ဝိုင်းမော် အင်ဝမ်းယာန် ပြည်သူ့စစ်တပ်စခန်းတစ်ခုကို KIA တိုက်ခိုက်ဖျက်ဆီး

ဝိုင်းမော်မြို့နယ် ကန်ပိုင်တီလမ်းမပေါ် အင်ဝမ်းယာန်ကျေးရွာ (N'Wan Yang Mare) အနီးရှိသော စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်စခန်း တစ်ခုကို ယနေ့ နံနက်ပိုင်း ၈ နာရီဝန်းကျင်ခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ တိုက်ခိုက် ဖျက်ဆီးလိုက်ကြောင်း သိရသည်။ KIA တပ်မဟာ ၅ တပ်ရင်း ၃နယ်မြေ ဘွမ့်တောင်ဘွမ့် (Bum Tawng Bum) နှင့် ဆဒုံးရေတံခွန်ကြားရှိ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့ စုပေါင်းတပ်ချနေထိုင်သော ပြည်သူ့စစ်တပ်စခန်းတွင်