အလုပ်ထုတ်ခံရသည့် အလုပ်သမားက အလုပ်ရှင် မိသားစုဝင် ၃ဦးကို ဓားထိုနက်မှုပြုလုပ်

ဖားကန့်မြို့နယ် စပေါ့ကျေးရွာတွင် သံတိုသံစ လိုက်ဝယ်သူ အလုပ်သမားတစ်ဦး အလုပ်ထုတ်ခံရသည်ကို မကျေနပ်၍ အလုပ်ရှင် မိသားစုဝင်သုံးဦးအား ဓားဖြင့်ဝင်ထိုးရာ အခြေအနေစိုးရိမ်ရကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ နံနက် ၁ နာရီဝန်းကျင်ခန့်တွင် စပေါ့ကျေးတွင် သံတိုသံစဝယ်သည့် လုပ်ငန်းရှင်တစ်ဦးက အလုပ်သမား (အမျိုးသား) တစ်ဦးအား မူးယစ်ဆေးဝါးသုံးစွဲသည်ဟုဆိုကာ အလုပ်ထုတ်ခဲ့ရာမှ ယင်းအလုပ်သမား က မကျေမနပ်ဖြစ်၍ အလုပ်ရှင်မိသားစုဝင်သုံးဦးအား ဓားဖြင့်ဝင်ထိုးခဲ့သည့်အတွက် အခြေအနေစိုးရိမ်ရကြောင်း အလုပ်ရှင်မိသားစုနဲ့ယင်းနီးသည့်အမျိုးသား တစ်ဦးက KNG သတင်းဌာနသို့ပြောသည်။