ဗန်းမော်

  • Jul- 2024 -
    17 July
    သတင်း

    ဘွမ်အောင်နန်ကျေးရွာဒေသခံတွေရဲ့ တောင်ယာစပါးခင်းအားလုံး ကြွက်ဝင်ရောက်ဖျက်ဆီး

    ဗန်းမော်ခရိုင် မံစီမြို့နယ် ‌ဘွမ်အောင်နန်ကျေးရွာဒေသခံတွေရဲ့ တောင်ယာစပါးနဲ့ကောက်ပဲသီးနှံစိုက်ခင်းအားလုံး ကြွက်ဘေးဒဏ်ကျရောက်လို့ ပျက်စီးသွားပြီဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဘွမ်အောင်ရွာမှာ အိမ်ထောင်စု ၃၈ စုရှိပြီး အသက်မွေးဝမ်းကျောင်းအဖြစ် တောင်ယာစပါးနဲ့ကောက်ပဲသီးနှံကို အဓိကစိုက်ပျိုးကြတာဖြစ်ပါတယ်။ သို့သော် ဒီနှစ်ရဲ့တောင်ယာစပါးခင်းနဲ့ ကောက်ပဲသီးနှံစိုက်ခင်းတွေမှာ ကြွက်ဘေးဒဏ်ဆိုးဆိုးဝါးဝါးကျရောက်နေတဲ့အတွက် ဒေသခံပြည်သူတွေ လာမယ့်နှစ်အငတ်ဘေးဆိုက်မယ့်အခြေနေမှာ ရှိနေတယ်လို့ ဘွမ်အောင်နန်ရွာဒေသခံအမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။ “တစ်နှစ်စာ စားဖို့အတွက် ဒီလိုဘဲစိုက်ပျိူးကျတော့ ဒီနှစ်ပုံစံနဲ့ဆို နောက်နှစ်စားမယ့် ဆန်မရှိတော့ဘူး၊ ဟိုးအရင်တွေတုန်းက ဒီလိုဖြစ်တဲ့ နှစ်တွေဆို ပိန်းဥတွေ တူးစားပြီး အာဟာရပြတ်လတ်အသက်ဆုံးရှုံးဒါတွေ ကိုယ်တိုင်မြင်ခဲ့ဖူးတယ်၊ ဒီနှစ်တောင်ယာတော့ ‌အကုန်လုံးရဲ့ဟာပါသွားတော့ စိတ်ညစ်တယ်” လို့ ပြောပါတယ်။ ဘွမ်အောင်နန်ပြည်သူတွေဟာ တစ်နှစ်စာအတွက် မိုးစပါးတောင်ယာစိုက်ခင်းတွေကို လုပ်ကိုင်ကြပေမယ့် ပြီးခဲ့တဲ့နှစ်တွေမှာလည်း ကချင်အခေါ်ဝေါ် (Yu Lii Hku )( ကြွက်ဘေးဒဏ်ကျရောက်ခဲ့တာကြောင့် သစ်ဥ၊သစ်ဖုတွေ၊ ပိန်းဥတွေသာ တူးစားကြရပြီး အာဟာရပြတ်လို့ အသက်ဆုံးရှုံးတဲ့အထိကြုံတွေ့ခဲဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီနှစ်မှာလည်း စပါးခင်းတွေအားလုံးဖျက်ဆီးခံလိုက်ရတဲ့အပြင် ကုန်စျေးနှုန်းအခြေနေနဲ့လမ်းပန်းဆက်သွယ်ရေးအခက်ခဲကြောင့် ပြည်သူတွေဟာအဖက်ဖက်ကနေ ဒုက္ခရောက်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ရေးတင်းမာနေဆဲဖြစ်တဲ့ ဗန်းမော်၊ မံစီမြို့နယ်ကနေ မိုင် ၃၀ အကွာမှာရှိတဲ့ ဘွမ်အောင်နန်ရွာဟာ ပြီးခဲ့တဲ့နှစ် စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေရဲ့တိုက်ပွဲကြောင့် လချီတောတောင်တွေမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရာကနေ ဒီနှစ်ဖေဖော်ဝါရီလထဲမှာနေရပ်ပြန်ပြီး ပြနလည်ထူထောင်ရေးစတင်နေတဲ့ရွာဖြစ်ပြီး ပြန်လည်ထူထောင်ရေးစတင်နေတဲ့ရွာဖြစ်တယ်လို့ သိရပါတယ်။ အလားတူ တစ်ဖက်မှာလည်း ဘွမ်အောင်နန်ရွာမှာ တစ်ခြားဒေသက အိမ်ထောင်စု ၄၀ ကျော်ခန့်လည်း လာရောက်စစ်ရှောင်နေတာတွေရှိတယ်လို့ သိရပါတယ်။ လက်ရှိ ပြန်လည်ထူထောင်ရေးကာလဖြစ်တဲ့အပြင် တစ်ခြားစစ်ရှောင်တွေလည်းရှိတဲ့အတွက် အစားအသောက်နဲ့ ငွေရေးကြေးရေးအခက်ခဲရှိနေတဲ့အပြင် စာမသင်ကြားနိုင်တဲ့ ကလေးသူငယ်တွေလည်းများစွာရှိတယ်လို့ ဒေသခံအမျိုးသမီးတစ်ဥိီးက ခုလိုပြောပါတယ်။ “စစ်ရှောင်တွေလည်းရှိတော့ ကျွန်တော်တို့ ရွာသားတွေ ပိုတောင်စိတ်ပူမိတယ်၊ တစ်ချိူ့ပညာသင်ကြားရမယ့် ကလေးတွေတောင် ကျောင်းတက်ဖို့ အခက်အခဲတွေကြောင့် ကျောင်းမတက်နိုင်တဲ့ အခြေအနေတွေလည်း ရှိနေဆဲဖြစ်တယ်” ဟုလည်းပြောပြထားတယ်။ ကချင်ပြည်နယ်ဟာ မြို့ဧရိယာထက် ကျေးလက်၊တောတောင်ဧရိယာအများဆုံးဖြစ်ပြီဒ ၁၉၇၂ မှ ၁၉၈၃ အထိ ကချင်တောင်ပေါ်ဒေသတွေဖြစ်တဲ့ ဆွမ်ပရာဘွမ်၊ အင်ဂျန့်ယန်၊ မချမ်းဘော့ နှင့် နောင်မွန်မြို့နယ်တွေမှာ ကြွက်ဘေးဒဏ်ကြောင့် ဒေသခံများစိုက်ပျိုးထားတဲ့ ကောက်ပဲသီးနှံနဲ့ အစားအသောက်များ ဖျက်ဆီးခံလိုက်ရတဲ့ဖြစ်စဉ်ရှိပြီး အဲဒီကာလတွေမှာလည်း အငတ်ဘေးကြောင့် ပြည်သူသေဆုံးမှုများရှိခဲ့တဲ့အတွက် ကျေးရွာအများအပြား ပျောက်ကွယ်သွားခဲ့တဲ့ဖြစ်စဉ်တွေလည်းများစွာရှိခဲ့ပါတယ်။ အလားတူ မိုးမောက်၊မံစီမြို့နယ်တွေမှာလည်း တောင်ယာစပါးခင်းတွေ ခုနောက်ပိုင်းကြွက်ဘေးဒဏ်ပိုပြီး ဆိုးရွားလာနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ By – CJ

