ကချင်တွင် တပ်မတော်သားသီးသန့် မဲရုံတစ်ရုံသာရှိ၊ ကျန်မဲရုံများ တပ်ပြင်ပအရပ်ဘက်နှင့်အတူထည့်ရမည်

ကချင်ပြည်နယ် တစ်ပြည်နယ်လုံးတွင် တပ်မတော်သားသီးသန့်ထည့်ရမယ့် မဲရုံတစ်ရုံသာရှိပြီး ကျန်မဲရုံများမှာ အရပ်ဘက်မဲဆန္ဒရှင်များဖြင့် အတူထည့်ရမယ်ဖြစ်သည်ဟု သိရသည်။ တပ်မတော်သားများမဲထည့်ရမည့် မဲရုံပေါင်း ၅၃ ရုံရှိသည့်အနက် ပူတာအိုရှိ မဲရုံတစ်ရုံသာလျှင် တပ်မတော်သားသီးသန့် ပေးရမည်ဖြစ်သည်ဟု ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံး(ခွဲ)မှ အရာရှိဦးထွန်းအောင်ခိုင်က ပြောသည်။ “ တပ်မတော်သားမဲဆန္ဒရှင်သီးသန့်မဲပေးဟာကတော့ ပူတာအိုခရိုင်ရှိ တပ်သစ်ရပ်ကွက်ထဲက မဲရုံဖြစ်တယ်။ ဒါပေမယ့် တပ်တွင်းမှာ မဲရုံကိုဆောင်ရွက်ခြင်းမရှိဘူး။ တပ်ရဲ့ပြင်ပမှာရှိတဲ့ ရပ်ကွက်ထဲမှာဘဲ မဲရုံဆောက်ပြီး ပေးသွားမှာဖြစ်တယ်။” ဟု ပြောသည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်…