တရုတ်လုပ်ငန်းရှင်
-
Feb- 2026 -24 Februaryသတင်း
နမ့်တောင်းမှာ ဒေသခံတွေရဲ့စိုက်ပျိုးမြေကို တရုတ်လုပ်ငန်းရှင်တစ်ဦး အတင်းအဓ္ဓမလိုက်လံသိမ်းယူနေ
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်၊ နမ့်တောင်းကျေးရွာမှာ ကိုးကန့်တပ် MNDAA အမည်ခံထားတဲ့ တရုတ်လုပ်ငန်းရှင်တစ်ဦး ရွာသားတွေရဲ့ စိုက်ပျိုးမြေတွေကို မတရားသိမ်းယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နမ့်တောင်းကျေးရွာဒေသခံ အိမ်ခြေ ၆ ရဲ့ ကြံစိုက်ခင်းတွေကို ကိုးကန့်တပ်သားတွေနဲ့အတူ တရုတ်လုပ်ငန်းရှင်တစ်ဦး လိုက်လံဖျက်ဆီးတာတွေလုပ်နေပြီး မြေယာပိုင်ရှင်တွေကိုလည်းသွားလာခွင့်ပိတ်ကာ အတင်းအဓ္ဓမမြေလုယူနေတယ်လို့ နမ့်တောင်းဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “တရုတ် ရှားကွေ့ ဆိုတဲ့တစ်ယောက်က ကိုးကန့်ကို ငွေအများကြီးပေးလိုက်ပြီ။ ကားတွေအထိဝယ်ပေးပြီးပြီဆိုပြီး ကျနော်တို့မြေယာတွေကို လာသိမ်းနေတာ ဟုတ်တယ်။ ကျနော်တို့ကဘာမှမသိပါဘူး ကျနော်တို့သိတာက ကိုယ့်မြေကိုယ့်ယာမှာ လွတ်လပ်စွာလုပ်ကိုင်စားသောက်ခွင့်ရှိပြီဆိုပြီး ပြန်လုပ်ကိုင်နေကြတာ ဒီနေ့ ၁၀ နှစ်တောင်ရှိနေပြီ။ အခုက MNDAA ကိုးကန့်အမည်ခံပြီးအဲဒီတရုတ်လုပ်ငန်းရှင်က ကျနော်တို့ကို လာခြိမ်းခြောက် လာလုယူနေတာ အခု သူတို့သိမ်းယူထားတဲ့မြေတွေမှာ ကော်ဖီတွေ စိုက်ပျိုးနေကြတယ်။ ကျနော်တို့က ကြံစိုက်ပျိုးထားတော့ ၄ နှစ်၊ ၅နှစ်စာအတွက် စိုက်ပျိုးထားတာဖြစ်တယ်။ အခုက အဲဒီမြေယာတွေကို လာလုနေတာဖြစ်တယ်”လို့မြေယာလုယူခံလိုက်ရတဲ့ နမ့်တောင်းဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာလလောက်က ကြံခင်းစတင်ရိတ်သိမ်းတဲ့အချိန်ကစပြီး ကိုးကန့်တပ် MNDAA အမည်ခံထားတဲ့ အဲဒီတရုတ်လုပ်ငန်းရှင်တစ်ဦးဟာ ဒေသခံတွေကို အဲဒီမြေယာမှာ လုပ်ကိုင်စားသောက်ခွင့်မရတော့ကြောင်း ပြောဆိုလာတယ်လို့ သူကဆက်ပြောပါတယ်။ အဲဒီနောက် ကိုးကန့်တပ်သားတွေကို မကြာခဏစေလွှတ်ပြီး မြေပိုင်ရှင်တွေကို လုပ်ငန်းလုပ်ကိုင်ခွင့်တားမြစ်တာ၊ ခြိမ်းခြောက်တာမျိုးတွေဆက်တိုက်လုပ်လာပြီး မြေယာတွေကို မတရားသိမ်းယူလာခဲ့တာလို့ ပြောပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းမှာ မြေပိုင်ရှင်တွေက မုံးကိုးမြို့ရှိ ကိုးကန့်ရုံးချုပ်ဆီမြေယာသိမ်းယူခံရတာနဲ့ပတ်သက်ပြီး သွားရောက်တိုင်ကြားပေမယ့် ကိုးကန့်ဘက်က တရုတ်နှစ်သစ်ကူးပြီးမှ ဖြေရှင်းပေးမယ်လို့သာပြောဆိုခဲ့ပြီး လက်ရှိအချိန်ထိ တုံ့ပြန်ပြန်အကြောင်းကြာပြောဆိုလာခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။ အဲဒီတရုတ်လုပ်ငန်းရှင်ဟာ ကိုးကန့်တပ်သားတွေနဲ့အတူ ဒီဖေဖော်ဝါရီလအတွင်းထဲမှာတင် ဒေသခံတွေရဲ့ကြံစိုက်ခင်းတွေမှာ အုပ်ထားတဲ့ပလတ်စတစ်တွေကို လိုက်သိမ်းပြီး အခင်းတွေကိုလိုက်ဖျက်ဆီးတာတွေ ၂ ကြိမ်ပြုလုပ်ခဲ့ပြီး အခင်းသွားလမ်းတွေကိုလည်း ပိတ်ပင်ထားတယ်လို့ ဒေသခံတွေပြောပါတယ်။ “မြေယာအခင်းဆီ သွားသွားလာလာလုပ်ရင်လည်း ပေးမသွားဘူး သွားခွင့်မပြုဘူး။ နင်တို့သွားရင်တော့ ပစ်မှာ ဘာညာနဲ့ ပြောဆိုခြိမ်းခြောက်နေတာ။ အဲဒီလိုခြိမ်းခြောက်နေလို့ ကျမတို့လည်း လုပ်ငန်းလုပ်ရတာလည်း အဆင်မပြေအရမ်းခက်ခဲနေတယ်။ ကျမတို့အုပ်ထားတဲ့ ပလတ်စတစ်တွေက အခုပဲ လာလာလှန်ပေးလိုက်တာ၊သိမ်းပေးလိုက်တာမျိုးတွေ လုပ်နေတာ ဒီမြေယာတွေက ကျမတို့ အရင်ကတည်းကလုပ်ကိုင်စားသောက်နေတဲ့ မြေယာဖြစ်တယ်။အခုလို လာခြိမ်းခြောက် လုယူနေတော့လုပ်ကိုင်ရတာလည်း ခက်ခဲနေတယ်။ ကျမတို့ လိုချင်တာက ကိုယ့်မြေယာမှာ ကိုယ်လွတ်လပ်စွာလုပ်ကိုင်ခွင့်ရချင်ပါတယ်။”လို့…
Read More » -
16 Februaryသတင်း
တာပိန်မြစ်ဝမှာ တရုတ်လုပ်ငန်းရှင်တွေ ရွှေအလွန်အကျွံတူးဖော်နေ
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ထဲက တာပိန်မြစ်ဝပေါ်မှာ တရုတ်လုပ်ငန်းရှင်တွေက ရွှေအလွန်အကျွံတူးဖော်နေကြောင်းဒေသခံတွေကဆိုပါတယ်။ မိုးမောက်မြို့နဲ့ ၁၄ မိုင်အကွာရှိတဲ့ တာပိန်မြစ်ဝက ရွှေမြောင်းနဲ့ မြို့သစ်ကြားမှာ တရုတ်လုပ်ငန်းရှင်တွေကပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ကတည်းကနေ ရွှေတူးဖော်မှုတွေစတင်လုပ်ဆောင်နေတာဖြစ်ပြီးအစပိုင်းက အသေးစားရွှေတူးဖော်မှုအဆင့် ကနေ လက်ရှိမှာတော့ စက်ယန္တရားကြီးတွေနဲ့ကြီးကြီးမားမားလုပ်ဆောင်နေတယ်လို့ မိုးမောက်မြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “စတူးတာက ၂၀၂၄ခုနှစ်စက်တင်ဘာမှာစတာအဲ့တုန်းက ရေမုန်သုံးဆိုင်းပေထွက်လေးတွေနဲ့စတူးတာ အခုနောက်ပိုင်းကမဟုတ်တော့ဘူး ဘတ်ဖိုးကြီးတွေ၊ကားကြီးတွေနဲ့တူးနေတယ် ရေအားကလည်းကောင်းတော့ နှစ်ဆယ့်လေးနာရီမရပ်မနားကိုတူးနေတာ အခုမှစတူးတဲ့နေရာတွေလည်းရှိတယ်”လို့ မိုးမောက်မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။ တရုတ်လုပ်ငန်းရှင်တွေဟာ တာပိန်မြစ်ဝပေါ်မှာ ၂၀၂၄ ခုနှစ်အောက်တို ဘာလကစပြီး ရေမုန်စက် သုံးဆိုင်းစတင်ရွှေတူးဖော်မှုလုပ်ဆောင်ခဲ့ပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာလကနေ ကတော့ မြေတူးစက်၊မြေကောစက်ကြီးတွေနဲ့ မြေသယ်ကား အများအပြားတဲ့စတင်တူးဖော်နေတာလို့ မျက်မြင်ဒေသခံတွေကဆိုပါတယ်။ “လုပ်းငန်းရှင်တွေကတော့တရုတ်တွေပါပဲမြန်မာစကားတောင်မတတ်ဘူး အလုပ်သမားတွေတော့မြန်မာတွေပါတယ်”လို့ အထက်မှာဖော်ပြခဲ့တဲ့မိုးမောက်မြို့ခံအမျိုးသားတစ်ဦးကဆက်ပြောပါတယ်။ မိုးမောက်မြို့နယ်ဟာ လက်ရှိ KIA ထိန်းချုပ်မှုအောက်မှာရှိနေတာဖြစ်ပြီး အဲ့ဒီရွေတူးဖော်မှုကိုတာပိန်မြစ်အနီးနေထိုင်ကြတဲ့ ရွာပေါင်း ၁၇ ရွာကပြည်သူတွေနဲ့ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ လက်မှတ်ရေးထိုးပြီး KIA/KIO ကိုကန့်ကွက်စာတင်တာတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။ ဒါပေမယ့် ဒီနေ့ချိန်ထိ KIO၊KIA ဘက်က တစ်စုံတစ်ရာတုံံပြန်လာတာမရှိသေးဘူးလို့လည်း သိရပါတယ်။ “ရွာပေါင်း ၁၇(ဆယ့်ခုနှစ်)ရွာက ဥက္ကဋ္ဌတွေနဲ့ပြည်သူတွေလက်မှတ်ထိုးပြီးတိုင်သေးတယ် မနှစ်က(၂၀၂၅) နိုဝင်ဘာလမှာဒါပေမယ့်အခုထိတော့ဘာမှမထူးခြားလာဘူးတူးနေကြတုန်းပဲ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ လက်မှတ်ရေးထိုးတိုင်တဲ့ထဲရွာ မင်းဂျမ်းရွာ၊ရွှေမြောင်းရွာဟောင်း၊ ဟသ်ာရွာ၊စီကော်ရွာ၊ ခုန်စင့်ရွာ၊တာဟေ့လိုင်ရွာ၊ မန်နောင် အောင်တံခွန်၊ နောင်ပေါ်စတဲ့ရွာတွေအပါအဝင်ရွာပေါင်း ၁၇ ရွာပါဝင်ခဲ့ပြီးအဲ့ဒီရွာတွေဟာတာပိန်မြစ်အောက် မြစ်နဲ့နီးတဲ့ရွာတွေဖြစ်တာကြောင့် လက်ဆက်ပြီးကြီးကြီးမားမားရွှေတူးနေရင် ရွာတွေပျက်စီးသွားနိုင်တာကြောင့်အခုလိုကန့်ကွက်ကြတာလို့ဆိုပါတယ်။ ဒေသခံတွေကတော့ လက်ရှိတာပိန်မြစ်ဝမှာလုပ်ဆောင်နေတဲ့ရွှေတူးဖော်မှုကို ရပ်တန့်ခိုင်းဖို့နဲ့ထိထိရောက်ရောက်ကူညီဖြေရှင်းပေးဖို့တောင်းဆိုနေကြပါတယ်။ လက်ရှိပုံစံအတိုင်းစက်ယန္တရားကြီးတွေနဲ့ဆက်တူးနေရင် တာပိန်မြစ်ရဲ့ ရေစီးကြောင်းတွေပြောင်းလဲသွားနိုင်ပြီးလာမယ့်မိုးရာသီကာလမှာ အထက်မှာဖော်ပြခဲ့တဲ့ကျေးရွာတွေရွှေလွှမ်းမိုးသွားမှာကိုစိုးရိမ်နေကြပါတယ်။ မိုးမောက်မြို့နယ်ထဲမှာတော့ယခင်စစ်အာဏာမသိမ်းမှီတုန်းကလည်းလက်ရှိတူးနေတဲ့တာပိန်မြစ်ဝရဲ့အရှေ့ဘက် လေးမိုင်လောက်အကွာမှာ ရွှတူးဖော်မှုတွေရှိခဲ့ပေမယ့်အခုလိုဆိုးဆိုးဝါးဝါးတော့မရှိခဲ့ဘူးလို့သိရပါတယ်။ လက်ရှိမှာတော့မိုးမောက်မြို့နယ်ထဲက အထက်မှာဖော်ပြခဲ့တဲ့ တာပိန်မြစ်ဝအပါအဝင် ကျွန်းကုန်း၊ငါးခ၊ ချွယ်ဟိုင်၊သဘော်ဦး၊ ဆေးတင်စတဲ့နေရာတွေမှာလည်း ရွှေတူးဖော်မှုတွေရှိနေတယ်လို့သိရပါတယ်။ တာပိန်မြစ်ထဲရွှေတူးဖော်မှုကို တရုတ်လုပ်ငန်းရှင်သုံးဦးက အဓိကဦးဆောင်လုပ်ကိုင်နေတာလို့သိရပြီး စက်ယန္တရားအများအပြားနဲ့တူးဖော်နေသလို အစုရှယ်ယာရှင်တွေလည်းအများအပြားပါဝင်နေတယ်လို့ဒေသခံတွေကဆိုပါတယ်။ အခုလိုစက်ယန္တရားကြီးတွေနဲ့အလွန်အကျွံရွှေတူးဖော်မှုကြောင့် လာမယ့်မိုးရာသီကာလအတွင်း မြစ်နဲ့နီးနဲ့မြို့ သစ်၊စီကော်၊ တာဟဲလိုင်၊ရွှေမြောင်း၊ဟင်းသာ၊မင်းဂျမ်းစတဲ့ရွာတွေအပါအဝင် အထက်ဖော်ပြပါကျေးရွာတွေရဲ့လယ်ယာနဲ့စိုက်ခင်းတွေပျက်စီးသွားနိုင်ကြောင်းနဲ့လုပ်ကိုင်ရခက်ခဲလာနိုင်ကြောင်း ဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။ “တာပိန်မြစ်ဘေးကရွာတွေရဲ့လယ်တွေ ၊စိုက်ခင်းတွေကတော့ မိုးတွင်းကျခင်ကမ်းပြိုဘာပြိုနဲ့ပါသွားနိုင်တယ်ဘာလို့ဆိုအခုရွှေတူးလိုက်တော့ကမ်းတွေကအကုန်တိုက်စားထားတာနောက်ပြီးအခုရေတွေကလည်းကနယ်တွေဖြစ်ကုန်ပြီ ရေတွေလည်းနောက်ကျိနေတာပဲဆိုတော့စိုက်ခင်းထဲရေသွင်းဖို့လည်းခက်ခဲလာတယ်”လို့သူကပြောပါတယ်။ တာပိန်မြစ်ဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲကနေ မြစ်ဖျားခံစီးဆင်းလာပြီ ဧရာဝတီမြစ်ထဲစီးဝင်နေတဲ့မြစ်ဖြစ်ပါတယ်။ By – Zaw…
Read More » -
Jun- 2024 -7 Juneသတင်း
