ဖမ်းဆီးမှု

  • Jan- 2026 -
    29 January
    သတင်း

    ဖားကန့်မှာ အရပ်သား ၃ ဦးဖမ်းခံရ ၊ စိတ်ရောဂါဝေဒနာရှင်တစ်ဦးပါတယ်လို့ဆို

    ကချင်ပြည်နယ် ဖားကန့်မြို့ လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာမှာ အရပ်သား ၃ ဦးကို စစ်တပ်ကဖမ်းဆီးသွားတယ်လို့ ဖားကန့်မြို့ခံတွေဆီကနေ သိရပါတယ်။ ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၉ ရက် ဒီမနက် ၁၀ နာရီဝန်းကျင် ဆီပေပါတင်လာတဲ့ကားတစ်စီးကို စစ်ကောင်စီတပ်ဖွဲ့က နောက်ကနေလိုက်လာပြီး ကားရပ်ခိုင်းကာ ကားမောင်းတဲ့အမျိုးသားနဲ့ဇနီးသည်ကိုဖမ်းဆီးသွားတာတဲ့အပြင် ဘေးနားမှာရပ်ကြည့်နေတဲ့ စိတ်မနှံ့သူတစ်ဦး စုစုပေါင်း ၃ ဦးကိုဖမ်းသွားတယ်လို့ သိရပါတယ်။ “ခွန်ဆာကုန်း(ငြိမ်းချမ်းသာယာ)မှာ ဆီကားတစ်စီးကို စစ်ကားတစ်စီးလိုက်လာပြီး ရပ်ခိုင်းတယ်။ပြီးရင် ဆီကားမောင်းတဲ့သူနဲ့သူ့အမျိုးသမီးကိုလည်း ဖမ်းသွားတယ်။ အဲမှာရပ်ကြည့်နေတဲ့ စိတ်မနံ့တဲ့သူကိုပါ ဖမ်းသွားတယ်”လို ပြောပါတယ်။ စစ်တပ်က ဖမ်းဆီးသွားတဲ့ ယာဉ်မောင်းနဲ့အမျိုးသမီးဟာ မည်သူမည်ဝါဖြစ်ကြောင်းအသေးစိတ်မသိရပေမယ့် စိတ်မနှံ့သူကတော့ အသက် ၃၅ ဝန်းကျင်ရှိသူဖြစ်ပြီး ဖားကန့်မြို့ရပ်ကွက်နေပြည်သူတွေက ထမင်းကျွေးထားတဲ့သူဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဖမ်းဆီးသွားတဲ့ အဆိုပါအရပ်သား ၃ ဦးစလုံးကို ယမ်းချက်အချုပ်ခန်းဖက်ခေါ်သွားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်း ဖားကန့်–ကာမိုင်းလမ်းကိုစစ်တပ်ကထိန်းချုပ်လိုက်ပြီးနောက် လမ်းတစ်လျှောက် ဆီသယ်ကားတွေဟာ စစ်တပ်ဂိတ်တိုင်းကို အခွန်ပေးဆောင်မှသာ ဖားကန့်မြို့ထဲဝင်ရောက်နိုင်တာဖြစ်ပါတယ်။ “ဘာကြောင့်ဖမ်းလဲဆိုတာတော့ အသေးစိတ်မသိရဘူး ဒါမေပယ့် ပိုက်ဆံကောက်တာလို့ပဲထင်နေကြတယ်။ဘာကြောင့်ဖမ်းခံရသလဲဆိုတာတော့ အသေးစိတ်မသိရဘူး။ဖားကန့်မြို့မှာတော့ ဆီသယ်ကားအမျိုးမျိုးရှိတယ် ကုမ္မဏီတိုက်ရိုက်ဝင်တဲ့ကားရှိတယ် ပြီးရင် တစ်ချို့ကျတော့ ဆီဆိုင်ကကားရှိတယ်။တစ်ချို့ကျတော့ ကုမ္မဏီနဲ့ချိတ်ပြီးလာရောင်းတဲ့ကားတွေရှိတယ်။ ခုဒီကားက ဘယ်ကကားလဲမသိရသေးဘူး”လို့ ဖားကန့်မြို့ခံအမျိုးသားတစ်ဦး ဆက်ပြောပါတယ်။ လက်ရှိဖားကန့်မြို့ထဲဝင်မယ့် ဆီကားတွေဟာ မိုးကောင်းအနီးက (၈)မိုင်ဂိတ်၊ မရမ်ကထောင်ဂိတ်နဲ့ ကာမိုင်းလမ်းခွဲဂိတ်၊ နန့်ယားကျေးရွာဂိတ်၊ လုံးခင်းကျေးရွာအဝင် ယမ်းချက်ဂိတ်တို့ကို ဖြတ်ကျော်ပြီးမှ ဖားကန့်မြို့ထဲဝင်ရောက်နိုင်တာဖြစ်ပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ်အတွင်း စက်သုံးဆီများကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မေလနှောင်းပိုင်းမှစပြီး မြန်မာ – တရုတ်နယ်စပ် ကံပိုက်တည်ဂိတ်မှပြောင်းလဲတင်သွင်းရန် စစ်ကောင်စီကညွှန်ကြားခဲ့ပြီးနောက် နန့်စီးအောင်ဂိတ်ကနေ ဆီဘောက်ဆာကားများကို ဖြတ်သန်းခွင့်ပိတ်ခဲ့ရာကနေ ၂၀၂၅ ခုနှစ်ကုန်ပိုင်းကစပြီး ပြန်လည်ဝင်ခွင့်ပြုထားတာလည်းဖြစ်ပါတယ်။ By – Zami