    Read More »
  • 16 July
    သတင်း

    ဗန်းမော်မြို့ ကနေ တင့်ကား ၅ စီးခန့်နဲ့ တက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို KIA တိုက်ခိုက်

    မိုးမောက်မြို့ဘက်ကို စစ်တင့်ကားတွေနဲ့ ထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေကြား ဂျယ်အိန် (Je Ing ) ကျေးရွာအနီးတဝိုက်မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ ဇူလိုင် ၁၅ ရက်နေ့ တင့်ကား ၅ စီးနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားနေတာ နှစ်ရက်မြောက်ရှိပြီလို့ KIA ရှေ့တန်းသတင်းအရင်းအမြစ် တစ်ဦးက KNG ကို…

    Read More »
  • 12 July
    သတင်း

    ဗန်းမော် ရောဘတ်စစ်ရှောင်စခန်းမှာ စစ်ရှောင်အသစ်တွေကို နေရာပေးလိုက်တဲ့အတွက် မူလရှိနေတဲ့ စစ်ရှောင်တွေကြား နေရာပြဿနာဖြစ်နေ

    ဗန်းမော်မြို့ ရောဘတ်စစ်ရှောင်စခန်းမှာ စစ်ရှောင်ပြည်သူတွေမရှိတဲ့ချိန် အသစ်ပြောင်းရွှေ့လာတဲ့ နောက်ထပ်စစ်ဘေးရှောင်တွေကိုနေရာပေးလိုက်တာကြောင့် နဂိုမူလရှိ​တဲ့ စစ်ရှောင်ပြည်သူတွေဟာ နေရာစရာအခက်အခဲကြုံတွေ့နေရပြီး စစ်ရှောင်ပြည်သူတွေကြား နေရာပြဿနာဖြစ်နေကြတယ်လို့ သိရပါတယ်။ ဗန်းမော်မှာ ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့လောက်ကစပြီး ရောဘတ်စစ်ရှောင်စခန်းထဲ စစ်တပ်က မကြာခဏဝင်ရောက်စစ်ဆေးတာတွေအပြင် မြို့အနီးတစ်ဝိုက် စစ်တပ်နဲ့ KIA ပူးပေါင်းတပ်ကြားနှစ်ဖက်စစ်ရေးတင်းမာလာတဲ့အခြေနေတွေကြောင့် မူလရှိနေတဲ့ စစ်ရှောင်တွေဟာ မိုင်းခေါင် ၊ မုန်းဒိန်ပါကျေးရွာတွေနဲ့ တောင်ယာ၊အခင်းတွေထဲ ယာယီတိမ်းရှောင်ခိုလှုံသွားကြတာဖြစ်ပါတယ်။  အဲဒီနောက် တစ်လကျော်အကြာ ဇူလိုင် ၂ ရက်နေ့ကစပြီး  ဗန်းမော်ခရိုင် ကချင်နှစ်ခြင်းခရစ်ယာန် စစ်ရှောင်ကူညီကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတွေဟာ ရောဘတ်စစ်ရှောင်စခန်းအတွင်း သော့တွေရိုက်ဖျက်ပြီး စစ်ရှောင်အသစ်တွေကို နေရာပေးလိုက်တဲ့အတွက် နေရာပြဿနာဖြစ်နေကြတယ်လို့ သိရပါတယ်။ “စစ်တပ်ဝင်လို့လေ ကျမတို့စစ်ရှောင်စခန်းထဲ စစ်တပ်ဝင်တဲ့အချိန် စစ်ရှောင်ထဲက အမျိုးသမီးတွေ၊ ကလေးတွေ အားလုံး ကြောက်လန့်ပြီး နောက်မနက်မှာပဲ ဘယ်သူမဆို ကိုယ်စိတ်လုံခြုံမယ်လို့ထင်တဲ့ နေရာတွေဆီ ခဏသွားလိုက်ကြတယ်။ ဒီက တာဝန်ရှိတဲ့ဆရာတွေလည်း မသွားကြနဲ့ ၊  မပြေးမရှောင်ကြနဲ့လို့ ဘယ်သူကမှ မတားကြဘူးလေ။ အခန်းတွေကို သော့ခတ်ထားတာ အခုသော့တွေကိုရိုက်ဖွင့်လိုက်ပြီး အထဲကပစ္စည်းတွေ လုံးထုတ်လိုက်ပြီး ဝင်နေလိုက်တာဖြစ်တယ်”လို့ ဗန်းမော်ရောဘတ်စစ်ရှောင်စခန်းမှာ အရင်ကတည်းက နေနေတဲ့ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ရောဘတ်စစ်ရှောင်စခန်းမှာ အသစ်ထပ်ရောက်လာတဲ့ စစ်ရှောင်ပြည်သူတွေဟာ  မိုးမောက်၊ မံစီဘက်က စစ်တပ် နဲ့ KIA ပူးပေါင်းတပ်တို့အကြားတိုက်ပွဲကြောင့် ဗန်းမော်ဘက်ကိုထွက်ပြေးတိမ်းရှောင်လာသူတွေဖြစ်ပြီးတော့  ၃ လခန့် အကြာမှာ နေစရာအခက်အခဲဖြစ်နေတာကြောင့် ရောဘတ်စစ်ရှောင်စခန်းအတွင်း လူမရှိနေတဲ့အခန်းတွေမှာ နေရာပေးလိုက်တာဖြစ်တယ်လို့ သိရပါတယ်။…

