မခန္ဓီး

  • May- 2024 -
    20 May
    သတင်း

    ခတ်ချို၊မခန္တီး၊ နောင်ဟီး ကူးသို့ဆိပ်အားလုံး ယာယီပိတ်

    မြစ်ကြီးနားမြို့ရဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်း ဝိုင်းမော်မြို့နယ်ထဲက ခတ်ချို၊ နောင်ဟီးရွာ၊ မခန္တီး ရွာမှာရှိတဲ့ ကူးသို့ဆိပ်တွေအားလုံးကို ဒီနေ့ နေ့လည်ကစပြီး ဖြတ်သန်းသွားလာခွင့်ယာယီပိတ်လိုက်ပြီဖြစ်တယ်လို့ ခတ်ချိုဒေသခံတွေကပြောပါတယ်။ မေလ ၂၀ ရက်နေ့ ဒီနေ့ နေ့လည် ၁ နာရီဝန်းကျင်ကစပြီး စစ်ကောင်စီတပ်ဘက်က ပိတ်ခိုင်းလိုက်တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ “ဟုတ်တယ် နေ့လည်ကတည်းက ပိတ်ခိုင်းလိုက်တာတဲ့ ခုက ဘယ်စက်လှေမှမထွက်တော့ဘူးလို့ သိရတယ်”လို့ နောင်ဟီးဒေသခံတစ်ယောက်က ပြောပါတယ်။ ဒီကူးသို့ဆိပ်ရှိတဲ့ ခတ်ချို၊မခန္တီး၊ နောင်ဟီး တစ်ဆက်တည်းရှိတဲ့ရွာတွေဖြစ်ပြီး မြစ်ကြီးနားမြို့ရဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ ရွာတွေဖြစ်ပါတယ်။ အိမ်ခြေအများအပြားရှိပြီး ရွာပေါင်း ၁၀ ရွာထက်မနည်းရှိပြီး ဒေသခံထောင်းချီဟာ မြစ်ကြီးနားဘက်ကိုသွားဖို့ စက်လှေနဲ့ကူးကြတဲ့ စက်လှေကူးသို့ဆိပ်တွေဖြစ်ပါတယ်။ အဲဒီထဲကမှ ခတ်ချိုကျေးရွာဟာ ဝိုင်းမော်မြို့နဲ့အနိီးဆုံးမှာရှိတဲ့ ရွာဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ ဝိုင်းမော်မြို့ကနေ – ရွှေညောင်၊အောင်မြေ ၁ ရွာဘက်ကို သွားတဲ့လမ်းမပေါ်ရှိပြီး အင်းလေးရွာမရောက်ခင် လမ်းဆုံကနေ ညာဘက်ကို ၅ မိနစ်ဝန်းကျင်ဝင်သွားရကာ ဧရာဝတီမြစ်ကမ်းနံဘေးရှိတဲ့ရွာဖြစ်ပါတယ်။  ခတ်ချိုရဲ့တစ်ဖက်ကမ်းမှာတော့ ဇီးလွန်ရပ်ကွက်ရှိတာဖြစ်ပါတယ်။ ဇီးလွန်ရွာဟာ မြစ်ကြီးနားမြို့တွင်းကနေ စစ်ကောင်စီတပ်ရဲ့ ရဲတပ်ရင်း ၃၀ နဲ့အကျဉ်းထောင်ရှိတဲ့ လယ်ကုန်းရပ်ကွက်နဲ့တစ်ဆက်တည်းရှိတဲ့ရပ်ကွက်တွေဖြစ်ပါတယ်။ အလားတူ မခန္တီးကျေးရွာဟာ ခတ်ချိုရွာရဲ့အောက်ဘက်မှာရှိပြီး ဂေါ်ရခါးလူမျိုးအများစုနေထိုင်တဲ့ရွာဖြစ်ပါတယ်။ မခန္တီးရဲ့တစ်ဖက်ကမ်းကြက်ပေါင်ခြံရပ်ကွက်ရှိပါတယ်။ ဒါ့အပြင် နောင်ဟီးရွာကလည်း ခတ်ချိုကျေးရွာ၊မခန္တီးကျေးရွာရဲ့အောက်ဘက်မှာရှိတဲ့ ရွာဖြစ်ပြီး ဧရာဝတီမြစ်ကမ်းနံဘေးမှာရှိကာ နောင်ဟီးရွာရဲ့တစ်ဖက်ကမ်းမှာတော့ ကြက်ပေါင်ခြံရပ်ကွက်နဲ့ စစ်တပ်ရဲ့ ၃၇ တပ်ရှိပါတယ်။ ကြက်ပေါင်ခြံရပ်ကွက်ဟာ မြစ်ကြီးနားမြို့တွင်းကနေ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုသွားတဲ့ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မြို့သစ်ကြီးရပ်ကွက်ကနေ ၁၀ မိနစ်ခန့်ချိုးဝင်တဲ့နေရာမှာရှိပါတယ်။  ဒီကူးသို့ဆိပ်နေရာတွေအားလုံးဟာ စစ်ကောင်စီတပ်ရဲ့ အဓိကျဆုံး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အပြင် တပ်ရင်း၊တပ်ဖွဲ့တွေရှိတဲ့နေရာတွေနဲ့အလွန်နီးကပ်နေပြီး မေလ ၇ ရက်နေ့ KIA ပူးပေါင်းတပ်တွေရဲ့စစ်ဆင်ရေးစတင်ခဲ့တဲ့နေ့ကစပြီး ရေလမ်းကြောင်း လုံခြုံရေးအပြည့်ချထားတဲ့နေရာတွေလည်းဖြစ်ပါတယ်။ “ဒီမြစ်ကမ်းတစ်လျှောက် ခုစစ်သားတွေအပြည့်ဖြစ်သွားပြီ မနေ့က ကျနော်တို့နောင်ဟီးကနေကူးလာတဲ့ချိန်တောင် ဒီဘက်ကမ်းမှာ စစ်သားတွေအပြည့်ဘဲ ပိုများလာတယ်။ ပြီးခဲ့တဲ့ ၂ လထဲကတော့ရှိတယ် ဒါပေမယ့် ခုပိုများလာပြီ”လို့ နောင်ဟီးကျေးရွာပြည်သူတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် ခတ်ချိုအောက်ဘက်တစ်ကြောမှာရှိတဲ့ မခန္တီးကျေးရွာ၊နောင်ဟီးကျေးရွာ၊စန်းကားကျေးရွာ၊တာစန့်ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေအင်အားဖြည့်တင်းပြီး စစ်ဆေးရေးတင်းကြပ်လာတာကြောင့်  ဒေသခံပြည်သူတွေဟာ အများပိုင်း ရွာကနေ ထွက်ပြေးတိမ်းရှောင်သွားကြပြီဖြစ်ပါတယ်။ အဲဒီထဲက နောင်ဟီးကျေးရွာအောက်ဘက်မှာရှိတဲ့ စန်းကားကျေးရွာဟာ စစ်တပ်ရဲ့နမ့်ပေါင်လေတပ်စခန်းမျက်နှာချင်းဆိုင်ရွာမှာရှိပြီး မေလ ၁၉ ရက်နေ့ နမ့်ပေါင်လေတပ်စခန်းပစ်ခံရချိန် လေတပ်စခန်းကနေ ပြန်ပစ်ခတ်တဲ့လက်နက်ကြီး ၃ လုံး ရွာရဲ့နောက်ဘက် တောစပ်စတ်နေရာမှာ ကျရောက်ပေါက်ကွဲတာလည်းရှိခဲ့တယ်လို့ သိရပါတယ်။ By – ဇမီ

    Read More »
Back to top button