    Read More »
  • 15 January
    သတင်း

    မြစ်ကြီးနားမြို့က လောင်းကစားဝိုင်းတစ်ခု လူဦးရေ ၄၀ ဝန်းကျင်ကို စစ်တပ်ကဖမ်းဆီးသွား

    ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ရှိ လောင်ကစားဝိုင်းတစ်ခုကို စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေဝင်စီးပြီး လောင်းကစားဝိုင်းဝန်ထမ်းများအပါ စုစုပေါင်း လူဦးရေ ၄၀ ဝန်းကျင်ကိုဖမ်းဆီးသွားတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီကနေ သိရပါတယ်။ ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၄ ရက် ည ၉ နာရီဝန်းကျင်မှာ တပ်ကုန်းရပ်ကွက်ရှိ Sun City လောင်းကစားဝိုင်းထဲ ရှောင်တခင်ဝင်ရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ ရပ်ကွက်နေပြည်သူအမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။ “ည ၉နာရီလောက်မှာ ကားတွေနဲ့ရောက်လာပြီး တစ်ခါထဲဖမ်းသွားတာ လောင်းကစားဆော့နေတဲ့သူတွေရော၊ဝန်ထမ်းတွေရော အားလုံးဖမ်းသွားတယ် ဖမ်းသွားတာ တော်တော်များတယ် ၄၀ လောက်တော့ရှိအနည်းဆုံး”လို့ ပြောပါတယ်။ ဒါ့အပြင် လောင်းကစားဝိုင်းအတွင်းရှိ ပစ္စည်းများအားလုံးကိုသိမ်းသွားပြီး ဖမ်းဆီးခံရသူတွေလည်း ဒီညနေထိ ပြန်လွတ်လာသူတစ်ဦးမှ မရှိသေးကြောင်း သူကဆက်ပြောပါတယ်။ စစ်ကောင်စီတပ်တွေဝင်စီးတဲ့ အဲဒီ Sun City လောင်းကစားရုံမှာ ငါးပစ်ဂိမ်း၊ ရှမ်းကိုးမီး၊ လောင်းကစားအမျိုးပေါင်းစုံဆော့ကစားလို့ရပြီး ၂၄ နာရီလုံးကစားလို့ရတဲ့နေရာဖြစ်တယ်လို့ သိရပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း လောင်းကစားဝိုင်းပေါင်း ၄၀ ဝန်းကျင်ရှိပြီး လောင်းကစားဝိုင်းအများပိုင်းကိုတော့ စစ်တပ်က တရားဝင်ဖွင့်ခိုင်းတာတွေရှိတယ်လို့ သိရပါတယ်။ ခုလိုလောင်းကစားဝိုင်းပေါများလာာတာကြောင့် ခိုးဆိုးလုယက်မှု၊လူသတ်မှု၊ဓါးပြတိုက်မှုတွေခပ်စိပ်စိပ်ဖြစ်နေတဲ့အတွက် မြစ်ကြီးနားမြို့နေပြည်သူတွေကတော့ လောင်းကစားဝိုင်းတွေအားလုံးကို ဖမ်းဆီးအရေးယူသင့်ကြောင့် ပြောဆိုမှုတွေရှိနေပါတယ်။ “ဖမ်းသင့်တယ် အားလုံးဖမ်းသင့်တယ် အဲဒီလောင်းကစားဝိုင်းကြောင့်ပဲ ဘဝတွေပျက်နေကြတာ ဒီရက်ပိုင်းဆို လောင်းကစားဝိုင်းအပြင် လိုင်းကနေ အကောင့်ဟက်ပြီး ငွေလိုက်လိမ်တာတွေများလာတယ်”လို မြစ်ကြီးနားမြို့မှာနေထိုင်တဲ့အမျိုးသမီးငယ်တစ်ဦးကပြောပါတယ်။ ဒါ့အပြင် မြစ်ကြီးနားမြို့မှာ ခုလိုလောင်းကစားဝိုင်းတွေပေါများလာတာအပြင် နောက်ထပ် အွန်လိုင်းငွေလိမ်လှယ်မှုတွေကလည်း ခပ်စိပ်စိပ်ထွက်ပေါ်လာနေပါတယ်။ ဒါကြောင့် မြစ်ကြီးမြို့ခံတစ်ချ်ို့သုံးသပ်တာက မြစ်ကြီးနားမြို့မှာ အပြင်မှာဆော့လို့ရတဲ့လောင်းကစားရုံအပြင် အွန်လိုင်းကနေ ငွေလိမ်လှယ်တဲ့အဖွဲ့တွေရှိနေပြီလို့ သုံးသပ်နေကြပါတယ်။ By – Zami