    Read More »
  • 3 July
    သတင်း

    ဗန်းမော်မှာ ရွာပေါင်း ၅ ရွာက ပြည်သူတွေအတွက် အစားသောက်နဲ့သောက်သုံးရေအရေးပေါ်လိုအပ်နေ

    ဗန်းမော်မြို့ အနောက်ဘက်မြစ်ကမ်းနံဘေးမှာရှိတဲ့ ရွာပေါင်း ၅ ရွာက ပြည်သူတွေအစားသောက် နဲ့ သောက်သုံးရေအရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ လက်ရှိ ဗန်းမော်မြို့ရဲ့ ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်ထက်ကျော်လွန်နေပြီး မြို့ပေါ်ရပ်ကွက်တစ်ချို့ရေဝင်ရောက်နေပြီဖြစ်သလို မြစ်ကမ်းနံဘေးကျေးရွာတွေမှာလည်း ရေတွေဝင်ရောက်နေပြီဖြစ်ပါတယ်။ ဒါကြောင့်လက်ရှိ ဧရာဝတီမြစ်ကမ်းနံဘေးရွာက ရွာပေါင်း ၅ ရွာပြည်သူတွေ ရေဘေးအန္တရာယ်ကြုံနေရပြီး အစားသောက်နဲ့သောက်သုံးရေလိုအပ်နေတယ်လို့ ကောင်းစင့်ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “ရေတက်ပြီဆို မြစ်ကမ်းတစ်လျှောက်ရွာတွေပိုဆိုးတာပေါ့ ရေတွေက ညနေပိုင်းလောက်ဆို တစ်ရွာလုံးမြုပ်နိုင်တယ်။ ဒီဘက်ကအိမ်တိုင်းလိုတော့လှေရှိတယ် လှေမရှိတဲ့အိမ်တွေလည်းရှိတယ် ခုလောလောဆယ်ကသောက်ရေနဲ့အစားသောက်တွေလိုနေတယ်”လို့ပြောပါတယ်။ ရေဘေးအန္တရာယ်ကြုံတွေ့ပြီး သောက်သုံးရေနဲ့အစားသောက်လိုအပ်နေတဲ့ရွာတွေဟာ ကောင်းစင့်၊ရေလှဲ၊မံမလင်း၊ပါပေါင်း၊လက်ပံတန်း (ရွာဟောင်း) စတဲ့ရွာဖြစ်တယ်လို့သိရပြီး ရွာထဲမှာရေဝင်ရောက်မှုဟာ မြင့်တက်နေဆဲဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ ဇွန်လ ၂၉ ရက်နေ့ကစပြီး ကချင်ပြည်နယ်အထက်ပိုင်းဒေသတွေဖြစ်တဲ့ ပူတာအို၊ချီဖွေ၊ဆော့လော်၊ပန်ဝါ၊ကမ်းဖန့်စတဲ့ဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းပြီး မေခမြစ်နဲ့မလိခမြစ်ရေကြီးရေလျှံတာကြောင့် ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့နဲ့ဝိုင်းမော်မြို့တွေမှာ ၃ ရက်ခန့်ရေကြီးရေလျှံခဲ့ပြီး စိုးရိမ်ရေအမှတ်ထက် ၆ ပေကျော်မြင့်တက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဇူလိုင်လ၂ ရက်နေ့ကစလို့ မြစ်ကြီးနားမှာ ရေကျဆင်းသွားပြီဖြစ်ပေမယ့် မြစ်ကြီးနားမြို့ရဲ့အောက်ဘက်မှာရှိတဲ့ မြို့တွေမှာတော့ မြစ်ရေဆက်မြင့်တက်နေပြီး ဗန်းမော်မြို့ စိုးရိမ်ရေအမှတ်ထက်ကျော်လွန်နေပြီဖြစ်ပါတယ်။ သို့သော် ဗန်းမော်မြို့တွင်းပြည်သူတွေဟာ ရေမဝင်ရောက်လာခင်ကတည်းကနေ ကြိုတင်ရွှေ့ပြောင်းတာ၊ကြိုတင်ပြင်ဆင်ထားပြီး ရေဘေးရှောင်အတွက် စခန်း ၄ နေရာပြင်ဆင်ထားပြီး တစ်ချို့ပြောင်းရွှေ့ထားပြီဖြစ်တာကြောင့် အခက်ခဲမရှိအဆင်ပြေနေကြပြီလို့ သိရပါတယ်။ မြို့တွင်း ပြည်သူတွေအတွက် အဆင်ပြေနေပြီဖြစ်ပေမယ့် ဗန်းမော်မြို့ရဲ့အနောက်ဘက် မြစ်ကမ်းနံဘေးမှာရှိတဲ့ရွာတွေမှာတော့ အကူညီတွေမရရှိသေးဘူးလို့ သိရပါတယ်။ “ရေကတစ်ဖြည်းဖြည်းပိုကြီးလာပြီ ဒီတိုင်းသာဆက်တက်လာမယ်ဆိုရင် နာရီပိုင်းအတွင်း  မလွယ်ဘူး။ ဒါကြောင့် ကျနော်တို့ဘက်ကိုလည်း လာကူညီပေးဖို့တောင်းဆိုချင်ပါတယ်”လို့ နောက်ထပ် ရေလဲရွာသားတစ်ဦးက ပြောပါတယ်။ လက်ရှိ ရွာပေါင်း ၅ ရွာက ဒေသခံတွေပြောတာကတော့ ညနေပိုင်း ၃ နာရီဝန်းကျင်ထိ နေအိမ်တစ်ချို့ခေါင်မိုးမြုပ်ခါနီးရောက်နေပြီး ရေဆက်မြင့်တက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ By – အမိုး

    Read More »
  • 2 July
    သတင်း

    ဗန်းမော်မြို့ ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်နီးကပ်လာတဲ့အတွက်  ဒေသခံ တစ်ထောင်နီးပါးဘေးလွှတ်ရာရွှေ့ပြောင်း

    ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ ဧရာဝတီမြစ်ရေစိုးရိမ်ရေအမှတ်နီးကပ်လာတာနဲ့အတူ မြေနိမ့်ပိုင်း ရပ်ကွက်ကဒေသခံတစ်ထောင်နီးပါး ဘေးလွှတ်ရာတွေမှာကြိုတင်ရွှေ့ပြောင်းနေကြရပြီလို့ လူမှုကူညီရေး အသင်းတွေဆီကသိရပါတယ်။ လက်ရှိ ဗန်းမော်မြို့ ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေမှတ်အောက် ၁ ပေခန့်ရောက်ရှိနေပြီး နောက်ထပ် ၆နာရီအတွင်း စိုးရိမ်ရေအမှတ်အထက် ကျော်လွန်ရောက်ရှိနိုင်တယ်လို့ မိုး/ဇလက ဒီကနေ့ ညနေ ၂ နာရီခွဲမှာပဲ ထုတ်ပြန်ထားပါတယ်။ ဗန်းမော်မြို့နယ်အတွင်းမှာတော့ ရေဘေးရှောင်ရန်အတွက်လို့ဆိုကာ စခန်း ၄ ခုလောက်ပြင်ဆင်ထားပြီး လက်ရှိမြေနိမ့်ပိုင်းရပ်ကွက်က ဒေသခံတစ်ထောင်လောက်ရွှေ့ပြောင်းလာကြပြီလို့ သုညသုခပရဟိတ လူငယ်အသင်းက တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ “ကျနော်အခုလာခဲ့တဲ့စခန်းကပဲကို လူဦးရေ ၄၀၀ လောက်ရွှေ့ပြောင်းလာခဲ့ပြီ။ အနိမ့်ပိုင်းရပ်ကွက် တွေကပဲပေါ့။ ရေတွေတော့ဝင်တာတွေရှိတယ်။ ဗန်းမော်ရဲ့စိုးရိမ်ရေအမှတ်ကိုလည်းရောက်နေပြီ။ ခန်းမှန်းဆိုရင် ၁ ထောင်ကျော်လောက်ပြီ ဘာလို့ဆို ကျနော်ရောက်ခဲ့တဲ့ စခန်းကပဲ လူဦးရေ ၄၀၀ ဆိုတော့ လေ” လို့ပြောပါတယ်။ တစ်ဖက်မှာ ဒီကနေ့ နေ့လည် ၁၂ နာရီနောက်ပိုင်းကစလို့ ဗန်းမော်မြို့ပေါ်က ကျောင်းတွေတစ်ချို့ကို ပိတ်ထား ရသလို အဲ့ဒီကျောင်းတွေမှာလည်း ရေဘေးရှောင်လာတဲ့ဒေသခံတွေတည်းခိုးဖို့လုပ်ဆောင်သွားမယ်လို့ လူမှုကူညီရေးအသင်းတွေကပြောပါတယ်။ မြစ်ကြီးနားမြို့ဧရာဝတီမြစ်ရေကျလာတာနဲ့အမျှ အောက်ဘက်ပိုင်းဖြစ်တဲ့ ဗန်းမော်မြို့နယ်ဟာ ရေကြီး ရေလျှံဖြစ်လေ့ရှိတာဖြစ်ပြီးတော့ အဲ့ဒီအတွက်လည်း အချိန်မှီပြင်ဆင်နေကြတယ်လို့ သိရပါတယ်။ “ ဒီမှာက မြစ်ကြီးနားမြစ်ရေကျတာနဲ့ပုံမှန်တက်တယ်လေနော် ဒါ့ကြောင့် ကြိုတင်ပြီးတော့ သုံးဘီးတွေ ကားတွေနဲ့ လောစပီကာတွေတင်ပြီးလိုက်အော်ရတာပေါ့ သူတို့ရွှေ့လာပြီဆိုရင် ရေဘေးရှောင်စခန်းတွေမှာ နေရာချနေတာပေါ့” လူမူကူညီရေးအသင်းတာဝန်ခံက ဒေသခံတစ်ယောက်ကပြောပါတယ်။ ဗန်းမော်မြို့နယ်ရဲ့ စိုးရိမ်ရေအမှတ်ဟာ ၁၁၅၀ စင်တီမီတာဖြစ်ပြီး အန္တရာယ်ရေအမှတ်ကတော့ ၁၂၄၅ စင်တီမီတာ ဖြစ်ပါတယ်။ လက်ရှိတော့ ဗန်းမော်မြို့ရဲ့ ဧရာဝတီမြစ်ရေဟာ ၁၁၂၆ စင်တီမီတာရှိပြီလို့ ဒီကနေ့ ညနေ ၂ နာရီခွဲမှာ ထုတ်ပြန်ထားသလို ပြီးခဲ့တဲ့ နှစ်ပေါင်း၂၀ (၂၀၀၄ ခုနှစ်) တုန်းကတေ့ ဧရာဝတီမြစ်ရေ ၁၃၃၈ စင်တီမီတာ အထိမြင့်တက်ခဲ့ဖူးပါတယ်။ By – အမိုး