မြေရှားသတ္တုလုပ်ကွက်မြေပြိုမှု ၄ ရက်မြောက်နေ့ထိ ရုပ်အလောင်း ၅ လောင်းသာရှာဖွေတွေ့ရှိ
ချီဖွေမြို့နယ် ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့လုပ်ကွတ်တစ်ခုမှာ မြေပြိုမှုမှာ ၄ ရက်မြောက်နေ့ထိ ရုပ်အလောင်း ၅ လောင်းသာရှာဖွေတွေ့ရှိထားသေးတယ်လို့ ဒေသခံတွေ ပြောပါတယ်။ ဇွန်လ ၄ ရက်နေ့ မနက် ၉ နာရီခန့်က ပန်ဝါကနေ ၅ မိုင်ခန့်အကွာမှာရှိတဲ့ မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်အမှတ် ၃ ကလုပ်ကွက်တစ်ခုမှာ လုပ်ကွက်အထက်မှာရှိတဲ့ တောင်ပြိုကျလာပြီး လုပ်သား ၂၀ ဝန်းကျင်မြေစာပုံထဲပါသွားတာဖြစ်ပါတယ်။ ဒါပေမယ့် ဇွန်လ ၆ ရက်နေ့ မနေ့ထိတော့ အလောင်း ၅ လောင်းသာတွေ့ရှိသေးတယ်လို့ ရှာဖွေရေးဆက်လုပ်နေသေးတယ်လို့လည်း သိရပါတယ်။ “လူ ၂၀ ကျော်ပါသွားတယ်လို့ပြောတယ် တချို့က အလောင်းတွေ့ပြီ။ အများပိုင်းတော့ အလောင်းမတွေ့သေးဘူး ၄ ရက်နေ့က မနက် ၉ နာရီလောက်မှာ ဖြစ်တာ။ ခုထိသိထားရတာက ၅ လောင်းတွေ့ပြီ။ အဲထဲမှာ တရုတ်လူမျိုး ၂ ယောက်၊ မြန်မာထဲက ၃ ယောက် ဟုတ်တယ် အများပိုင်းမတွေ့သေးဘူး”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ဇွန် ၆ ရက်ထိ တွေ့ရှိတဲ့အလောင်းတွေထဲမှာ ဘတ်ဖောမောင်းသူ တရုတ်အမျိုးသား ၂ ဦးနဲ့ မြန်မာပြည် လုပ်သား ၃ ဦးဖြစ်တယ်လို့ သိရပါတယ်။ မြေပြိုမှုတဲ့အချိန် အနီးနားမှာ စျေးရောင်းနေတဲ့ ဆော့လော်ဘက်က အသက် ၁၉ နှစ်အရွယ် မဒေါင်နန်းဆိုသူလည်းအသက်သေဆုံးခဲ့တာဖြစ်ပြီး အဲဒီမိန်းကလေးတစ်ဦးနဲ့ ကျန်လုပ်သားအားလုံးဟာ အမျိုးသားတွေဖြစ်ပြီး လက်ရှိချိန်ထိအလောင်းတွေကို ရှာဖွေနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဇွန် ၇ ရက် ဒီနေ့မနက်ထိ ပန်ဝါဒေသခံတစ်ဦး KNG သတင်းဌာနကို Wechat မှတစ်ဆင့် အကြောင်းကြာတာကတော့ သေဆုံးသူအလောင်း ၆ လောင်းတွေ့ပြီဖြစ်ပေမဲ့ တရုတ်လုပ်ငန်းရှင်တွေဘက်က သတင်းဓါတ်ပုံ၊ ဗီဒီယိုရိုက်ကူးတာတွေ၊ သတင်းပေးတာတွေ ရှိရင် ဒဏ်ငွေရိုက်တာတွေ၊ ခြိမ်းခြောက်ထားတာတွေရှိနေတယ်လို့ ဆိုပါတယ်။ မြေရှားသတ္တုတူးဖော်တဲ့ တရုတ်လုပ်ငန်းရှင်တွေဘက်ကတော့ သတင်းပေါက်ကြားမှုမဖြစ်အောင် ပိတ်ပင်တားမြစ်ထားတာတွေ ရှိနေသလို