    Read More »
  • 14 January
    သတင်း

    တနိုင်း ပယင်းမှော်ဒေသမှာ စစ်တပ်က ပြည်သူတွေကို ဖမ်းဆီးရိုက်နက်ပြီး တန်ဖိုးရှိပစ္စည်းတွေသိမ်းယူနေ

    ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai Law)မှော်တွေမှာ စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက မှော်ဒေသတွင်းကျန်ရှိနေတဲ့ ပြည်သူတွေကို ဖမ်းဆီးရိုက်နက်ပြီး တန်ဖိုးရှိပစ္စည်းတွေကို လိုက်လံသိမ်းယူပေးနေတယ်လို့ မှော်ဒေသမှာနေတဲ့ပြည်သူတွေကနေ သိရပါတယ်။ ဇန်နဝါရီလ…

    Read More »
  • 14 January
    သတင်း

    မြစ်ကြီးနားမှာ အမျိုးသမီးတစ်ဦးအုပ်စုဖွဲ့မုဒိန်းမှုကျူးလွန်ထဲ ၆ ဦးအနက် ၃ ဦးဖမ်းဆီးရမိ

    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ အမျိုးသမီးတစ်ဦးကိုအုပ်စုဖွဲ့မုဒိန်းမှုကျူးလွန်သူ ၆ ဦးထဲက ၃ ဦးကိုဖမ်းဆီးရမိထားကြောင်း မြို့ခံတွေဆီကနေ သိရပါတယ်။ ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက် ည ၈ နာရီမှာဖြစ်ခဲ့တာဖြစ်ပြီး  အသက် ၄၀ အရွယ်အမျိုးသမီးနှစ်ဦးနဲ့ အသက်၂၁ နှစ်အရွယ်အမျိုးသမီးတစ်ဦးတို့ စီတာပူရပ်ကွက်ကအပြန် နေအိမ်အပြန် ဂျပန်လမ်းတစ်နေရာမှာ နှာခေါင်းစီးထားတဲ့ အမျိုးသား ၆ ဦးက တားဆီးရိုက်နှက်ပြီး အမျိုးသမီးငယ်တစ်ဦးကို မုဒိန်းကျင့်သွားတာဖြစ်ပါတယ်။  အဲဒီဖြစ်စဉ်ဖြစ်ပြီး ၃ ရက်မြောက်နေ့မှာတော့  စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲတွေလိုက်လံစုံစမ်းရာ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် KTV တစ်ခုမှာ လုယူသွားတဲ့ကားကိုလာပေါင်ရာကနေ ပြစ်မှုကျူးလွန်သူတစ်ဦးကိုအရင်ဆုံးဖမ်းမိပြီး နောက်ထပ်နှစ်ဥိီးကို စက်မှုရပ်ကွက်မှာ ထပ်ဖမ်းမိတာဖြစ်တယ်လို့ မြစ်ကြီးနားမြို့ခံအမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။ “သူတို့လုသွားတဲ့ကားကို KTV မှာ ကားလာပေါင်တဲ့ကိစ္စကနေမိတာ ကားအရင်မိတယ် ပြီးမှ ကွင်းဆက်ပြန်လိုက်တော့ ပထမဆုံးတစ်ယောက်ကိုမိတယ်။ အဲမိတဲ့သူကို စစ်မေးတဲ့နောက် နှစ်ယောက်ကိုတော့ စက်မှုရက်ကွက်အိမ်တစ်အိမ်မှာထပ်မိတာလို့ သိရတယ်”လို့ ပြောပါတယ်။ ဒီဇင်ဘာလ ၂၅ ရက်ည ဖြစ်စဉ်ထဲမှာ အဲဒီအမျိုးသား ၆ ဦးက အမျိုးသမီးသုံးဦးကိုတားဆီး ရိုက်နှက်တာအပြင် နောက်ထပ် လမ်းမပေါ်ဖြတ်သွားတဲ့အိမ်စီးကားတစ်စီးကို သေနတ်ပစ်ခတ်တားဆီးပြီး ကားရော၊ကားမောင်းသူအမျိုးသားတစ်ဦးကို ထပ်ပြီးဖမ်းခေါ်သွားတာဖြစ်ပါတယ်။ ဖမ်းဆီးခံသွားရတဲ့အမျိုးသားလည်း ဒီဇင်ဘာ ၃၁ ရက်မှာသေဆုံးသွားပြီဖြစ်ကြောင်း မိသားစုဝင်တွေက လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် မြစ်ကြီးနားမြို့ပေါ်မှာ လောင်းကစားဝိုင်းပိုပြီးများလာသလို မူးယစ်ဆေးရောင်းဝယ်သုံးစွဲဖောက်ကားမှုတွေကလည်း တစ်နေ့ထက်တစ်နေ့ဆိုးရွားလာနေပါတယ်။ ခုလိုလောင်းကစားဝိုင်း၊မူးယစ်ဆေးဝါးပိုများလာတဲ့နောက်ဆက်တွဲ ခိုးဆိုးလုယက်မှု၊ လူသတ်မှုတွေကလည်း ခပ်စိပ်စိပ်ဖြစ်နေတဲ့အတွက် မြစ်ကြီးနားမြို့ပြည်သူတွေဟာ လမ်းသွားလမ်းလာရာမှာလည်း စိုးရိမ်စိတ်နဲ့သွားလာနေရတယ်လို့ နောက်ထပ်အမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။ “အဲဒီဂျပန်လမ်းဘက်ဆိုခုနောက်ပိုင်းဖြတ်တောင်မဖြတ်ရဲလာဘူး တကယ်ကြောက်တယ်။ နေ့လည်နေ့ခင်းလည်း သွားလာဖို့တောင်မှ အရေးမကြီးရင်မထွက်ဘူး။ မြစ်ကြီးနားမှာက တကယ်မလုံခြုံတော့ဘူး အစစရာရာကြောက်နေရတယ်”လို့ ပြောပါတယ်။ မြစ်ကြီးနားမြို့ဟာ ကချင်ပြည်နယ်ရဲ့မြို့တော်ဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်နဲ့ KIA တို့အကြား ပြင်းထန်တဲ့တိုက်ပွဲကြောင့် တိုက်ပွဲဧရိယာထဲကပြည်သူတွေဟာ မြို့ပေါ်မှာ အများပိုင်းစစ်ဘေးရှောင်နေကြတာဖြစ်ပါတယ်။ ဒါ့အပြင် စစ်တပ်ဘက်ကလည်း မြစ်ကြီးနားမြို့အဝင်အထွက်တွေကို ယခင်ထက် ပိုပြီးစစ်ဆေးမှုတင်းကြပ်ပြီး မြို့တွင်းရပ်ကွက် လမ်းဆုံ၊လမ်းခွနေရာတွေမှာ ရှောင်တခင်စစ်ဆေးတာတွေရှိပေမယ့် ခုလိုပြစ်မှုကျူးလွန်သူတွေကိုတော့ ထိထိရောက်ရောက်အရေးယူနိုင်တာ အလွန်နည်းနေသေးတာလည်းဖြစ်ပါတယ်။ By – Zami

    Read More »
  • Dec- 2025 -
    10 December
    သတင်း

    ပူတာအိုမှာ ဖမ်းဆီးခံလိုက်ရတဲ့ Starlink wifi စက်အလုံးရေ ၆၀ အထိရှိလာပြီး ဆက်ပြီးလိုက်လံဖမ်းဆီးနေဆဲ