    Read More »
  • Jun- 2024 -
    17 June
    သတင်း

    ကောင်ဂျာယန်မှာ စစ်ကောင်စီတပ်ရဲ့ တင့်ကားတစ်စီးပျက်စီးနေပြီး စစ်ယာဉ်တန်းထွက်ခွာလို့မရဘဲ ပိတ်ဆို့တိုက်ခိုက်ခံနေရ

    နှစ်လဝန်းကျင်လောက်အထိ တိုက်ပွဲဒေသဖြစ်နေတဲ့ မိုးမောက်နဲ့ မံစီဘက်ကို ဇွန်လ ၁၃ ရက်နေ့ ဗန်းမော်ဘက်ကနေ တင့်ကား ၂ စီးနဲ့တက်လာတဲ့ စစ်ကြောင်းကို KIA တပ်တွေက အထက်ကို ကျော်တက်သွားလို့မရအောင် ကောင်ဂျာယန်ကျေးရွာမှာ စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

    Read More »
  • May- 2024 -
    29 May
    သတင်း

    ဗန်းမော် – မန္တလေးကားလမ်းမကြီးအပြင် အခြေခံစားသောက်ကုန်အဓိက သယ်ယူတဲ့ ရေလမ်းကြောင်းလည်းထပ်ပိတ်

    ဗန်းမော် – မန္တလေးကားလမ်းမကြီးပိတ်လိုက်တဲ့နောက် ကုန်စည်ပစ္စည်းအဓိသယ်ယူနေကြတဲ့ ရေလမ်းကြောင်းလည်းထပ်ပိတ်လိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။ စစ်ရေးအခြေအနေကြောင့် ဗန်းမော်မြို့– မန္တလေးသွားတဲ့ ကားလမ်းကြီးပိတ်ထားတာ ခုဆိုရင် ၂ ပတ်ကျော်ကြာမြင့်လာချိန် ဗန်းမော်ဒေသခံတွေဟာ အခြေခံကုန်စည်ပစ္စည်းတွေကို ဗန်းမော်ကနေ ကောင်းတုံကျေးရွာထိစက်လှေနဲ့ သွားပြီး ရွှေကူ၊ကသာဘက်ကတစ်ဆင့် ကုန်ပစ္စည်းတွေကိုတင်သွင်းယူနေကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်ရက်လောက်ကနေ ရေလမ်းကြောင်းကိုအဓိအသုံးပြုပြီး စက်လှေနဲ့ကုန်သယ်ယူနေတဲ့ပြည်သူတွေကို စစ်တပ်ကသေနတ်နဲ့ပစ်ခတ်တာတွေလုပ်နေတဲ့အတွက် ရေလမ်းကြောင်းလည်းပြန်ပိတ်လိုက်ပြီဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ “အစကတော့ ဒီဗန်းမော်မြို့ ကမ်းနားက စက်လှေဆိပ်ကနေပြီးတော့ ကောင်းတုံရွှာထိစက်လှေနဲ့သွားကြတယ်လေ။ အဲ့ကတစ်ဆင့်ရွှေကူ ကသာတွေဘက်ကို ကားတွေနဲ့ ပြန်သွားကြတာပေါ့လေ ကုန်ပစ္စည်းတွေဆိုရင်လည်း ကားလမ်းပိတ်တော့ အဲ့ကနေ နည်းနည်းပါးပါးသွင်းလို့ရသေးတာပေါ့ ဒါပေမဲ့ အခုက အဲ့ဒီရေလမ်းကိုလည်း ပိတ်လိုက်ပြီ”လို့ပြောပါတယ်။ ဒေသခံတွေရဲ့ ပြောပြချက်အရ ရေလမ်းကြောင်းဖြစ်တဲ့ စက်လှေဆိပ်ကို စစ်တပ်ဘက်ကတရားဝင်ကြေညာပြီး ပိတ်လိုက်တာမျိုးမဟုတ်ပေမဲ့ မြစ်တစ်ဖက်ကမ်းရောက်ချိန်လက်နက်တွေနဲ့ လိုက်လံပစ်တာမျိုးတွေရှိတဲ့အတွက် ဒေသခံတွေအနေနဲ့လည်း မသွားရဲကြတော့တာဘဲ ပိတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ ခုလို ကုန်းလမ်း၊ ရေလမ်းပိတ်လိုက်တဲ့အတွက် ဗန်းမော်မြို့မှာ ကုန်စည်စီးဆင်းမှုပြတ်တောက်လာကာ ကုန်ဈေးနှုန်းတွေလည်း ဆက်မြင့်တက်လာနေတာကြောင့် ပြည်သူတွေစားနပ်ရိက္ခာပိုခက်ခဲလာနိုင်တယ်လို့လည်း နောက်ထပ်ဒေသခံအမျိုးသားတစ်ယောက်က ပြောပါတယ်။ “အခုဆို ကုန်ဈေးနှုန်တွေဆိုရင်လည်း ကုန်သည်တွေပေါ်မှာဘဲ မူတည်နေတာ ဈေးတွေက မြင့်သထက်မြင့်လာပြီး ကုန်ပစ္စည်းတွေလည်းပြတ်လပ်လာမယ်။ နောက်ဆုံး ကျွန်တော်တို့ ဒေသခံတွေကဘယ်မှလည်းမသွားရကြားထဲမှာ ပိတ်မိပြီး ကုန်တွေလည်း ပြတ်လပ်လာ၊ ပြည်သူတွေ ဒုက္ခရောက်ကုန်တော့မယ်” လို့ပြောပါတယ်။ အခုလို ကုန်သယ်ယူနေတဲ့စက်လှေတွေကိုပစ်ခတ်တာဟာ စစ်ရေးအနေနဲ့ရေလမ်းကြောင်းအသုံးမပြုစေချင်တဲ့အတွက်ဖြစ်နိုင်ပြီး စစ်ရေးအခြေအနေကြောင့်  လုံခြုံရေးအရတင်းကြပ်နေတာဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။ ဗန်းမော်မြို့မှာ မေလ ၁၀ ရက်ကနေ ကုန်တင်ကားတွေမဝင်တော့တဲ့အပြင် ရေလမ်းကြောင်းလည်းသွားလို့မရတော့တဲ့အတွက် လက်ရှိမှာတော့ ဈေးသည်တွေအနေနဲ့လည်း လက်ကျန်တွေကိုသာရောင်းချနေပြီး ကုန်ပစ္စည်းတွေလည်းဝယ်ယူရခက်နေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့ မနက်ပိုင်းကစပြီး ကချင်လွတ်လပ်ရေးတပ်တော် KIA၊ ကချင်ပြည်သူ့ ကာကွယ်ရေးတပ် KPDF  ပူးပေါင်းတပ်တွေဟာ ဗန်းမော်ခရိုင် မြို့နယ် ၃ ခုမှာရှိတဲ့ စစ်တပ်စခန်းတွေကို တစ်ပြိုင်နက်ထိုးစစ်ဆင်နေပြီး နေရာအနှံ့တိုက်ပွဲပြင်းထန်နေတာကြောင့် နှစ်ဖက်လက်နက်ကိုင်တပ်တွေက ကားလမ်းပိုင်း ဖြတ်သန်းသွားလာခွင့်တွေကို ပိတ်လိုက်တာဖြစ်ပါတယ်။ By – Bu Bu

