကိုပြန်လွှတ်ပေးနေတယ်လို့ ပိတ်မိနေတဲ့ ကားသမားတစ်ယောက်က KNG ကို ပြောပါတယ်။ “ဟုတ်တယ် လမ်းကြောင်းအခြေအနေက အကုန်ပြန်ပွင့်သွားပြီ။  ကားတွေက တစ်ကြောင်းပြီးတစ်ကြောင်း ပြန်လွတ်နေတယ်။ မနေ့ည ၅ နာရီလောက်မှာ တစ်ကြိမ်နဲ့ ဒီကနေ့ မနက် ၆ နာရီလောက်မှာ တစ်ကြိမ်ခွဲပြီး ဖွင့်ပေးတယ်။ ပိတ်မိနေတဲ့ ကားတွေကတော့ မရှိတော့ဘူး”လို့ပြောပါတယ်။ ခုလို လမ်းကြောင်းပြန်လည်ဖွင့်ပေးလိုက်တာဟာ ကောလင်းဒေသအတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေခဏရပ်သွားတာဖြစ်တဲ့အတွက် ဒေသကာကွယ်ရေးတပ်တွေဘက်ကနေ ပြန်ပြီးဖွင့်ပေးလိုက်တာဖြစ်နိုင်သလို လမ်းပိတ်ဆို့ခံထားရတာကြောင့် အင်းတော်နဲ့ ရွှေဘိုလမ်းကြောင်းတစ်လျှောက်မှာပိတ်မိနေတဲ့ ခရီးသည်ပြည်သူတွေက စားသောက်ရေးအခက်အခဲလာတဲ့အတွက် ပြန်ဖွင့်ပေးလိုက်တာလည်း ဖြစ်တယ်လို့ ကားသမားတွေကပြောပါတယ်။ အင်းတော်နဲ့ ရွှေဘိုနယ်တစ်လျှောက်မှာ ပိတ်မိနေတဲ့ ကားတွေကို ပြန်လည်သွားလာခွင့်ပေးတာနဲ့ ပတ်သက်ပြီး နန့်စီးအောင်ဂိတ်နဲ့ နီးစပ်တဲ့ အမျိုးသားတစ်ယောက်က အခုလိုပြောပါတယ်။ “ဟိုဘက်မှာ ဘယ်လိုဖွင့်ပေးလိုက်တာလဲတော့မသိဘူး။ မန္တလေးဘက်ကနေ ခရီးသည်ကားတွေက ဒီဘက်ကို ဝင်လာကြပြီ။ ဒီကမနက်ကနေ ကားတွေ အဆင်းအတက်တွေလည်း ပုံမှန်အတိုင်းမြင်နေရပြီ။ အင်းတော်မှာ ပိတ်မိနေတဲ့ ကားတွေကလည်း အထက်ကို ပြန်ကျော်တက်သွားပြီလို့အဆက်အသွယ်ရတယ်”လို့ပြောပါတယ်။ မန္တလေး – မြစ်ကြီးနား ပြည်ထောင်စုကားလမ်းမကြီး သွားလာခွင့်ကို ၄ ရက်လောက်အကြာ ပိတ်ဆို့ခံထားရတာကြောင့် ကချင်ပြည်နယ်အတွင်း ကုန်စျေးနှုန်းတွေ အဆမတန်မြင့်တက်သွားပြီး မြစ်ကြီးနားမြို့ပေါ်တွေမှာ ကုန်ပစ္စည်းပြတ်လပ်သွားတဲ့အထိဖြစ်သွားတယ်လို့ မြစ်ကြီးနားဒေသခံတွေကပြောပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အင်းတော်နဲ့ ကောလင်းဒေသမှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ပုံမှန်ဖြစ်ပွားနေပြီး သွားလာရေးလမ်းပိုင်းကိုလည်း မကြာခဏပိတ်ဆို့ခံရတာတွေရှိသလို မန္တလေး – မြစ်ကြီးနား ကားလမ်းပိုင်း ကချင်ပြည်နယ်ဘက်ခြမ်း နန့်စီးအောင်စစ်တပ်ဂိတ်မှာလည်း ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလလောက်မှာ တစ်ပတ်ခန့်အကြာ သွားလာခွင့်ပိတ်ဆို့ခံရမှုရှိခဲ့ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
Back to top button