    ကချင်ပြည်နယ် ပူတာအိုမြို့မှာ စစ်ကောင်စီတပ်က Starlink Wifi စက်တွေလိုက်ဖမ်းနေကြောင်း ဒေသခံများထံမှ သိရပါတယ်။ ပူတာအိုမြို့ပေါ်နဲ့ မြို့အနီးဝန်းကျင်ကျေးရွာတွေမှာ ဖွင့်ထားတဲ့ Starlink wifi စက်တွေကို  ဒီဇင်ဘာလ ၈ ရက်နေ့ မနက်ပိုင်းကစပြီး  လိုက်ပြီးဖမ်းနေတာလို့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “အကုန်လိုက်ဖမ်းတယ် ဘယ်တော့ပြန်ပေးမလဲတော့မသိရသေးဘူး။ခုမြို့ထဲမှာဖွင့်ထားတဲ့စက်တွေကော ရွာဘက်ကဆိုင်တွေကော အကုန်လိုက်စစ်တယ် အခုလောလောဆယ်တော့အကုန်လုံးပိတ်ထားတယ်”လို့ အသက် ၄၀ ကျော်အရွယ် မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီက Starlink wifi စက်တွေကို လိုက်ဖမ်းနေတာကြောင့် လက်ရှိပူတာအိုမြို့ပေါ်က Starlink wifi ဖွင့်ထားတဲ့ဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာဖွင့်ထားတဲ့ wifiတွေနဲ့ အိမ်သုံးတပ်ထားတဲ့ wifi တွေကအစ ပိတ်ထားရကြောင်း သိရပါတယ်။ ပူတာအိုမြို့ပေါ်မှာ Starlink wifi စက်တွေကို ခုလိုရုတ်တရက်လိုက်လံဖမ်းဆီးနေတာနဲ့ပတ်သက်ပြီး ပူတာအို ခ.လ.ရ ၄၆ တပ်နဲ့နီးစပ်တဲ့အမျိုးသားတစ်ဦးက KNG ကိုအခုလိုပြောပါတယ်။ “အသိလည်းမပေးဘူးရုတ်တရက်ကြီးကိုဝင်စစ်ဝင်သိမ်းလုပ်သွားတာ အခြေနေကတော့အမျိုးမျိုးကြားနေရတယ် မ. ပ.ခ ကနေဒုတိုင်းမှူးလာမှာမလို့လည်း ကြားရတယ်။ ရွေးကောက်ပွဲနီးလာလို့လည်း ကြားရတယ်။ ဘာကြောင့်ပိတ်ခိုင်းတာလဲဆိုတာအတိအကျတော့မသိရဘူး”လို့သူကပြောပါတယ်။ လတ်တလော ပူတာအိုမြို့မှာ စတားလင့်တွေကို လိုက်လံဖမ်းဆီးနေဆဲဖြစ်တယ်လို့သိရပြီး ဖမ်းထားတဲ့စတားလင့်စက်အလုံးရေ ၆၀ ဝန်းကျင်ခန့်ရှိနိုင်တယ်လို့လည်း အထက်မှာဖော်ပြတဲ့ ပူတာအို ခ.လ.ရ ၄၆ တပ်နဲ့နီးစပ်တဲ့အမျိုးသားက ဆက်ပြောပါတယ်။ ပူတာအိုမြို့နဲ့ဝေးတဲ့ လုံရှာယာန်၊ ဖက်မာ၊ နမ်ထူခူးစတဲ့ကျေးရွာတွေဘက်မှာတော့ လိုက်လံသိမ်းဆည်းတာမျိုးမရှိသေးကြောင်းသိရပါတယ်။ လက်ရှိပူတာအိုမြို့ခံတွေဟာ Mytel ဆင်းမ်ကဒ်နဲ့ အင်တာနက်အသုံးပြုရဖို့အတွက် ဖုန်းအရောင်းဆိုင်တွေမှာ VPN ဝယ်ပြီးသုံးနေရကြောင်း သိရပါတယ်။ “Mytel နဲ့ရတယ် ဒါပေမယ့် vpn ဝယ်သုံးရတယ် တစ်သောင်းနဲ့ဝယ်ရတယ်သူတို့ပေးတဲ့VPN နဲ့ ပြီးတော့ File သီးသန့်ချပေးသေးတယ်အဲ့ဖိုင်ထည့်သုံးမှရတယ်”လို့ မြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။ ဒေသခံတွေသုံးချက်အရ ရွေးကောက်ပွဲနီးကပ်လာလို့ပိတ်တာလည်းဖြစ်နိုင်သလို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးရဲ့ခရီးစဥ်ရှိတာကြောင့်ပိတ်တာလည်းဖြစ်နိုင်ကြောင်း ပြောဆိုနေကြပါတယ်။ ပူတာအိုမြို့အပါအဝင် မြစ်ကြီးနား၊ တနိုင်း၊နောင်မွန်၊ခေါင်လန်ဖူး၊ မိုးညင်းစတဲ့မြို့နယ်တွေမှာတော့ လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာရွေးကောက်ပွဲကျင်းပဖို့ရှိပြီး ကျန်တဲ့မြို့နယ်တွေမှာတော့ Starlink Wifi စက်တွေပုံမှန်အတိုင်းအသုံးပြုလို့ရနေဆဲလို့သိရပါတယ်။ စစ်ကောင်စီဟာကချင်ပြည်နယ် ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန်လကုန်ပိုင်းကတည်းက ဖုန်းဆက်သွယ်ရေးလိုင်းနဲ့အင်တာနက်လိုင်းတွေဖြတ်တောက်ခဲ့တာဖြစ်ပါတယ်။…

