ဗန်းမော်
-
Sep- 2024 -2 Septemberသတင်း
မိုးမောက်တပ်ကို စစ်ကောင်စီပြန်လည်သိမ်းယူလိုက်တယ်ဆိုတဲ့ သတင်းဟာ သတင်းအမှားဖြစ်တယ်လို့ KIO ပြော
ဗန်းမော်ခရိုင် မိုးမောက် ခမရ ၄၃၇ တပ်ရင်းတစ်ခုလုံးကို စစ်ကောင်စီဘက်က ပြန်လည်ထိုးစစ်ဆင်ထိန်းချုပ်လိုက်ပြီးဆိုတဲ့ သတင်းဟာ သတင်းအမှားသာဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ပြောပါတယ်။ “မိုးမောက်နဲ့ ဗန်းမော်ကြားမှာ ဖြစ်နေတဲ့တိုက်ပွဲက ၆ မိုင်ကုန်းဆိုတဲ့ နေရာမှာ ဒီကနေ့ အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေသေးတယ်။ စစ်ကောင်စီတပ်ဘက်ကနေ ထိုးစစ်ဆင်ပြီး သိမ်းယူတာမရှိသေးပါဘူး။ လော်ဘီသတင်းတွေပါ”လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ KNG ကိုပြောပါတယ်။ မိုးမောက် ၄၃၇ ကိုလက်လွတ်လိုက်ရတဲ့နောက် စစ်ကောင်စီတပ်ဟာ ဒီကနေ့ စက်တင်ဘာလ ၂ ရက်နေ့အထိ ဗန်းမော်ဘက်ကနေ စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်တိုက်ခိုက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ KIA ပူးပေါင်းတပ်တွေ ၆ မိုင်ကုန်းနေရာမှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။ KIA တပ်တွေ မိုးမောက်ကို သိမ်းပိုက်ပြီးနောက် ဩဂုတ်လ ၂၄ ရက်နေ့မှာ စစ်ကောင်စီတပ်တွေက ဗန်းမော်ဘက်ကနေ တင့်ကားအပါ စစ်အင်အားအလုံးအရင်းနဲ့ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ဗန်းမော်နဲ့ မိုးမောက်ကြားက ၆ မိုင်ကုန်းနေရာမှာ တိုက်ပွဲဖြစ်နေတာ ၁၀ ရက်ခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။ ဩဂုတ်လ ၃၀ ရက်နေ့မှာ ‘KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို သိမ်းပိုက်ထားပြီး ၄ ရက်အကြာမှာ စစ်ကောင်စီတပ်တွေ ပြန်လည်သိမ်းယူလိုက်ပြီလို့ စစ်တပ်ထောက်ခံသူတွေ အသုံးပြုတဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်တွေမှာ ရေးသားဖော်ပြခဲ့ရာကနေ Facebook, Telegram, Wechat အသုံးပြုတွေဆီမှာ ပျံနှံ့သွားတာဖြစ်ပါတယ်။ အခုလို မိုးမောက်တပ်စခန်းကို စစ်ကောင်စီတပ်တွေ သိမ်းပိုက်လိုက်ပြီဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးလည်း ဆက်ဆိုပါတယ်။ “သတင်းဆိုက်ဝါးဖြစ်အောင်လုပ်နေတာ။ အခုတိုက်ပွဲဖြစ်နေတာက ၆ မိုင်နဲ့ ၇ မိုင်ကြားမှာ ဖြစ်နေသေးတယ်။ မိုးမောက်တပ်ရှိတဲ့ဘက်ကို မရောက်နိုင်သေးဘူး။ KIA တပ်တွေလည်း ကျော်တက်လို့မရအောင် ပိတ်ဆို့တိုက်ခိုက်နေတယ်”လို့ပြောပါတယ်။ မိုးမောက်တပ်ကို စစ်ကောင်စီတပ်တွေ ပြန်လည်သိမ်းယူလိုက်ပြီဆိုတဲ့ သတင်းအမှားတွေကြောင့် ပြည်သူလူထုတစ်ချို့ကလည်း ထင်ယောင်ထင်မှားဖြစ်နေကြတာကိုလည်း မြင်တွေ့ရပါတယ်။ မိုးမောက် ခမရ ၄၃၇ စခန်းကို KIA ပူးပေါင်းတပ်တွေ ၄ လကြာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ဩဂုတ်လ ၁၉ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ထားတာလည်းဖြစ်ပါတယ်။ By –…
