ကျောက်နီထွက်သည့် နမ့်ယာပိုင်းကို လုံခြုံရေးအခြေအနေအရ လုပ်ကွက်ချထားမှုအစီစဉ် ချန်လှပ်

ပြည်ထောင်စုညွန်ကြားချက်ဖြင့် ယခုနှစ်အတွက် အသေးစားလက်လုပ်လက်စား မြေဧကချပေးသည့်အစီစဉ်တွင် လုံခြုံရေးအခြေအနေကြောင့် ကျောက်နီထွက်ရှိရာ ဖားကန့် နမ့်ယားဒေသပိုင်းကို ချန်ထားခဲ့ရကြောင်း ပြည်နယ်သယံဇာတ ဝန်ကြီးထံမှ သိရပါသည်။ “ကျောက်နီနဲ့ ကျောက်စိမ်းကိုတစ်ချိန်တည်းမှာဘဲလုပ်တယ်။ ကျောက်နီက နမ့်ယာဆိပ်ဒေသမှာဆိုတော့ အဲဒီဘက် နယ်မြေလုံခြုံရေး တာဝန်ယူထားတဲ့ တပ်မတော်ကနေပြီးတော့ နယ်မြေလုံခြုံရေး မကောင်းတဲ့အတွက်ကြောင့် သူတို့ဘက်ကနေ နောင် နယ်မြေလုံခြုံရေးကောင်းမွန်တဲ့ချိန်မှပဲ ဆောင်ရွက်သင့်ပါကြောင်းဆိုပြီး သဘောထား မှတ်ချက်ပေးထားတာရှိတော့ ကျနော်တို့အနေနဲ့လည်း တာဝန်ယူမှု တာဝန်ခံမှုပိုင်းမှာ ပြည်သူတွေကို လက်လွှတ်စပယ် မချထားပေးရဲတဲ့ အနေအထားပေါ့။”…