    Read More »
  • Oct- 2025 -
    20 October
    သတင်း

    ဆိုင်ကယ်ပျောက်သံသယနဲ့ ပကဖလက်ထဲမှာသေဆုံးသွားတဲ့ အမျိုးသားအမှု ကျပ်သိန်း ၁၅၀ နဲ့ကျေအေး

    စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်မှာ ဆိုင်ကယ်ပျောက်မှုသံသယနဲ့ အင်းတော်ပကဖရဲ့ ဖမ်းဆီးစစ်ဆေးခံရချိန် သေဆုံးခဲ့ရတဲ့ အမျိုးသားအမှုအတွက် ကျန်ရစ်တဲ့မိသားစုကို ကျပ်သိန်း ၁၅၀ ပေးကျေအေးလိုက်တယ်လို့ ဒေသခံတချို့က KNG ကိုပြောပါတယ်။ ငွေပေးကျေအေးခိုင်းသူဟာ ကသာခရိုင်ပအဖ (ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့) တာဝန်ခံဖြစ်ပြီး သေဆုံးသူကိုဇော်ထွေးရဲ့ ဦးလေးတော်စပ်သူဖြစ်တယ်လို့…

    Read More »
  • 10 October
    သတင်း

    ရွေးကောက်ပွဲအတွက် မြစ်ကြီးနားမြို့ရပ်ကွက်ရုံးတစ်ချို့နဲ့မြို့ပေါ်ရပ်ကွက်တွေမှာ လုံခြုံရေးပိုတင်းကြပ်လာ