Read More » -
Aug- 2024 -28 Augustဆောင်းပါး
ဗန်းမော်ခရိုင်တစ်ခုလုံး လွတ်မြောက်တော့မှာလား
မိုးမောက်မြို့စောင့်တပ်ဖြစ်တဲ့ ခမရ ၄၃၇ တပ်ကို KIA ပူးပေါင်းတပ် သိမ်းလိုက်တဲ့နောက်တစ်ဆက်တည်းမှာဘဲ ဗန်းမော်မြို့ကို ချက်ချင်း သိမ်းပိုက်တော့မလားဆိုတဲ့အကြောင်းမှာလူစိတ်ဝင်စားမှု အများဆုံးဖြစ်ခဲ့ပါတယ်။ ဩဂုတ်လ ၁၉ ရက်နေ့ ဗန်းမော်မြို့နဲ့ အနီးဆုံး၊ မိုးမောက်မြို့ နောက်ဆုံးခံတပ် ခမရ ၄၃၂…
Read More » -
27 Augustသတင်း
မံစီမြို့နယ် ကိုင်းထိပ်ဒေသမှာ KIO မြေရှားတူးဖို့ပြင်ဆင်နေ
မြေရှားသတ္တုတူးဖော်ဖို့ ပြင်ဆင်နေတဲ့နေရာဟာ မန်ဝိန်းကြီးနဲ့ ၂၁ မိုင်အကွာ အင်ဘာပါဒေသနဲ့ တစ်ဆက်တည်းရှိပြီး KIA တပ်မဟာ ၁၁ နယ်မြေထဲရှိတာဖြစ်ပါတယ်။
Read More » -
26 Augustသတင်း
သက်ကြီးရွယ်အိုနဲ့ ကျန်းမာရေးအားနည်းသူများ ကြိုတင်တိမ်းရှောင်ကြဖို့ ဗန်းမော်ကာကွယ်ရေးတပ် သတိပေး
ကချင်ပြည်နယ် ဗန်းမော်မြို့တွင်းလက်ရှိစစ်ရေးအခြေနေတွေကြောင့် သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေး အားနည်းသူတွေ ကြိုတင်တိမ်းရှောင်ကြဖို့လုပ်ဆောင်သင့်တယ်လို့ ဗန်းမော်မြို့နယ် ကာကွယ်ရေးတပ်ဘက်က ပြောပါတယ်။ ဗန်းမော်မြို့တွင်းမှာရှိနေတဲ့ စစ်ကောင်စီတပ်တွေဟာ ဒီရက်ပိုင်းအတွင်း မြို့နဲ့ ၅ မိုင်ပတ်ဝန်းကျင်အကွာက တိုက်ပွဲဖြစ်နေတဲ့နေရာတွေကို လက်နက်ကြီးပစ်ခတ်တာတွေရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင် တိုက်ပွဲလုံးဝဖြစ်ပွားခြင်းမရှိတဲ့နေရာတွေကိုလည်း လက်နက်ကြီးပစ်ခတ်မှုဆက်တိုက်ရှိနေတာကြောင့်…
Read More » -
20 Augustသတင်း
ဗန်းမော်- မန္တလေးကားလမ်းပိုင်း ရက်အကန့်အသတ်မရှိပိတ်
ဗန်းမော်– မန္တလေးလမ်းပိုင်း ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီဖြစ်တယ်လို့ ဗန်းမော်ဒေသခံတွေဆီကနေ သိရပါတယ်။ ဩဂုတ်လ ၁၂ ရက်နေ့ကစပြီး ကသာခရိုင် အင်းတော်မြို့နယ်ထဲမှာ စစ်ရေးစတင်တင်းမာလာတဲ့အတွက် စစ်ကိုင်း– ကချင်အစပ် လမ်းပိုင်းအားလုံးကို တော်လှန်ရေးတပ်တွေဘက်က ပိတ်လိုက်တာဖြစ်တယ်လို့ ဗန်းမော်ဒေသခံတစ်ဦးက KNG ကိုခုလိုပြောပါတယ်။ “အင်းတော်မှာ စစ်ရေးတင်းမာလာတဲ့နေ့ကစလို့ ပိတ်လိုက်တာလို့ သိရပါတယ်။ ဒီနေ့ထိလည်း ပိတ်ထားတယ် ဘယ်နေ့ဖွင့်မလဲ အတိအကျမသိရသေးဘူး အင်းတော်မှာက တိုက်ပွဲပြင်းထန်နေဆဲဆိုတော့ လောလောဆယ်တော့ ဘယ်ကားမှမထွက်ဘူး။ လမ်းကတော့ တိုက်ပွဲပေါ်မူတည်နေပါတယ်”လို့ပြောပါတယ်။ ဗန်းမော်– မန္တလေးလမ်းပိုင်းကို ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ် စစ်ဆင်ရေးစတင်လာခဲ့တဲ့နေ့ကစပြီး ကားလမ်းသွားလာခွင့်ကို လက်နက်ကိုင်နှစ်ဖက်တပ်တွေ အကန့်အသတ်နဲ့သာသွားလာခွင့်ပြုတော့တာဖြစ်ပါတယ်။ ဒါကြောင့် ဗန်းမော်မြို့အတွင်းက ပြည်သူတွေဟာ ခုနောက်ပိုင်း ဗန်းမော်ကနေ စင်းခန်းအထိ စက်လှေသွားပြီး စင်းခန်းကနေတစ်ဆင့် ကသာ၊ အင်းတော်လမ်း– မဲဇာတောင်ကိုဖြတ် ဝန်းသို၊ကောလင်း၊ ကန့်ဘလူ၊ ခင်ဦ၊ရွှေဘို၊ ဝက်လက်၊ စစ်ကိုင်ကိုဖြတ်ပြီး မန္တလေးသွားရတာဖြစ်ပါတယ်။ ဒါပေမယ့် ဩဂုတ်လ ၁၂ ရက်နေ့ကစလို့ ကသာခရိုင်ထဲမှာ အင်းတော်မြို့နယ် မဲဇာတောင်ခြေနဲ့ အင်းတော်မြို့တွင်းထဲမှာ စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဖက်စစ်ရေးပြင်းထန်နေတာကြောင့် ကားလမ်းပိုင်းပိတ်လိုက်တာဖြစ်တယ်လို့ ဗန်းမော်ပြည်သူတစ်ဦးက ခုလိုပြောပါတယ်။ “ခုအဲဘက်မှာ တိုက်ပွဲက တော်တော်လေးပြင်းထန်နေတော့ ဘယ်ချိန်ပြန်ဖွင့်မလဲဆိုတာတော့ မသိရသေးပါဘူး။လောလောဆယ် ရေကြောင်းလမ်းတစ်ခုဘဲရတယ်ဗျ။ ကုန်စျေးနှုန်းတွေက ပြောမနေနဲ့တော့ မတက်တာဘာမရှိဘူး လောလောဆယ်က လိုင်ဇာဘက်ကနေ နည်းနည်းပါးပါးဝင်တာလောက်ဘဲရှိနေတယ်”လို့ ပြောပါတယ်။ လက်ရှိ ဗန်းမော်မြို့နယ်ထဲကို မန္တလေးဘက်က ကုန်ကားအဝင်တွေမရှိတော့ဘဲ လိုင်ဇာဘက်ကနေ စင့်ကင်ဘက်ကနေ ဝင်ရောက်တဲ့ကုန်အနည်းအကျဉ်းသာရှိတော့တဲ့အတွက် အခြေခံစားသောက်ကုန်တွေစျေးအဆမတန်မြင့်တက်နေတယ်လို့ ဗန်းမော်ဒေသခံတွေကပြောပါတယ်။ လတ်တလော ဗန်းမော်မှာ ကြက်ဥတစ်လုံး ၇၀၀ ဝန်းကျင်ထိရှိလာပြီး ဆန်၊ဆီ၊ဆားတွေကလည်း စျေးနှုန်း ၂ ဆခန့်မြင့်တက်လာတဲ့အပြင် တစ်ချို့အခြေခံစားသောက်ကုန်တွေပြတ်လပ်တဲ့အထိရှိလာနေတယ်လို့ သိရပါတယ်။ ဗန်းမော်မြို့ဟာ ကချင်ပြည်နယ်ရဲ့ ခရိုင်ရုံးစိုက်ရာမြို့ဖြစ်ပြီး ကုန်းကြောင်း၊လေကြောင်း၊ရေကြောင်းနဲ့အချက်ချာ ကျလှတဲ့မြို့ဖြစ်ပြီး တရုတ်နယ်စပ်နဲ့ မိုင် ၄၀ ခန့်အကွာ ၊ KIO အခြေစိုက်ရာ လိုင်ဇာမြို့ကလည်း ဗန်းမော်မြို့ရဲ့ အရှေ့မြောက်ဘက် မိုင် ၄၀ ဝန်းကျင်မှာရှိပြီး ဗန်းမော်ခရိုင်ကို မြို့နယ် ၄ မြို့နယ်နဲ့ဖွဲ့စည်းထားတာလည်း ဖြစ်ပါတယ်။ အဲဒီထဲက ဗန်းမော်မြို့နဲ့အနီးဆုံးမှာရှိတဲ့ မိုးမောက် ခမရ ၄၃၇ တပ်စခန်းကို KIA ပူးပေါင်းတပ် စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့စဉ် တိုက်ပွဲအတွင်း နှစ်ဖက်လက်နက်ကိုင်တပ်ရဲ့ လက်နက်ကြီးတွေ မြို့တွင်း၊မြို့ပြင် လက်နက်ကြီးကျပေါက်ကွဲတာကြောင့် အရပ်သားထိခိုက်သေဆုံးတာလည်း ပုံမှန်ရှိနေတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ဖုန်း၊အင်တာနက်လိုင်းပြတ်တောက်တာ၊ အခြေခံစားသောက်ကုန် အဓိကဝင်ရောက်တဲ့လမ်းတွေလည်း ပိတ်ထားတဲ့အတွက် ပြည်သူတွေ အဖက်ဖက်ကနေ ခက်ခဲနေကြတာလည်းဖြစ်ပါတယ်။ By – Zami
Read More » -
13 Augustသတင်း
ဗန်းမော်မှာ သုံးပတ်အတွင်း အရပ်သား ၈ ဦးသေ ၁၀ ဦးဒဏ်ရာရ
