တိုက်ပွဲ
-
Aug- 2025 -27 Augustသတင်းဆောင်းပါး
စစ်ရေးအရှိန်ပိုပြင်းထန်လာတဲ့ ဖားကန့်ဒေသ ဘယ်လိုဆက်ဖြစ်လာနိုင်မလဲ
စစ်တပ်အာဏာပြန်ရဖို့ အပြင်းထန်ကြိုးပမ်းနေတဲ့ ကချင်ပြည်နယ်ရဲ့ အဖိုးတန်ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသမှာ စစ်တပ်က အင်အားထောင်ချီဖြည့်တင်းနေရာယူလိုက်ပြီးနောက် ဖားကန့်ပြည်သူတွေကြား စစ်ရေးစိုးရိမ်မှုဟာ တစ်ထစ်တိုးလို့လာပါတယ်။ လတ်တလော ဖားကန့်ဒေသထဲကို ဝင်ရောက်ထားတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတွေဟာ လက်လွတ်လိုက်ရတဲ့နေရာတစ်ချို့ပြန်ရဖို့နဲ့ စစ်ရေးအရ အရေးပါတဲ့ လမ်းကြောင်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အပြင် ကားမိုင်း…
Read More » -
27 Augustသတင်း
ဗန်းမော်တိုက်ပွဲမှာ စစ်တပ်ရဲ့ စစ်ကြောင်းတစ်ခုကို KIA ရှင်းလင်းနိုင်ခဲ့တယ်လို့ဆို
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ နေရာယူထားတဲ့ဘက်ကို စစ်ကြောင်းထိုးတိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတစ်ခုကို KIA ဘက်က ပိတ်ဆို့တိုက်ခိုက် ရှင်းလင်းနိုင်းခဲ့တယ်လို့ သိရပါတယ်။ ဩဂုတ်လ ၂၃ ရက်နေ့မှာ အမှတ် ၅၀၁၄ သံချပ်ကာတပ်ရှိတဲ့ဘက်ကနေ…
Read More » -
26 Augustသတင်း
မန္တလေး – မြစ်ကြီးနားကားလမ်းပိုင်းတိုက်ပွဲကြောင့် အဆင်းကားထောင်နဲ့ချီပိတ်မိနေ
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့သိမ်းတိုက်ပွဲပြီးနောက် မန္တလေး–မြစ်ကြီးနားလမ်းပိုင်းက ပိတ်ဆို့ထားတဲ့နေရာကို စစ်ကောင်စီကရုတ်တရက်ဖွင့်ပေးခဲ့ပေမဲ့ လမ်းပိုင်းနှစ်ဖက်တိုက်ပွဲတွေအကြား အဆင်းကားထောင်နဲ့ချီပိတ်မိနေတယ်လို့ ကားသမားတွေကပြောပါတယ်။ ၂၀၂၄ခုနှစ် ဩဂုတ်လကစတင်တဲ့ အင်းတော်မြို့သိမ်းစစ်ဆင်ရေးကြောင့် ကာကွယ်ရေးပူးပေါင်းတပ်တွေဟာ မန္တလေး–မြစ်ကြီးနားလမ်းပိုင်းကိုသွားလာခွင့်ကန့်သတ်ခဲ့ပြီးပေကြီးကွင်းလမ်းလို့သိကြတဲ့ မိုင် ၄၀ ကျော်ရှိတဲ့ကွင်းလမ်းကိုကားသမားတွေအသုံးပြုခဲ့ရတာဖြစ်ပါတယ်။ ဒီနှစ် ၂၀၂၅ ခုနှစ် ဧပြီလ…
Read More » -
25 Augustသတင်း
ဖားကန့်မှာ စစ်ကောင်စီရဲ့ ဒရုန်း ၅ စီးနဲ့ကားတစ်စီးကို KIA ပူးပေါင်းတပ်တွေသိမ်းပိုက်
ဖားကန့်မြို့နယ် နမ္မဖြစ်ရွာနားမှာ အိမ်စီးကားနဲ့စစ်ရေးလှုပ်ရှားနေတဲ့ စစ်ကောင်စီပူးပေါင်းတပ်ကို ကေအိုင်အေ ပူးပေါင်းတပ်တွေကြားဖြတ်တိုက်ခိုက်ခဲ့ပြီးကားတစ်စီးနဲ့အတူ ဒရုန်း ၅ စီးကိုပါသိမ်းပိုက်လိုက်နိုင်တယ်လို့သိရပါတယ်။ ဖြစ်စဥ်ကတော့ ဩဂုတ်လ ၂၃ ရက်နေ့ကဖြစ်ပွားခဲ့တာဖြစ်ပြီးတိုက်ခိုက်ရေးဒရုန်း ၄ စီးနဲ့ ကင်းထောက်ဒရုန်းတစ်စီးကိုသိမ်းပိုက်ရရှိခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။ “ဖားကန့်မြို့ပေါ်မှာ စစ်ကောင်စီက အိမ်စီးကားတွေနဲ့လှုပ်ရှားနေတဲ့အချိန် ကြားဖြတ်တိုက်ခိုက်တဲ့အခါ…
Read More » -
20 Augustသတင်း
ဗန်းမော်မှာ စစ်တပ်ရဲ့ အမြှောက်ပါတဲ့ တင့်ကားတစ်စီး KIA ပစ်ခတ်လို့ ပျက်စီးသွား
ဗန်းမော်မှာ စစ်ကောင်စီတပ် နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီးတော့ KIA ရဲ့ ပစ်ခတ်မှုကြောင့် စစ်တပ်ရဲ့ အမြှောက်ပါတဲ့ တင့်ကားတစ်စီးလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကနေ တိုက်ပွဲပြန်ဖြစ်နေတဲ့ ဗန်းမော်မြို့မရပ်ကွက် မြစ်ဆုံဟိုတယ်၊ ဝင်းလိုက်ဟိုတယ်နဲ့…
Read More » -
18 Augustသတင်း
