လယ် ပြန်ရရန်တောင်းသော နမ္မားအမျိုးသမီး ကျေးရွာအုပ်ချုပ်ရေးမှူး၏ရိုက်နက်ခံရ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နမ္မားဒေသ နန့်စော်လော်ကျေးရွာတွင် မြေယာကိစ္စနှင့်ပတ်သက်ပြီး အငြင်းပွားရာ ကျေးရွာအုပ်ချုပ်ရေးမှူးက ဒေသခံ အမျိုးသမီးတစ်ဦးကို ကိုယ်ထိလက်ရောက် ရိုက်နက်မှုအထိ ပြုလုပ်ခဲ့သည်ဟု ဆိုပါသည်။ ဖြစ်စဉ်မှာ ရိုက်နက်ခံရသော ဒေါ်ခင်စန်း ဆိုသူသည် ၄င်း၏နစ်နာဆုံးရှုံးသွားသော လယ်ယာများကို ပြန်လည်ရရှိရန် ပြည်ထောင်စုအဆင့် လယ်ဆည်ဝန်ကြီးရုံးသို့ စာတင်ပြတောင်းဆိုခဲ့သောကြောင့် ယခုလ ဇူလိုင်လ ၂၄ရက်နေ့ သက်ဆိုင်ရာ တာဝန်ရှိသူများ လာရောက်ကွင်းဆင်းစစ်ဆေးချိန် ယခုလို ဖြစ်ပွားလာခြင်းဖြစ်သည်။ ထိုသို့ တာဝန်ရှိသူများ ကွင်းဆင်စစ်ဆေးနေစဉ် နန့်စော်လော်ကျေးရွာ…