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ ဖုန်း၊အင်တာနက်၊ဝိုင်ဖိုင်ပြတ်တောက်နေတဲ့ ၃ ပတ်တာကာလအတွင်း လက်နက်ကြီးကျပေါက်ကွဲတာ၊ လေယာဉ်ဗုံးကြဲတာတွေကြောင့် အရပ်သား ၈ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်းခိုက်ဒဏ်ရာရရှိထားတယ်လို့ ဗန်းမော်မြို့ခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့ ဖုန်းအင်တာနက်ပြတ်တောက်သွားတဲ့နောက် ၃ ရက်အကြာ ဇူလိုင်လ ၂၄ ရက်နေ့ကစပြီး မိုးမောက် ခမရ ၄၃၇ ကို KIA ပူးပေါင်းတပ် တစ်ကျော့ပြန်ထိုးစစ်ဆင်လာရာကနေ တိုက်ပွဲအတွင်း နှစ်ဖက်လက်နက်ကိုင်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျပေါက်ကွဲတာ၊ စစ်တပ်ရဲ့လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၈ ဦးသေဆုံးပြီး နောက်ထပ် ၁၀ ဦးထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ဗန်းမော်မြို့ခံတွေဆီကနေ စုစည်းထားတဲ့သတင်းချက်လက်အရ သိရပါတယ်။ “ရက်စွဲ တိတိကျကျပြောဖို့ ခက်တယ် ဖုန်းလိုင်းကမရတာနဲ့ဆိုတော့ နီးစပ်ရာကတစ်ဆင့်သိရတာ တစ်ချို့ကျတော့ ဆေးရုံရောက်လူနာတွေဆီကနေ သိရတာတွေပါ။ ကျနော်တို့သိရတာထက် ပိုများရင်လည်း များနိုင်ပါတယ် ဘာလို့လဲဆိုတော့ လက်နက်ကြီးတွေက မြို့အထဲထိကျတာတွေရှိနေတယ်လေ။ ဗန်းမော်မြို့ပြင် စီဟတ်၊ကောင်ရာ၊ ပြီးတော့ နမ့်ဖိန်း၊တာမိုင်းလုံဘက်လည်း ကျတယ်။ ပြီးတော့ ရှမ်းဝိုင်းထဲက ညီအစ်မ နှစ်ယောက်ဆို ညီမဖြစ်သူက ဆီးစပ်ထိတယ် အစ်မဖြစ်သူက ရင်ညွန့်ထိတယ်။ သိမ်တော်ကြီးဘက်ကလည်း စစ်ရှောင်ကလေးကြီး ၃ ယောက်ထိတယ် တစ်ယောက်က ပွဲချင်းပြီးသေတယ်လို့ သိရတယ်”လို့ ဗန်းမော်ကနေ တစ်ခြားနေရာမှာရောက်နေတဲ့ ဗန်းမော်ဒေသခံတစ်ဦးအမျိုးသားတစ်ဦးက ပြောပါတယ်။ လက်နက်ကြီးနဲ့လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူတွေဟာ နမ့်ဖားကျေးရွာ ၁၉ နှစ်အရွယ် ယောကျာ်းလေးတစ်ဦးသေဆုံး ၊ ၂ မိုင် စာသင်ကျောင်းနား အမျိုးသား ၂ ဦးသေဆုံး၊စီဟတ် လေယာဉ်ဗုံးကြဲ ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးသေဆုံး၊ လယ်ပေါ်ဘုန်းကြီးကျောင်း လက်နက်ကြီးကျ ဥပဇင်း ၂ ပါးဒဏ်ရာရ၊ ၃ မိုင် လက်နက်ကြီးကျ ကလေးတစ်ဦးကျည်ထိမှန်ဒဏ်ရာရ ၊ မင်းလှလက်နက်ကြီးကျ အဖွားအိုတစ်ဦးသေဆုံး၊ နောင်ခိုကျေးရွာ လက်နက်ကြီးကျ အမျိုးသား တစ်ဦးသေ၊ သိမ်တော်ကြီး စစ်ရှောင်စခန်း လက်နက်ကြီးကျ စစ်ရှောင်ကလေး ၃ ဦးထိ တစ်ဦးသေ၊ ရှမ်းဝိုင်း လက်နက်ကြီးကျ ညီိအစ်မ ၂ ဦးကျည်ထိ၊ ပေါက်ကုန်း လက်နက်ကြီးကျ ကလေးတစ်ဦးသေဆုံး အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရ၊တာမိုင်းလုံ လက်နက်ကြီးကျပေါက်ကွဲပြီး အရပ်သား ၃ ဦးထိခိုက်ဒဏ်ရရှိထားတယ်လို့ ဗန်းမော်ပြည်သူတွေ ပေးပို့လာတဲ့ အချက်လက်အရ သိရပါတယ်။ လက်နက်ကြီး၊လေယာဉ်ဗုံးကြောင့် သေဆုံးတဲ့ အရပ်သား ၈ ဦးထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါ စုစုပေါင်း အမျိုးသမီး ၃ ဦးပါဝင်ပြီး၊ ကျန်တဲ့ ၅ ဦးထဲမှာ ကလေး ၂ ဦးနဲ့ အမျိုးသား ၃ ဦးဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ခုလိုလက်နက်ကြီးကျပေါက်ကွဲတာ၊ လေယာဉ်ဗုံးကြဲတာအပြင် ဗန်းမော်မြို့ဘက်ကို ဦးတည်လာနေတဲ့တိုက်ပွဲကြောင့် ဗန်းမော်မြို့ခံအများပိုင်း နေရပ်စွန့်ခွာထွက်ပြေးနေကြပေမယ့် ငွေကြေးခက်ခဲတဲ့ ပြည်သူတစ်ချို့နဲ့ ဗန်းမော်မြို့ခရိုင် မံစီ၊မိုးမောက်ဘက်က လာရောက် မြို့တွင်းစစ်ရှောင်သူတွေများနေတာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဖုန်း၊အင်တာနက်လိုင်းပြတ်တောက်နေတဲ့အတွက် ပြည်သူတွေဟာအဖက်ဖက်ကနေ အခက်ခဲမျိုးစုံကြုံတွေ့နေတာကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်တာတွေအထိ ဖြစ်လာတယ်လို့ ဗန်းမော်မြို့ခံ အမျိုးသမီးတစ်ဦးက KNG ကို ခုလိုပြောပါတယ်။ “အဆက်အသွယ်တွေပြက်တောက်သွားတော့ စီးပွါးရေး လူမှုရေး ပညာရေး အားလုံး နစ်နာရပါတယ်။ ကုန်ဈေးနှုန်းတက် လူမှုရေးအဆက်အသွယ်ပြက်တော့ စိတ်ပိုင်းဆိုင်ရာထိခိုက်လာတယ် အင်တာနက်မရရင်တောင်ဖုန်းလှိုင်းလေးရရင် အဆင်ပြေမှာ”လို့ပြောပါတယ်။ လက်ရှိ ဗန်းမော်ခရိုင်ထဲက မြို့နယ်တစ်ခုဖြစ်တဲ့ မိုးမောက်နယ် ခမရ ၃၄၇ တပ်စခန်းကို KIA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ပြီး နှစ်ဖက်တပ်တို့အကြား တိုက်ပွဲပြင်းထန်နေတာ ၃ ပတ်ကျော်ကြာလာနေတဲ့အပြင် ဖုန်း၊အင်တာနက်၊ဝိုင်ဖိုင်လိုင်းအားလုံးပြတ်တောက်နေတာကြောင့် တိုက်ပွဲနဲ့အနီးဆုံးမှာရှိတဲ့ ဗန်းမော် ပြည်သူတွေဟာ သတင်းစီးဆင်းမှုတွေရပ်တန့်နေပြီး စိုးရိမ်မှုများစွာနဲ့နေနေရတယ်လို့ သူက ဆက်ပြောပါတယ်။ KIA ပူးပေါင်းတပ် ထိုးစစ်ဆင်နေတဲ့ခမရ ၄၃၇ ဟာ ဗန်းမော်မြို့နဲ့ ၇ မိုင်ဝေးတဲ့နေရာမှာရှိပြီး ဗန်းမော်မြို့ကို လုံခြုံရေးယူပေးတဲ့ ဆယ်စုနှစ်တစ်စုကြာ တပ်စခန်းကြီးဖြစ်ပြီး ဒီတပ်စခန်းကြီး ကျသွားပါက ဗန်းမော်မြို့သိမ်းတိုက်ပွဲဆက်ဖော်ဆောင်လာနိုင်တယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။ ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့ကနေ စတင်လာတဲ့ KIA ပူးပေါင်းတပ်တွေရဲ့ စစ်ဆင်ရေးအရှိန်ဟာ တစ်ဖြည်းဖြည်းမြင့်တက်နေဆဲဖြစ်ပြီး ၅ လကျော်အတွင်း မြို့ ၉ မြို့နဲ့ စစ်တပ်ရဲ့ ဗျူဟာမြောက် စခန်းကြီးငယ်ပေါင်း တစ်ရာကျော်သိမ်းပိုက်ထားပြီဖြစ်ပါတယ်။ By – Zami
Read More » -
Jul- 2024 -25 Julyသတင်း
မိုးမောက် ခမရ ၄၃၇ တပ်ရင်းအပါ ဗန်းမော်မြို့အနီးအထိ စစ်တပ်နဲ့ KIA တပ်ကြားတိုက်ပွဲပြင်းထန်နေ
တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တို့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းအပြင် ဗန်းမော်မြို့အနီးဆုံးနေရာတွေမှာလည်း တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ တစ်လဝန်းကျင်အကြာ တိုက်ပွဲငြိမ်သက်သွားတဲ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းနေရာကို KIA…