ဗန်းမော်တိုက်ပွဲ အရေးပါတဲ့နေရာ ၅ ခုမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ KIO ပြော
ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ တပ်စခန်းနေရာတွေကို ပြန်လည် သိမ်းပိုက်နိုင်ခြင်းမရှိသေးပေမယ့် အရေးပါတဲ့ နေရာ ၅ ခုမှာ နှစ်ဖက်တပ်တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIO ပြောပါတယ်။ “ဗန်းမော်မှာ သီးခြားတပ်နေရာ သိမ်းပိုက်နိုင်တာမျိုးတော့မရှိသေးဘူး။ ဒါပေမယ့် တိုက်ပွဲက မြို့မရပ်ကွက်ဖြစ်တဲ့ မြစ်ဆုံဟိုတယ်၊ ဝင်းလိုက် ဟိုတယ်…
Read More » -
18 Augustသတင်း
လက်လွတ်လိုက်ရတဲ့ မမုံကိုင်ရွာကို KIA ပြန်သိမ်းလိုက်ပြီး မိုင်းနောင်မှာ တိုက်ပွဲပြင်းထန်နေဆဲ
မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသထဲ ကချင်လွတ်လပ်ရေးတပ်မတော် KIA လက်လွတ်လိုက်ရတဲ့ မမုံကိုင်ကျေးရွာကို KIA ဘက်က ပြန်လည်သိမ်းယူလိုက်ပြီး မိုင်းနောင်ကျေးရွာဘက်မှာ ဒီကနေ့ ဩဂုတ်လ ၁၈ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဩဂုတ်လ ၁၆ ရက်နေ့မှာ KIA နဲ့…
Read More » -
15 Augustသတင်း
ဖားကန့် – ကားမိုင်းလမ်းပိုင်းမှာ ကားတစ်စီး ဒရုန်းဗုံးသီးထိမှန်လို့ ကားသမားတစ်ဦးသေဆုံး
ဖားကန့်မြို့နယ်ကိုဝင်ရောက်နိုင်တဲ့လမ်းကြောင်းတစ်ခုဖြစ်တဲ့ ဖားကန့်–ကားမိုင်းလမ်းပိုင်းက နန့်ယားကျေးရွာတစ်နေရာမှာတိုက်ပွဲကြောင့်ပိတ်မိနေတဲ့ကားတစ်စီး ဒရုန်းဗုံးသီးထိမှန်လို့ ကားသမားတစ်ဦးသေဆုံးခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။ မနေ့က ဩဂုတ်လ ၁၄ ရက်နေ့မွန်းလွှဲပိုင်းလောက်မှာ စစ်ကောင်စီတပ်နဲ့KIAပူးပေါင်းတပ်တွေအကြား နန့်ယားကျေးရွားတစ်ဝှိုက်တိုက်ပွဲပြင်းထန်ခဲ့ကြတာဖြစ်ပြီး ခရီးသွားကားတွေပိတ်မိနေခဲ့ကြချိန်မှာ အခုလိုဖြစ်စဥ်ဖြစ်ပွားခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင်နောက်ထပ်ခရီးသွားသုံးယောက်ကလည်း ထိခိုက်ဒဏ်ရာတွေပြင်းပြင်းထန်ထန်ရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။ “ကာမိုင်းလမ်းကြောပေါ်ပေါ့လေ ဒရုန်းဗုံးထိတာ။…
Read More » -
7 Augustသတင်း
စကခ (၂၁) တပ်တွင်း လေယာဥ်နဲ့ချပေးတဲ့ရိက္ခာ ဈေးအဆမတန်တင်ရောင်းနေတဲ့အတွက် တပ်မိသားစုတွေ စားနပ်ရိက္ခာပိုကြပ်တည်းလာတယ်လို့ဆို
မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မြို့ စကခ (၂၁) တပ်ထဲမှာ လေယာဉ်နဲ့ချပေးတဲ့ရိက္ခာ တွေကို ဈေးအဆမတန်ရောင်းနေတဲ့အတွက် အကျဉ်းထောင်ဝန်ထမ်းများ အခက်ခဲကြုံနေရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကစပြိီး KIA ပူးပေါင်းတပ်က ဗန်းမော်မြို့တိုက်ပွဲစတင်ချိန်ကစလို့ ရိက္ခာပို့လို့ရတဲ့ လမ်းကြောင်းအားလုံး…
Read More » -
7 Augustသတင်း
နမ္မတီးမြို့မှာ ခိုလှုံနေတဲ့ စစ်ရှောင်ပြည်သူ နှစ်ထောင်ကျော်အတွက် နေရာထိုင်အခင်း၊စားနပ်ရိက္ခာအကူညီလိုအပ်
ကချင်ပြည်နယ် ဖားကန့်ဒေသမှာ တိုက်ပွဲဖြစ်တာကြောင့် နမ္မတီးမြို့မှာ ထောင်နဲ့ချီ လာရောက်ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် အစားအသောက်နဲ့ ဆေးဝါးကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ မိုးတွင်းကာလအတွင်း စစ်ဘေး၊ ရေဘေးကြောင့် အဓိကခက်ခဲနေသူတွေဟာ နမ္မတီးသကြားစက်ဝင်းမှာခိုလှုံနေကြတဲ့ လဝါးကက်သလစ်အသင်းသူ၊သားများနဲ့ ဖားကန့် ခွမ်စိုင်ယန်ပြည်သူတွေကြဖြစ်ပြီး မိုးရေကြောင့်စစ်ရှောင်စခန်းတွင်း…
Read More »









