သတင်း

အလုပ်ထုတ်ခံရသည့် အလုပ်သမားက အလုပ်ရှင် မိသားစုဝင် ၃ဦးကို ဓားထိုနက်မှုပြုလုပ်

ဖားကန့်မြို့နယ် စပေါ့ကျေးရွာတွင် သံတိုသံစ လိုက်ဝယ်သူ အလုပ်သမားတစ်ဦး အလုပ်ထုတ်ခံရသည်ကို မကျေနပ်၍ အလုပ်ရှင် မိသားစုဝင်သုံးဦးအား ဓားဖြင့်ဝင်ထိုးရာ အခြေအနေစိုးရိမ်ရကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ နံနက် ၁ နာရီဝန်းကျင်ခန့်တွင် စပေါ့ကျေးတွင် သံတိုသံစဝယ်သည့် လုပ်ငန်းရှင်တစ်ဦးက အလုပ်သမား (အမျိုးသား) တစ်ဦးအား မူးယစ်ဆေးဝါးသုံးစွဲသည်ဟုဆိုကာ အလုပ်ထုတ်ခဲ့ရာမှ ယင်းအလုပ်သမား က မကျေမနပ်ဖြစ်၍ အလုပ်ရှင်မိသားစုဝင်သုံးဦးအား ဓားဖြင့်ဝင်ထိုးခဲ့သည့်အတွက် အခြေအနေစိုးရိမ်ရကြောင်း အလုပ်ရှင်မိသားစုနဲ့ယင်းနီးသည့်အမျိုးသား တစ်ဦးက KNG သတင်းဌာနသို့ပြောသည်။

“ယောက်ျား ဖြစ်သူက လည်ပင်းနဲ့ပခုံးနဲ့ကြားမှာတစ်ချက်ထိုးခံရတယ် နံကြားထဲမှာ နှစ်ချက်ထိုးခံရတယ် မိန်းမဖြစ်သူကတော့မစိုးရိမ်ရဘူး၊ ကလေးကတော့ ငိုလို့ဆိုပြီး ခေါင်းအုံးနံ့ဖိသတ်တာ မသေလို့ဗိုက်ကိုဓားနဲ့ထိုးတာ ဆေးရုံရောက်တဲ့ချိန်မှာ ကလေးကအူတွေကိုထွက်ကျနေတာ”ဟု ယင်းအမျိုးသားကပြောသည်။

ကလေးဖြစ်သူမှာ တစ်နှစ်အရွယ်ရှိ မိန်းခလေးဖြစ်ပြီး လတ်တလော သွေးသွင်းထားရကြောင်း ဖခင်ဖြစ်သူမှာလည်း စိုးရိမ်ရကြောင်း သိရသည်။

“ဘေးနားကလူတွေပြောတာတော့ အဲ့ဗူး အဲ့အလုပ်သမားကမူးယစ်ဆေးဝါးလုပ်လို့မလို့အိမ်ကနေထုတ်လိုက်တဲ့ပုံစံမျိုး အဲ့တာကိုမကျေနပ်တော့တစ်လလောက်နေပြီးမှ မနေ့ညက ညတစ်နာရီလောက်မှာ ဝင်ထိုးလိုက်တာ”ဟု ယင်းမိသားစုနဲ့ယင်းနီးသည့် အမျိုးသားတစ်ဦးကပြောသည်။

ဓားထိုးမှုကျူးလွန်ခဲ့သည့် ယင်းအမျိုးသားကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ဖမ်းဆီးထိန်းသိမ်းထားလိုက်ပြီ ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါဓားထိုးခံရသည့် မိသားစုဝင်သုံးဦးကို ကွန်းဖောင်ဒေးရှင်လူမှုကူညီရေး အသင်းကားနှစ်စီးဖြင့် မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင်ထားကြောင်းလည်းသိရသည်။

Show More

Related Articles

Back to top button