    လာမယ့် ဒီဇင်ဘာလကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲနီးလာချိန် စစ်ကောင်စီတပ်ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း ရပ်ကွက်ရုံးတစ်ချို့နဲ့မြို့ပေါ်ရပ်ကွက်တွေမှာ လုံခြုံရေးတိုးမြင့်ပြီး ဖမ်းဆီးစစ်ဆေးမှုပိုတင်းကြပ်လာနေတယ်လို့ ဒေသခံတွေပြောပါတယ်။ မြစ်ကြီးနားမြို့ပေါ်ရပ်ကွက် ၃၃ ရပ်ကွက်ရှိတဲ့ထဲက မြို့အစွန်ရပ်ကွက်ဖြစ်တဲ့ ရွှေစက်အုပ်ချုပ်ရေးရုံးမှာ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းကစပြီး ရုံးဝင်းအတွင်း သဲအ်ိတ်တွေနဲ့ကာထားတဲ့အပြင် အရပ်ဝတ်နဲ့သေနတ်ကိုင်ထားတဲ့သူတွေကိုလည်း ပုံမှန်မြင်တွေ့လာရတယ်လို့ မြို့ခံအမျိုးသမီးတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “ဒီရွှေစက်အုပ်ချုပ်ရေးရုံးမှာဆိုရင် အရင်ကမရှိဘူး ခုက သဲအိတ်တွေနဲ့ဖြစ်လာပြီ။ ပြီးတော့ အရင်ကမမြင်ဖူး၊မတွေ့ဖူးတဲ့သူတွေလည်း သေနတ်တကားကားနဲ့ပုံမှန်စောင့်နေတာရှိတယ်။ တစ်ခါတစ်လေရုံးရှေ့နားထွက်လာပြီး လမ်းသွားလမ်းလာပြည်သူတွေကို စစ်တာတွေရှိတယ်။ အဓိကတော့ ရုံးထဲမှာအရင်ကနဲ့မတူတဲ့ပုံစံတွေမြင်တွေ့လာရတယ်။ အမှန်ဆိုဒီရွှေစက်ရပ်ကွက်က မြို့တွင်းရပ်ကွက်လို့ပြောလို့ရပါသေးတယ် ဒီလိုရပ်ကွက်ရုံးတွေမှာ သေနတ်ကြီးတကားကားနဲ့မဖြစ်သင့်ဘူးလို့မြင်တယ်”လို့ ပြောပါတယ်။ ခုလိုရွှေစက်ရပ်ကွပ် အုပ်ချုပ်ရေးရုံးမှာ သိသိသာသာလုံခြုံရေးတိုးမြင့်လာသလို ည (၈) နောက်ပိုင်းဆို ရုံးရှေ့ထွက်ပြီး လမ်းသွားလမ်းလာပြည်သူတွေကို မှတ်ပုံတင်စစ်တာ၊ဆိုင်ကယ်၊ကားတွေကို စစ်ဆေးတာပုံမှန်လုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။ ရွှေစက်ရပ်ကွက်နေပြည်သူတွေသုံးသပ်ချက်အရ အုပ်ချုပ်ရေးရုံးအတွင်း ခုလိုလုံခြုံရေးတင်းကြပ်လာတာဟာ ရွေးကောက်ပွဲနီးလာတဲ့အတွက် အုပ်ချုပ်ရေးရုံးအဖွဲ့တွေကို လုံခြုံရေးယူပေးတာဖြစ်နိုင်သလို မြို့အဝင်အထွက် စီစစ်ဖို့ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ ဒါ့အပြင် အုပ်ချုပ်ရေးရုံးအတွင်း လုံခြုံရေးပေးနေသူတွေဟာ ရွှေစက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေမဟုတ်ပဲ ပြည်သူ့စစ်အဖွဲ့ဝင် (ဒါမှမဟုတ်) ပျူစောထီးတွေဖြစ်နိုင်တယ်လို့ ခန့်မှန်းပြောဆိုကြပါတယ်။ အလားတူ မြို့အဝင်ရပ်ကွက်တွေဖြစ်တဲ့ မော်ဖောင်းရပ်ကွက်ရုံးနဲ့ ဧရာဝတီမြစ်ကမ်းဘေး ကြက်ပေါင်ခြံရပ်ကွက်တွေမှလည်း ခုနောက်ပိုင်း