Read More » -
24 Julyသတင်း
မိုးမောက်မြို့နယ်ထဲမှာ စစ်တပ်နဲ့ KIA တပ် တိုက်ပွဲပြန်စတင်
တစ်လကျော်အကြာ တိုက်ပွဲငြိမ်သက်သွားတဲ့ ဗန်းမော်ခရိုင် မိုးမောက် ဘက်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဒီနေ့ ဇွန်လ ၂၄ ရက်နေ့ကစပြီး ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ မိုးမောက်မြို့တွင်းတပ် ခမရ ၄၃၇ မှာ တိုက်ပွဲပြန်လည်ပြင်းထန်နေတဲ့အကြောင်း KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က KNG သတင်းဌာနကို အတည်ပြုပြောဆိုပါတယ်။ “ဗန်းမော်၊ မိုးမောက်ဘက်မှာက ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာလည်း စစ်တပ်က လေယာဉ်နဲ့ လာပစ်တာတွေ၊ ထိတွေ့တိုက်ပွဲတွေက ပုံမှန်ရှိနေပါတယ်။ ဒီကနေ့ကပြီး မိုးမောက် ၄၃၇ ရှိတဲ့ ဘက်ကို တိုက်ပွဲတွေ ပြန်ဖြစ်နေပြီလို့ သတင်းရပါတယ်။ အင်တာနက်လိုင်းတွေလည်း ပြတ်တောက်နေတော့ ခြေအနေ သေးစိတ်ကို သိဖို့ခက်နေသေးတယ်”လို့ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားနေတဲ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းနေရာကို KIA ပူးပေါင်းတပ်တွေ ပြီးခဲ့တဲ့ မေလဆန်းပိုင်းကနေ ထိုးစစ်ဆင်တိုက်ပွဲဖော်ခဲ့တာဖြစ်ပေမယ့် အပြီးသတ် သိမ်းဆည်းနိုင်ခြင်းမရှိသေးဘဲ တစ်လကျော်အကြာ တိုက်ပွဲငြိမ်သက်နေရာကနေ တဖန်ထိုးစစ်ဆင် တိုက်ခိုက်လာ နေတာဖြစ်ပါတယ်။ တိုက်ပွဲပြန်လည်ဖြစ်နေပေမယ့် ကချင်တစ်ပြည်နယ်လုံးအဆင့် ဖုန်းအင်တာနက်လိုင်းတွေ ပြတ်တောက်နေတာကြောင့် တိုက်ပွဲအခြေအနေအသေးစိတ်ကို သိရဖို့ ခက်ခဲနေသေးတာလည်း ဖြစ်ပါတယ်။ ကချင်တစ်ပြည်နယ်လုံး ဖုန်းအင်တာနက်လိုင်း ပြတ်တောက်နေတဲ့အချိန် တိုက်ပွဲ ပြန်လည်ပြင်းထန်လာတာကြောင့် တိုက်ပွဲနေရာနဲ့ နီးတဲ့ ပြည်သူတွေအနေနဲ့ သတိထားပြင်ဆင်နေကြဖို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြီး သတိပေးထားပါတယ်။ “တိုက်ပွဲက ဘယ်လောက်ထိ ပြင်းထန်လာမယ်ဆိုတာတော့ သေချာတော့ မသိရဘူး ပြောလို့လဲမရဘူး ။ ကချင်ပြည်နယ်ထဲမှာ ဖုန်းအင်တာနက်အားလုံးပိတ်သွားတယ်။ စစ်ရေး နဲ့ တိုက်ပွဲသတင်းတွေ နားစွင့်ဖို့ ခက်ခဲနေတဲ့ အချိန်ဖြစ်တယ်။ ဒါကြောင့် ကိုယ်ရှိနေတဲ့ ပတ်ဝန်းကျင်မှာ ပစ်ခတ်သံတွေ၊ စစ်ရေးလှုပ်ရှားတာတွေရှိရင် သတိထားနေထိုင်ဖို့ ပြောချင်ပါတယ်။ ပြီးရင် ခရီးသွားလာတာတွေလည်း သတိထားစေချင်တယ်”လို့ပြောပါတယ်။ အခုလို မိုးမောက်မြို့နယ်ထဲမှာ တိုက်ပွဲတဖန်ပြန်လည်ဖြစ်လာတာကြောင့် KIO ထိန်းချုပ်နယ်မြေနဲ့ ထိစပ်တဲ့ လွယ်ဂျယ်၊ မိုင်ဂျာယန် စတဲ့ မြို့နေရာ ဒေသခံပြည်သူတွေကိုလည်း စစ်တပ်က အချိန်မရွေးလေကြောင်းတိုက်ခိုက်တာတွေ ရှိလာနိုင်တဲ့အတွက် လေကြောင်းရန် သတိထားပြီး နေထိုင်ကြဖို့ ပြောဆိုထားတယ်လို့လည်း လွယ်ဂျယ်ဒေသခံတွေ ပြောပါတယ်။…
