မန်ခိန် အ.ထ.က ကျောင်းတွင် ဆိုင်ကယ်ခိုးမှု မကြာခဏကြုံတွေ့နေရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်ရှိ အထက်တန်းကျောင်းတွင် ပြီးခဲ့သည့် ဇွန်လ တစ်လအတွင်း ဆိုင်ကယ် ၄စီး အခိုးခံလိုက်ရကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ လက်ရှိ ကျောင်းတက်နေသည့် ဆရာ/ဆရာမများနှင့် ကျောင်းသားမိဘများ၏ ဆိုင်ကယ်များဖြစ်ပြီး နှစ်ပတ်ခြားတစ်ကြိမ်ခန့် ပုံမှန် ခိုးမှုဖြစ်ပွားနေသည်ဟု အမည်မဖော်လိုသူ ဒေသခံကဆိုသည်။ "ဆိုင်ကယ်က နှစ်ပတ်ခြားတစ်ခါလောက်ကိုပျောက်နေတာ။ ပျောက်တာကလည်းအသစ်တွေကြီးပဲ။ ကျောင်းစစအပ်တဲ့အချိန်မှာအချိန်မှာ ပထမဆုံးပျောက်တာ နောက် ကျောင်းဆောင်မီးရှို့ ခံရပြီးနောက်တစ်စီးထပ်ပျောက်တယ်ကြားတယ်။ လကုန်ခါနီးကို နှစ်စီးပျောက်သေးတယ်လို့ကြားတယ်"ဟုပြောပြသည်။ အခုလို ဆိုင်ကယ်အခိုးခံရမူများကြောင့် လာမည့်အပတ်မှစတင်ပြီး ကျောင်းသားမိဘများနှင့်အပြင်လူများကို