    Read More »
  • 23 May
    သတင်း

    မန္တလေး- ဗန်းမော်လမ်းမကြီးပိတ်ထားတာ ၁၀ ရက်ကျော်ကြာလာချိန် ဗန်းမော်မှာကုန်ဈေးနှုန်းတွေမြင့်တက်

    မန္တလေး– ဗန်းမော်လမ်းမကြီးပိတ်ထားတာ ၁၀ ရက်ကျော်ကြာလာတာနဲ့အမျှ ဗန်းမော်မှာကုန်ဈေးနှုန်းတွေမြင့်တက်လာပြီး ကုန်စည်ပစ္စည်းတစ်ချို့ပြတ်လပ်စပြုနေပြီဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၀ ရက်ကနေ ဗန်းမော်မြို့မှာ ကုန်တင်ကားတွေမဝင်တော့တဲ့အတွက် လက်ရှိမှာတော့ ဈေးသည်တွေအနေနဲ့လည်း လက်ကျန်တွေကိုသာရောင်းချနေပြီး ကုန်ပစ္စည်းတွေလည်းဝယ်ယူရခက်လာပြီလို့ စျေးသည်တစ်ယောက်က KNG ကိုပြောပါတယ်။ “ပစ္စည်းတွေကိုသိုလှောင်ပြီး မရောင်းကြတော့ဘူးလေ ရှိတာဟာလေးတွေကိုဘဲ ရောင်းတယ်ပေါ့နော်၊ ကျွန်မတို့ မြို့အနေနဲ့ကျတော့လည်း ဘယ်အချိန်ဘာဖြစ်လာမယ်မှန်းမသိလို့  လမ်းပန်းဆက်သယ်ရေးမကောင်းတဲ့အခါကျတော့ ကျွန်မတို့အနေနဲ့ ယူပြီးမှ ရောင်းလို့မရဘူး။တကယ်ယူရောင်းမယ်ဆိုရင်လည်း လမ်းခရီးခက်ခဲတယ်ကြန့်ကြာတယ် ပြီးရင် သယ်ယူစရိတ်တွေမြင့်တက်တဲ့အတွက် ကုန်ဈေးနှုန်းတွေလည်းတက်လာမှာပေါ့” လက်ရှိ ဗန်းမော်မြို့မှာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာခဲ့တဲ့ ယာယီစစ်ရှောင်ပြည်သူတွေလည်းရှိနေပြီး လူဦးရေပိုမိုများလာတဲ့အတွက် ဝယ်လိုအားများနေပြီး ကုန်ပစ္စည်းတွေအရင်လို ပေါပေါများများမရှိတော့ဘဲ ဈေးနှုန်တွေလည်း မြင့်တက်လာတယ် လို့ဆိုပါတယ်။ ဒါ့အပြင် စက်သုံးဆီကားကြီးတွေလည်း မဝင်တော့တဲ့အတွက် ဗန်းမော်မှာ စက်သုံးဆီတွေကို အချိန်ပိုင်းနဲ့သာရောင်းချပေးနေတယ်လို့ ဒေသခံအမျိုးသားတစ်ယောက်က ပြောပါတယ်။ “ဗန်းမော်မှာ ဆီတွေက အရင်လှောင်ထားတဲ့ ဆီတွေကိုဘဲ အချိန်ပိုင်းနဲ့ ရောင်းတယ်ဆိုတဲ့ သဘောနဲ့ဘဲရောင်းနေကြတာ ရောင်းပေမယ့်လည်း အလေးချိန်မပြည့်ဘူး၊ ကားသော်လည်းကောင်း ဆိုင်ကယ်သော်လည်းကောင်း အပေါက်ဝမှာတည့်ပြီး ညှစ်လိုက်တာနဲ့ ခဏလေးဆိုပြည့်ပြီ အရင်က ၆၀၀၀ ဖိုးလောက်ဆို ဆီအပြည့်ရတာ၊ အခု ၁သောင်းဖို့ထည့်လည်း မပြည့်ဘူး၊ တဝက်သာသာဘဲရတယ်”လို့ပြောပါတယ်။ လက်ရှိ ဗန်းမော်မှာ ကြက်သား ၁ပိဿာ ၁၉၀၀၀ ကျပ်၊ အိမ်ကြက် ၂၄၀၀၀ကျပ်၊ အမဲသား ၁ပိဿာ ၁၈၀၀၀ကျပ်၊ ဝက်သား ၁ပိဿာ ၂၂၀၀၀ ကျပ်၊ ကြက်ဥ ၁လုံး ၃၀၀–၅၀၀ ကျပ်၊ ဆီ ၄၀သား တစ်ဘူး ၅၅၀၀ ကျပ်၊ ဆန် ၆ပြည် ၅ သောင်းကျပ်၊ ဒေသဆန် ၁ပြည် ၄၀၀၀ ကျပ်ရှိနေပြီး ဆန်ဈေးက ကားလမ်းပိတ်ပြီးနောက်ပိုင်း ဆန်တစ်အိတ်ကို ၁ သောင်းခွဲထိမြင့်တက်နေတယ်လို့ သိရပါတယ်။ ဗန်းမော်မှာ ကားလမ်းတွေအနေနဲ့ ဗန်းမော်–ရန်ကုန်၊ ဗန်းမော်–မန္တလေး၊ ဗန်းမော်–မြစ်ကြီးနား၊ ဗန်းမော်–ရွှေကူ၊ ဗန်းမော်–ကသာ စတဲ့ လမ်းပိုင်းတွေရှိပေမဲ့ အဝင်အထွက်မရှိတာ ၁၀ ကျော်ကြာလာပြီး တစ်ချို့ကားသေးတွေကတော့ တစ်ခြား ကွင်းလမ်းဘက်ကနေ သွားတာမျိုးရှိသလို ဗန်းမော်ကနေ ကောင်းတုံရွာထိစက်လှေတွေနဲ့သွားကြီပြီးတော့ အဲ့ကတစ်ဆင့် ရွှေကူ၊ ကသာထိသွားကြတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့ မနက်ပိုင်းကစပြီး ကချင်လွတ်လပ်ရေးတပ်တော် KIA၊ ကချင်ပြည်သူ့ ကာကွယ်ရေးတပ် KPDF  ပူးပေါင်းတပ်တွေဟာ ဗန်းမော်ခရိုင် မြို့နယ် ၃ ခုမှာရှိတဲ့ စစ်တပ်စခန်းတွေကို တစ်ပြိုင်နက်ထိုးစစ်ဆင်နေပြီး နေရာအနှံ့တိုက်ပွဲပြင်းထန်နေတာကြောင့် နှစ်ဖက်လက်နက်ကိုင်တပ်တွေက ကားလမ်းပိုင်း ဖြတ်သန်းသွားလာခွင့်တွေကို ပိတ်လိုက်တာဖြစ်ပါတယ်။ By – Bu Bu

