ရှမ်းပြည်နယ် ကချင်တိုင်းရင်းသားရေးရာဝန်ကြီး ဖြင့်တွေ့ဆုံမေးမြန်းခြင်း

လက်နက်ကိုင်ပဋိပက္ခများပြားသော ရှမ်းပြည်နယ်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်၊ လူမျိုးရေးဆိုင်ရာပြဿနာများနှင့် ကချင်လူမျိုးတို့၏အခြေအနေအကြောင်း ရှမ်းပြည်နယ် ကချင်တိုင်းရင်းသားရေးရာဝန်ကြီး ဒူဝါတန်ဘောင်ဇုတ်ဒေါင် ကို ကချင်သတင်းဌာန KNG က ဆက်သွယ်မေးမြန်းထားသည်။ မေး။ ။ ဘယ်ချိန်မှစပြီး ကချင်ရေးရာဝန်ကြီးတာဝန် စယူခဲ့တယ်ဆိုတာပြောပေးပါ။ ဖြေ။ ။ ၂၀၁၀ မှာရွေးကောက်ပွဲဝင်ဖို့ အစီစဉ်လည်းမရှိဘူး။ ပြည်ခိုင်ဖြိုးပါတီဝင်လည်းမဟုတ်ဘူး။ ရိုးရိုးသာမန် အရပ်သားပဲ။ ၂၀၁၀ မှာ သူတို့ရွေးကောက်ပွဲလုပ်မယ်ဆိုပြီး ပြည်ခိုင်ဖြိုးပါတီက ကချင်တိုင်းရင်သားရေးရာဝန်ကြီး ဝင်ရောက်ယှဉ်ပြိုင်ဖို့ ခေါ်တဲ့အတွက် ဝင်ရောက်ယှဉ်ပြိုင်ရာကနေ ကချင်ရေးရာဝန်ကြီး…