လုံခြုံရေးတင်းကြပ်လာတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ မြို့အဝင်အထွက် ဂိတွေအပြင် မြို့တွင်း ကား၊ဆိုင်ကယ် လိုင်စင်မဲ့ယာဉ်ဖမ်းဆီးစစ်ဆေးရုံသာမက မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေမှာ လုံခြုံရေးတိုးမြင့်လာတဲ့အပေါ် မြစ်ကြီးနားမြို့တွင်းနေထိုင်တဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦး ခုလိုသုံးသပ်ထားပါတယ်။ “ခုကရွေးကောက်ပွဲလုပ်ဖို့ရာနီးလာတော့ တစ်နေ့ထက်တစ်နေ့လုံခြုံရေးက ပိုတင်းကြပ်လာမှာပဲ။ ဒီထက်တောင်ဆိုးလာနိုင်တယ် ဘာလို့လဲဆိုရင် ရွေးကောက်ပွဲအတွက် ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေက အဓိကအခန်းကဏ္ဍမှာပါဝင်တယ်။ မဲစာရင်းထုတ်ပြန်တာတို့၊ လူဦးစာရင်းပြုစုပေးတာတို့က ရပ်ကွက်ရုံးတွေလုပ်တာကိုး ဒါကြောင့် ကျနော့်အမြင်ကတော့ ရွေးကောက်ပွဲနီးလာလေ ပိုဆိုးလာနိုင်တယ်လို့ပဲမြင်ပါတယ်”လို့ ပြောပါတယ်။ မဲမသာမှုအကြောင်းပြပြီး အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီတပ်ဟာ လာမယ့်ရွှေးကောက်ပွဲမတိုင်ခင် ၃ လအတွင်း ကချင်ဒေသတွင်းလက်လွှတ်လိုက်ရတဲ့ နေရာတွေကိုပြန်ရဖို့ စစ်ရေးအရ ထိုးစစ်ဆင်တာ သိသိသာသာလုပ်ဆောင်နေသလို တစ်ဖက်မှာလည်း မြို့တော်မြစ်ကြီးနားမြို့တွင်း အရပ်သားဖမ်းဆီးစစ်ဆေးတာ၊ ဗလမင်းထင်တံတားမှာ စစ်ဆေးရေးတင်းကြပ်တာအပြင် စက်တင်ဘာလနှောင်းပိုင်းကစပြီး ရပ်ကွက်အုပ်ချုပ်ရေးတစ်ချို့လုံခြုံရေးတိုးမြင့်လာနေတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် မြို့တွင်းရပ်ကွက်တွေမှာလည်း စစ်ကောင်စီတပ်ဖွဲ့၊ရဲတွေဟာ အိမ်စီးကားနဲ့ ရပ်ကွက်ချင်းစပ်နေရာတွေမှာ ရှောင်တခင်စစ်ဆေးတာတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ သိရပါတယ်။ ခုလိုဖမ်းဆီးစစ်ဆေးချိန် အင်တာနက်လိုင်းဖြတ်တောက်ထားပေမယ့် စစ်ကောင်စီပူးပေါင်းတပ်တွေဟာ ကားထဲအသင့်တပ်ဆင်ထား စတားလင့်အသုံးပြုပြီး လမ်းသွားလမ်းလာပြည်သူတွေရဲ့ဖုန်းတွေကို အလွယ်တကူဖမ်းဆီးစစ်ဆေးတာမျိုးလည်း ခပ်စိပ်စိပ်တွေ့လာရတယ်လို့ မြို့ခံအမျိုးသားတစ်ဦး KNG ကိုခုလိုပြောပါတယ်။ “သူတို့ကားထဲမှာစတားလင့်အသင့်တပ်ထားတာ စစ်ဆေးခံရပြီဆိုတာနဲ့ တစ်ခါထဲ ဖုန်းကိုဝိုင်ဖိုင်ချိတ်ပေးပြီး စစ်တော့တာပဲ။ လိုင်းမရဘူး ငါ့ဖုန်းတော့ စစ်မှာမဟုတ်ဘူးလို့မထင်ကြနဲ့ ခုက သူတို့ကားထဲမှာဝိုင်ဖိုင်စတားလင့်ကတပ်ထားပြီးသားဟုတ်တယ်”လို့ ပြောပါတယ်။  စစ်ကောင်စီတပ်ဟာ လာမယ့် ၂၀၂၅…