အခြားပြင်ပလူတွေကိုလည်း လုပ်ကွက်ထဲဝင်ခွင့်မပြုထားဘူးလို့ ဆက်လက်သိရပါတယ်။ အခုမြေပြိုမှုဖြစ်သွားတဲ့ လုပ်ကွက်ဟာ မြန်မာမျိုးကိုကိုကုမ္မဏီရဲ့လုပ်ကွက်ထဲမှာဖြစ်ပြီး ပြိုကျခဲ့တဲ့တောင်က ပေတစ်ထောင်ကျော်မြင့်တယ်လို့ သိရပါတယ်။ အဲဒီလုပ်ကွက်ထဲမှာ အလုပ်သမားသုံးရာကျော်နဲ့ လုပ်ကိုင်နေတဲ့လုပ်ကွက်ဖြစ်တယ်လို့ ဆိုပါတယ်။ ချီဖွေ ၊ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တွေမှာ မြေပြိုပြီး ပုံမှန်လူသေဆုံးမှုဖြစ်စဉ်တွေဆက်တိုက်ရှိနေပေမဲ့ ဒီဖြစ်စဉ်ဟာ လူအသေအပျောက်အများဆုံး ပထမဆုံးဖြစ်ရပ် ဖြစ်တယ်လို့ ဆိုပါတယ်။ “ဖြစ်နိုင်ရင်တော့ မိုးရာသီမှာ ဘယ်လောက်ပဲ ခက်ခက် လုပ်ငန်းမလုပ်တာက ကောင်းတယ်လေ။ နွေရာသီ၊ ခြောက်သွေ့ချိန်ဆို နည်းနည်းခံသာသေးတယ်။ မိုးရာသီမှာက အခုလို ဘေးအန္တရာယ်ရှိတယ်။ ဒါပေမဲ့အခုက ငွေလိုတော့လည်း မရပ်မနား လုပ်ကြတာပေါ့ကွယ်။ ဒီနေရာမှာပဲမဟုတ်ဘူး။ အခြားနေရာတိုင်းမှာလည်း တောင်ပြို၊ကမ်းပြိုတာတွေရှိတယ်။ ရေကြီး ရေလျှံတယ်။ တံတားတွေ ကျိုးကျ မျှောပါသွားတာတွေရှိတယ်။ မျှောမောရွာမှာကြည့်လေ မြေရှားလုပ်ကွက်မဟုတ်လည်း ရေကြီးရေလျှံလို့ အိမ် ၁၀ အိမ်ကျော်ပါသွားတယ်။ ကျနော်တို့ဒေသမှာပဲ ကြုံတွေ့ရတယ်။ဒါက အန္တရာယ်ကြီးတယ်ဆိုတာ အစောကြီးကတည်းက ပြောနေကြပြီးသားပဲလေ”ဟုပန်ဝါဒေသခကဆက်ပြောပါတယ်။ ကမ္ဘာ့သယံဇာတတူးဖော်မှုတွေကို စောင့်ကြည့်လေ့လာနေတဲ့ Global Witness အဖွဲ့ရဲ့ မေလ ၂၃ ရက်နေ့က ထုတ်ပြန်တဲ့အစီရင်ခံစာထဲမှာ စစ်ကောင်စီအောက် ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေ စိုးမိုးထားတဲ့ ချီဖွေနဲ့ ပန်ဝါဒေသတွေမှာ မြေရှားသတ္တုတူးဖော်မှုဟာ ၂၀၂၁ ခုနှစ်ထက် ၂၀၂၃ ခုနှစ်မှာ ၄၀ ရာခိုင်နှုန်းအထိ မြင့်တက်လာတယ်လို့ ဖော်ပြထားပါတယ်။ ဒီထဲမှာ သတ္တုတူးဖော်တဲ့ လုပ်ကွက် ဆိုက်ပေါင်း သုံးရာကျော်ရှိနေပြီး၂၀၂၃ ခုနှစ်အတွင်း မြန်မာပြည်ကနေ တရုတ်နိုင်ငံကို တင်ပို့ခဲ့တဲ့ မြေရှားသတ္တုဟာ အမေရိကန်ဒေါ်လာ သန်း ၁၄၀၀ ကျော်ဖိုး ရှိခဲ့တယ်လို့ တရုတ်နိုင်ငံ အကောက်အခွန်ဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ By – ဂျာဘောက်ရာ
Read More »