Read More » -
22 Julyသတင်း
ဗန်းမော် – မန္တလေး ကားလမ်းပိုင်း ပိတ်လိုက်တဲ့နောက် ဗန်မော်ပြည်သူတွေ အဖက်ဖက် ကြပ်တည်းနေ
ဗန်းမော်– မန္တလေး ကားလမ်းမကြီးပိတ်လိုက်တဲ့နောက် ဗန်းမော်မြို့နယ်မှာ ကုန်ဈေးနှုန်းနဲ့ စက်သုံးဆီဈေး သိသိသာသာမြင့်တက်လာတဲ့အတွက် ပြည်သူတွေစားဝတ်နေရေး၊ သွားရေးလာရေး ပိုခက်ခဲလာနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၀ ရက်နောက်ပိုင်းစပြီး ကချင်လွတ်လပ်ရေးတပ်တော် KIA၊ ကချင်ပြည်သူ့ ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတို့အကြား ဗန်းမော်မြို့အနီးတစ်ဝိုက် နေရာအနှံ့တိုက်ပွဲပြင်းထန်လာတဲ့အတွက် နှစ်ဖက်လက်နက်ကိုင်တပ်တွေ ဗန်းမော်– မန္တလေး ကားလမ်းပိုင်း ဖြတ်သန်းသွားလာခွင့်ကို ပိတ်လိုက်တာ ခုဆိုရင် ၂ လကျော်ကြာလာပြီဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ ဗန်းမော်ဘက်ကို စင်းခမ်း၊ ကသာ၊ ရွေကူဘက်ကနေ ရေလမ်းကြောင်းစက်လှေနဲ့တစ်ဆင့် အခြေခံစားသောက်ကုန်တွေ သယ်ယူနေကြပေမဲ့ စက်လှေစရိတ်၊ ကုန်တင်ကုန်ချ စရိတ်ကြီးတဲ့အတွက် ကုန်ဈေးနှုန်းတွေမြင့်တက်လာတာဖြစ်တယ်လို့ ဗန်းမော်မြို့ ဒေသခံအမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ “မော်တော်ခတွေလည်း အရမ်းဈေးကြီးလာတယ်လေ ပြီးတော့ ဟိုဘက်ကမ်းကနေ ဗန်းမော်ရေဆိပ်မှာ ရောက်ပြီဆိုရင် အဲ့မှာ ရောက်လာကြပြီ ကုန်တင်ကုန်ချတွေလည်းတောင်းတာများလာတယ်။ ဟိုတလော ရေကြီးတဲ့ချိန်ဆိုရင် အရမ်းသိသာတယ်၊ ပစ္စည်းပျောက်တာတွေလည်း အရမ်းရှိခဲ့တယ်၊ ကုန်ဈေးနှုန်းတွေဆိုရင်လည်း ဗန်းမော်မှာ တစ်ခါမှ မကြားဖူးတဲ့ ဈေးတွေဖြစ်နေပြီ” လို့ဆိုပါတယ်။ ဒါ့အပြင် ဗန်းမော်မှာ ဓာတ်ဆီကားမဝင်တော့တဲ့အတွက် ဆီပန့်ဆိုင်ကြီးတွေ ပိတ်ထားပြီး လမ်းဘေးပုလင်းချိန်ရောင်းသူတွေ ဓာတ်ဆီဈေးတွေ မြင့်တက်နေတာကြောင့် ဗန်းမော်စခန်းမှူးကနေ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄/၁၅ ရက်မှာတော့ လမ်းဘေးဆီဆိုင်တွေကို ဓာတ်ဆီတစ်ဘူး ၄၀၀၀ ကျပ်သာရောင်းချကြဖို့ ခံဝန်ကတိထိုးခိုင်းတာမျိုးရှိခဲ့ပေမဲ့ လက်ရှိမှာတော့ ဓာတ်ဆီတစ်ဘူးကို ၉၀၀၀ ကျပ်ရောက်နေပြီလို့ ဆိုပါတယ်။ အခုလို ကုန်ဈေးနှုန်းမြင့်တက်နေတာဟာ အခြေခံလူတန်းစားတွေအတွက် ပိုမိုခက်ခဲစေတယ်လို့ ဒေသခံအမျိုးသမီးတစ်ယောက်က ပြောပါတယ်။ “လူတွေလည်း ကျစရာဆိုလို့ စိတ်ဓာတ်ဘဲရှိတော့တယ်၊ ကုန်ဈေးတွေကတော့ ကျမှာမဟုတ်တော့ဘူး အတက်ဘဲရှိတာအဆင်းက မရှိဘူး။ ရေကြီးတဲ့ချိန်ဆို ပိုတောင်ဆိုးသေးတယ် ရေသာကျသွားတယ် ကုန်ဈေးက မကျဘူး၊ လက်လုပ်လက်စားတွေဆို တစ်နေ့ကိုမှ ၁သောင်းလောက်ရတာ၊ ဆီထည့်တာနဲ့ ကုန်ပြီလေ”လို့ပြောပါတယ်။ လက်ရှိ ဗန်းမော်မှာ ဓာတ်ဆီတွေကို ဘူးသေး၊ ဘူးလတ်၊ ဘူးကြီး ခွဲထားပြီး အများဆုံး ၉၀၀၀ ကျပ်ထိရှိတဲ့အပြင် ရိုးရိုးဆန် တစ်အိတ် ၁သိန်း ၂ သောင်းကျပ်၊ ဆီ တစ်ပိဿာ ၁သောင်း ၇ထောင်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၈ထောင်ကျပ် ရှိတဲ့အပြင် တစ်ခြားကုန်တွေလည်း နဂိုဈေးထက် ၁၀၀၀ လောက်ဈေးမြင့်တက်လာတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဗန်းမော်မြို့တွင်း ဂိတ်အဝင်အထွက်တွေမှာဆိုရင် ဂိတ်ကြေးတောင်းခံမှုများတဲ့အပြင် စစ်ဆေးမေးမြန်မှုတွေလည်းများတဲ့အတွက် ဒေသခံတွေအနေနဲ့ သွားရေးလာရေး အခက်အခဲရှိနေတယ်လို့ အမျိုးသားတစ်ယောက်က KNG ကိုဆက်ပြောပါတယ်။ “ဂိတ်တွေမှာဆိုရင် ဘာပစ္စည်းဘဲသယ်သယ် ပိုက်ဆံတောင်းတယ်၊ သူတို့ရဲ့ လက်သုံးစကားက မင်းတို့ ဒါတွေကို ဘယ်ယူသွားမှာလဲ PDf တွေကို ထောက်ပံ့မလို့မဟုတ်လားတဲ့၊ အိမ်စားဖို့အတွက် သယ်တာလို့ပြောရင်လည်း ဂိတ်ကြေးက ၂ သိန်း ၃ သိန်းတောင်းတာရှိတယ်၊ ဆဲဆိုပြီးတောင်းတာလည်းရှိတယ်၊ သူတို့ကိုက ဝင်ရင်လည်းပေးရ ထွက်ရင်လည်းပေးရတယ်”လို့ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်နေ့လောက်ကနေစပြီး ဗန်းမော်မှာ ရေကြီးရေလျှံဖြစ်ခဲ့တဲ့အတွက် မြေနိမ့်ပိုင်းက ဒေသခံတစ်ထောင်နီးပါး တိမ်းရှောင်ခဲ့ကြရတဲ့အပြင် ခုလိုရေကြီးမှုကြောင့်လည်း ကုန်ဈေးနှုန်းတွေ ပိုမြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။ ဗန်းမော်မြို့ဒေသခံတွေအနေနဲ့ အခုလို ရေဘေးဒဏ်၊ ကုန်ဈေးနှုန်းဒဏ်တွေကို ရင်ဆိုင်နေရတဲ့အပြင် တစ်ဖက်မှာလည်း စစ်ရေးအခြေအနေကို စိုးရိမ်နေရပြီး လက်နက်သံ၊ သေနတ်တွေလည်း မကြာခဏကြားနေရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဗန်းမော်မှာ မနက်၆ ညနေ ၆ နာရီ မာရှယ်လော ထုတ်ထားတဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ သွားရေးလာရေ သတိထားနေရတဲ့အပြင် တစ်ခါတလေ ဖမ်းဆီးစစ်ဆေးပြီး ရိုက်နှက်တာမျိုး၊ ဖမ်းသွားသူတွေကို ပိုက်ဆံနဲ့ လာရွေးခိုင်းတာမျိုးလည်း ပြုလုပ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ By – BU BU
Read More » -
18 Julyသတင်း
တင့်ကား ၅စီး ခန့်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်း နှစ်ရက်အကြာပိတ်ဆို့တိုက်ခိုက်ခံရပြီး တပ်ပြန်ဆုတ်
ဗန်းမော်မြို့ကနေ စစ်တင့်ကား ၅ စီးခန့် နဲ့ မိုးမောက်မြို့နယ်ဘက်ကို တက်သွားတဲ့ စစ်ကောင်စီ စစ်ကြောင်းကို လမ်းခုလပ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က နှစ်ရက်အကြာ ပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က စစ်ကြောင်းပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။ ဇူလိုင် ၁၅…
Read More »