    Read More »
  • 8 October
    သတင်းဆောင်းပါး

    လက်နက်ကိုင်တပ်ဖွဲ့တွေကြား ရှင်သန်ဖို့ခက်ခဲလာတဲ့ ဖားကန့်ပြည်သူများ

    “KIA ကနေ စစ်မှုထမ်းဖို့အတွက် တပ်သားစုဆောင်းနေတာက ရည်ရွယ်ချက်ရှိပါတယ်။ တစ်ခုက စည်းလုံးညီညွှတ်ဖို့ရယ်။ နောက်ပြီး ငြင်းဆန်တာတွေရှိရင် ကြမ်းတမ်းတဲ့နည်းလမ်းတွေ အသုံးပြုပါတယ်။ ဒါဆိုရင် ဘယ်သူတွေကို ဖမ်းသလဲဆိုရင် များသောအားဖြင့် ပထက ကချင်လူမျိုးတွေက စစ်မှုမထမ်းမနေရ လုပ်နေတာဖြစ်တဲ့အတွက် ခေါ်ပါတယ်။  ပြီးရင် ကချင်ပြည်နယ်မှာ နေထိုင်ကြတဲ့ ဘယ်လူမျိုးမဆို တော်လှန်ရေးလုပ်ငန်းမှာ ပါဝင်ဖို့ ခေါ်ပါတယ်။ ဒီတော်လှန်ရေးလုပ်ငန်းက အားလုံးမှာတာဝန်ရှိပါတယ်”လို့ပြောပါတယ်။

    Read More »
  • Sep- 2025 -
    23 September
    သတင်း

    ဖားကန့်စစ်ရှောင်ပြည်သူတွေ အလံဖြူထောင်ပြီး မြစ်ကြီးနားဘက် ထွက်ခွာတိမ်းရှောင်

    ဖားကန့်မှာစစ်ရေးကြောင့် တိုက်ပွဲဧရိယာအတွင်းပါဝင်နေတဲ့ ဆိုင်းတောင်(ဆိပ်မူ) ကျေးရွာအပါ ဖားကန့်မြို့ပေါ်နဲ့ နီးစပ်တဲ့ ကျေးရွာအများပိုင်း အလံဖြူ‌ထောင်ပြီး ဖားကန့်ကနေ မြစ်ကြီးနားမြို့ပေါ်ဘက်ကို တိမ်းရှောင်နေကြဆဲဖြစ်တယ်လို့ သိရပါတယ်။ တိုက်ပွဲကဖားကန့် ဆိုင်းတောင်ကျေးရွာဘက်ကို ဦးတည်နေပြီး လက်နက်ကြီးပစ်ခတ်တာတွေ၊ လမ်းသွားလမ်းလာ စုဆောင်းရေးဖမ်းဆီးခံရတာတွေ ပိုပြီးဆိုးရွာလာတာကြောင့် လုံခြုံရေးအတွက်…

    Read More »
  • 5 September
    သတင်း

    မြစ်ကြီးနားမှာ လိုင်စင်မဲ့ယာဉ်ဖမ်းဆီးမှု‌ကြောင့် ပြည်သူတွေ ပိုကြပ်တည်းနေ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကား၊ဆိုင်ကယ်ဖမ်းဆီး‌တာကို ပြင်းပြင်းထန်ထန်လုပ်နေတဲ့အတွက် မြစ်ကြီးနားမြို့ပြည်သူတွေ သွားလာရေးပိုခက်လာတယ်လို့ ဒေသခံပြည်သူတွေ ပြောပါတယ်။ ခုဆိုရင် ကား၊ ဆိုင်ကယ်လိုင်စင်မဲ့ယာဉ်တွေဖမ်းဆီးနေတာ ၃ လဝန်းကျင်ရှိလာပြီး ဖမ်းဆီးမိတဲ့ ဆိုင်ကယ်တစ်စီးကို ကျပ်သုံးသောင်းကနေ ကျပ် ၅သိန်းဝန်းကျင်ထိ တစ်နေရာနဲ့ တစ်နေရာ…

    Read More »
Back to top button