တောမှော်ရွာ
-
Nov- 2025 -13 Novemberသတင်း
ဖားကန့်မှာ စစ်တပ်ထပ်ဝင်လာတဲ့တစ်ပတ်အတွင်း ကလေးငယ်အပါ ပြည်သူ ၄ ဦးသေဆုံး
ဖားကန့်မှာ စစ်ကြောင်းထပ်မံဝင်ရောက်လာတဲ့ ယခုပတ်အတွင်း တိုက်ပွဲမဖြစ်တဲ့ ကျေးရွာ ရပ်ကွက်တွေဘက်ကို ဦးတည်ပြီး လေကြောင်းအပြင် လက်နက်ကြီးဆက်တိုက်ပစ်ခတ်မှုတွေကြောင့် အရပ်သားသေဆုံးတာတွေ ဆက်တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ နေ့လည် ၁၂ နာရီလောက်မှာ ဖားကန့် ဗျူဟာကုန်းကနေ လုံးခင်းအုပ်စု တောမှော်အတက်လမ်း ကုဋေမှော်၊ မားဆားဘက်ကို အကြောင်းမဲ့ လက်နက်ကြီး ၁၂၀ မမ ၄ ကြိမ်ထက်မနည်းလှမ်းပစ်ခဲ့တဲ့အတွက် ကလေးငယ်တစ်ဦးထပ်မံသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရရှိတဲ့ ပြည်သူတစ်ချို့တွေလည်းရှိခဲ့တယ်လို့ ဖားကန့်ပြည်သူအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “လှမ်းပစ်တာက ၁၂ နာရီခွဲကျော်ကျော်လောက်ရှိမယ်။ တောမှော်အတက်လမ်းရှိတဲ့ ဘက်ကို ဦးတည်ပြီးပစ်တာ။ အဲ့မှာ မားဆားကျေးရွာထဲမှာ လက်နက်ကြီးကျကွဲလို့ ကလေးငယ်တစ်ဦးထပ်ဆုံးခဲ့တယ်။ ထိခိုက်ဒဏ်ရာရတဲ့တစ်ချို့လည်းရှိသေးတယ်လို့ ကြားပါတယ်။ ဒါပေမယ့် သေးစိတ်တော့မသိရသေးဘူး။ အခုလက်နက်ကြီးပစ်တဲ့ နေရာဘက်မှာ တိုက်ပွဲလည်းမရှိပါဘူး”လို့ပြောပါတယ်။ ဖားကန့်ဗျူဟာကုန်းကနေ ပစ်လိုက်တဲ့ လက်နက်ကြီး ၃ လုံးခန့်က မားဆားကျေးရွာတဝိုက်ကျမှန်ပေါက်ကွဲခဲ့ပြီးတော့ အခုလိုပြည်သူတွေ အသက်သေဆုံးခဲ့ရတာဖြစ်တယ်လို့ ပြောပါတယ်။ လက်ရှိ လက်နက်ကြီးပစ်ခတ်ခံရတဲ့ နေရာဘက်မှာ စစ်တပ်က နိုဝင်ဘာလ ၁၁ ရက်နေ့မှာပဲ Y – 12 လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မိခင်ဖြစ်သူ အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ်အပါ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ တစ်ရက်ခြားမှာပဲ အခုလို ဖားကန့်ဗျူဟာကုန်းပေါ်ကနေ လက်နက်ကြီးပစ်ခတ်ခံရတာဖြစ်ပါတယ်။ တိုက်ပွဲမရှိတဲ့ တောမှော်ကျေးရွာဘက်ကို လေကြောင်းအပါ လက်နက်ကြီးဆက်တိုက်ပစ်ခတ်ခံနေရတဲ့ အခြေအနေဟာ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်စခန်းသိမ်းတိုက်ပွဲမှာ တောမှော်ကျေးရွာမှာ စစ်ကောင်စီတပ်စခန်းတစ်ခု သိမ်းပိုက်ထားပြီး အဲဒီနေရာမှာ KIA နဲ့ PDF အဖွဲ့တွေ တပ်အထိုင်ချထားတာကြောင့် ပစ်ခတ်ခံရတာဖြစ်နိုင်တယ်လို့ သတင်းအရင်းအမြစ်တွေသုံးသပ်ပါတယ်။ နိုဝင်ဘာလ ၉ ရက်နေ့ကစတင်ပြီး ဖားကန့် လုံးခင်းနဲ့ မှော်ဆီစာ ကျေးရွာတစ်လျှောက် စစ်အင်အားအလုံးအရင်းနဲ့ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားလာတာကြောင့် နှစ်ဖက်တပ် တိုက်ပွဲပြန်လည်ဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်။ အဲဒီနိုဝင်ဘာလ ၉ ရက်နေ့ တစ်ရက်တည်းမှာပဲ စစ်ကြောင်းတွေ ဝင်ရောက်လာတဲ့အချိန် စစ်ကြောင်းနောက်ကနေ ဆိုင်ကယ်နဲ့ကပ်ပါလာတဲ့ အသက် ၂၀ နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးလည်း မိုင်းစထိမှန်သေဆုံးမှုရှိခဲ့ပါတယ်။ ဒါ့အပြင် ၁၀ ရက်နေ့မှာလည်း မှော်ဆီစာ ကားလမ်းမကြီးပေါ်မှာ မိုင်ဆွဲပေါက်ကွဲမှုဖြစ်ပြီး ကချင်နှစ်ခြင်းခရစ်ယာန် KBC ဘုရားကျောင်းရှေ့မှာ ပြည်သူတစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ စစ်တပ်ဘက်က ပြန်ပြီးနေရာယူထားတဲ့ လုံးခင်း၊ မှော်ဆီစာ၊ နမ့်မဖြစ်၊ မှော်ဝမ်းကြီး၊ မှော်ဝမ်းကလေး စတဲ့နေရာတွေကို ရာနှုန်းပြည့် ထိန်းချုပ်နိုင်ဖို့ရန်အတွက် နိုဝင်ဘာလ ၆ ရက်နေ့မှာ ဖားကန့် ကားမိုင်း – နန့်ယားလမ်းပိုင်းကနေ ရဲတပ်သားတွေအပါအဝင် စစ်ကြောင်းထိုးတက်လာခဲ့တာဖြစ်ပါတယ်။ အဲဒီစစ်ကြောင်းတွေက နိုဝင်ဘာလ ၁၀ ရက်ညမှာ မှော်ဆီစာကျေးရွာထဲက Sky Hotel နဲ့ ဘုရားကုန်းနေရာတွေမှာ ဝင်ရောက်နေရာယူထားတာဖြစ်ပါတယ်။ Sky Hotel ထဲမှာ နေရာယူထားတဲ့ စစ်အင်အားတစ်ချို့က နိုဝင်ဘာလ ၁၂ ရက်နေ့နောက်ပိုင်း ပြန်ထွက်ခွာသွားတာရှိပေမယ့် စစ်ရေးနေရာမဟုတ်တဲ့နေရာတွေမှာ ပေါ်ပေါ်တင်တင်စစ်ရေးလှုပ်ရှားနေတာကြောင့် ပြည်သူတွေက အပြင်မထွက်ရဲဘဲ ကြောက်လန့် စိုးရိမ်မှုတွေဖြစ်နေတယ်လို့ ဖားကန့် ပြည်သူတစ်ဦးက ဆက်ပြီးပြောပြပါတယ်။ “လုံးခင်းကတော့ ပုံမှန်အနေအထားဖြစ်သွားပြီလို့ပြောလို့ရမယ်။ ဒါပေမယ့် အခုရက်ပိုင်းဖြစ်ပျက်သွားတာက မှော်ဆီစာနားမှာပဲ အခြေတည်ဖြစ်သွားတယ်ဆိုတော့ လမ်းမကြီးနဘေးက အိမ်တွေ၊ စျေးဆိုင်ကတွေကအစ အဖွင့်ရဲ မသွားရဲကြတဲ့သူတွေရှိသေးတယ်။ နေ့ခင်းဘက်မှာကျတော့ အိမ်မှာနေပြီး ညခင်းဘက်မှာဆိုရင် တခြားနေရာတွေမှာ သွားအိပ်ကြတာတွေရှိတယ်။ တစ်ချို့ကတော့ အိမ်နောက်ဖေးဘက်မှာ တံခါးတွေပိတ်ပြီး ပုန်းနေကြတယ်”လို့ပြောပါတယ်။ မှော်ဆီစာဘုရားကုန်းပေါ်မှာ နေရာယူထားတဲ့ စစ်ကြောင်းတစ်ချို့လည်း မှော်ဆီစာဘုန်းကြီးရဲ့ ပြောဆိုမှုကြောင့် တပ်စွန့်ခွာသွားတယ်လို့ ဆက်သိရပါတယ်။…
Read More »