    Read More »
  • 23 May
    သတင်း

    စစ်ကိုင်းတိုင်းဘက်ကဝင်လာတဲ့ ကျွန်းသစ်ကား အစီးရေ ၁၀၀၀ နီးပါးစင်းခမ်းတံတားမှာပိတ်မိနေ

    ကချင်ပြည်နယ် ဗန်းမော်မြို့နယ်ထဲက စင်းခမ်းတံတားမှာ စစ်ကိုင်းတိုင်းဘက်ကဝင်လာတဲ့ ကျွန်းသစ်ကားအစီးရေ ၁၀၀၀ နီးပါးပိတ်မိနေတယ်လို့သိရပါတယ်။ အဲ့ဒီကျွန်းသစ်ကားတွေဟာ ကချင်နဲ့စစ်ကိုင်းအစပ် စစ်ကိုင်းတိုင်းထဲက အင်းတော်မြို့နယ်၊ ဗန်းမောက်မြို့နယ်နဲ့ဖောင်းပြင်နယ်ထဲက ဝင်လာတဲ့ကားတွေဖြစ်ပြီး လက်ရှိစင်းခမ်းတံတားမှာ ပိတ်မိနေတာဖြစ်တယ်လို့ အင်းတော်နယ်ထဲက သစ်လုပ်ငန်းရှင်တွေနဲ့နီးစပ်တဲ့အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ဟုတ်တယ် ခါတိုင်းပုံမှန်ဖြတ်တဲ့ လမ်းကြောင်းပဲ အခုက စင်းခမ်းမှာပဲစုပုံပြီးမှပိတ်မိနေတာ အစီးရေ ၁၀၀၀ လောက်ရှိတယ်တဲ့ပိတ်မိနေတာ သူတို့သစ်လုပ်ငန်းရှင်တွေလည်း ပြောတယ် အဲ့မှာပိတ်မိနေတယ်ဆိုပြီး အဲ့ဘက်ကအဖွဲ့အစည်းတွေမလွတ်ပေးတာထင်တယ်”လို့သူကပြောပါတယ်။ စစ်ကိုင်းကနေထွက်လာတဲ့ ကျွန်းသစ်ကားတွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ဆီမှာ တရားဝင်အခွန်ဆောင်ကာ ဖြတ်ကူးလာတဲ့ကားတွေဖြစ်ပြီး လက်ရှိ မံစီနယ်မှာတိုက်ပွဲတွေပြင်းထန်နေတာကြောင့်ပိတ်မိနေတာဖြစ်နိုင်တယ်လို့   စင်းခမ်းကျေးရွာ စခန်းသိမ်းတိုက်ပွဲမှာပါဝင်ခဲ့တဲ့ LPDF တာဝန်ရှိသူတစ်ဦးကပြောပါတယ် ။ “သစ်ကားတွေကျွန်းသစ်ကားတွေနေမှာပါ့အေး ပိတ်ရင်လည်းပိတ်လောက်တယ် ဘာကြောင့်ပိတ်လောက်လဲဆိုတော့ သူတို့ကအဲ့ဒီမှာအရင်တုန်းကစစ်ကောင်စီက အမြဲတမ်းဂိတ်ကြေးကောက်စားတဲ့ ဟာလေး မြစ်ကူးတံတား အခုကကျတော့ ကျွန်တော်တို့ဘက်က သိမ်းပိုက်ပြီးမှာဂိတ်မှာထိုင်လိုက်တယ်ဆိုတော့ဟိုမှာမံစီမှာလည်းတိုက်ပွဲ ဖြစ်နေတယ်ဆိုတော့လမ်းကမံစီလမ်းဖြတ်ရတာဆိုတော့ပိတ်လောက်တယ်”လို့သူကပြောပါတယ်။ စင်းခန်းကျေးရွာထဲက စစ်ကောင်စီတပ်စခန်း၊ရဲစခန်းနဲ့ကာကင်းဂိတ်တွေကို KIAပူးပေါင်းတပ်က မေလ ၇ ရက်နေ့မှာသိမ်းလိုက်ပြီးနောက် စင်းခမ်းတံတားကို KIA၊KPDF ပူးပေါင်းတပ်တွေက ထိန်းချုပ်လိုက်တာဖြစ်ပြီးအဲ့ဒီသစ်ကား အစီးရေ ၁၀၀၀ နီးပါးဟာ မေလ ၇ ရက်နေ့နောက်ပိုင်း ရောက်လာတဲ့ကားတွေလို့သိရပါတယ်။ စင်းခန်းကျေးရွာမသိမ်းမှီအချိန်ထိတော့ စစ်ကောင်စီတပ်ဟာ စင်းခမ်းတံတားမှာ ဂိတ်ထိုင်ပြီး သစ်ကားတစ်စီးကို ငွေကျပ် ၄သိန်း အခွန်ကောက်ခံပြီးဖြတ်သန်းခွင့်ပြုခဲ့တာဖြစ်ပါတယ်။ အဲ့ဒီကျွန်းသစ်ကားတွေဟာ အင်းတော်၊ဗန်းမောက်၊ ဖောင်းပြင်နယ်တွေထဲကနေ ဒီဇင်ဘာလလောက်ကတည်းကနေ စုဆောင်းထားတဲ့သစ်တွေဖြစ်ပြီး လက်ရှိသစ်ရာသီကုန်တော့မှဖြစ်တာကြောင့် တရုတ်ပြည်ကိုတင်ပို့ရာကနေ ပိတ်မိနေတာလို့သိရပါတယ်။ အင်းတော်၊ဗန်းမောက်၊ ဖောင်းပြင်နယ်တွေထဲကနေထွက်တဲ့သစ်ကားတွေအများအပြားဟာ NUG အစိုးရအုပ်ချုပ်ရေးစနစ်လည်ပတ်နေတဲ့ စစ်ကိုင်းတိုင်းမော်လူးမြို့ကိုဖြတ်ပြီးတရုတ်ပြည်ထဲအထိဝင်ရောက်နေတာဖြစ်ပါတယ်။ မော်လူးမြို့ကိုဖြတ်ပြီးတရုတ်ပြည်ကိုတင်သွင်းတဲ့လုပ်ငန်းရှင်ကြီးတွေရဲ့သစ်ကားတွေဟာ NUG ဆီအခွန်ဆောင်ထားတာကြောင့် အဖမ်းအဆီးမရှိ လွတ်ပေးနေ တာဖြစ်ပြီး မော်လူးဒေသထဲကအခွန်မဆောင်တဲ့ တနိုင်တပိုင်လုပ်သစ်လုပ်ငန်းရှင်တွေကိုတော့ ဖမ်းဆီးခံနေရတယ်လို့ဆိုကာ လွန်ခဲ့တဲ့လက ပြည်သူအချို့မော်လူးမြို့အုပ်ချုပ်ရေးတာဝန်ရှိသူတွေကို ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ စစ်ကိုင်းတိုင်းထဲက အထက်ဖော်ပြပါမြို့နယ်တွေမှာ စစ်အာဏာသိမ်းနောက်ပိုင်းသစ်ထုတ်လုပ်မှုတွေပိုမိုများပြားလာနေတာကြောင့် သစ်တောပြုန်းတီးမှုများလာပြီး ရာသီဥတုပူပြင်းတာ၊ စိုက်ပျိုးရေးလုပ်ငန်းတွေထိခိုက်လာတာစတဲ့ ပြဿနာတွေကိုဒေသခံတွေကြုံတွေ့နေရတယ်လို့သိရပါတယ်။ By – Zaw Zaw

    Read More »
  • 22 May
    သတင်း

    ဗန်းမော်မြို့တွင်း လမ်းမဘေးမှာ မူးယစ် ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေများလာ

    ကချင်ပြည်နယ် ဗန်းမော်မြို့ တွင်းနေရာတစ်ချို့မှာ မူးယစ်ဆေးဝါးတွေကို လမ်းမဘေးပေါ်တင်ရောင်းချပြီး သုံးစွဲနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဗန်းမော်မြို့ ကမ်းနားဈေးတစ်လျှောက် မူးယစ်ဆေး အရောင်းအဝယ်လုပ်သူ‌တွေဟာ လမ်းမဘေးမှာ ပေါ်ပေါ်တင်တင် ရောင်းဝယ်သုံးစွဲ‌ နေကြပြီး လမ်းသွားလမ်းလာသူတွေကိုခြိမ်းခြောက်ပြောဆိုတာတွေလည်းရှိနေတယ်လို့ ဒေသခံအမျိုးသားတစ်ယောက်က ပြောပါတယ်။ “အဲ့ဒီ ကမ်းနားတစ်လျှောက်မှာ…

    Read More »
Back to top button