မိုင်းခေါင် စစ်ရှောင်စခန်းတွင် မီးလောင်မှုဖြစ်ပွား၊ အရေးပေါ်အကူညီလိုအပ်

ကချင်ပြည်နယ် ဗန်းမော်မြို့ မိုင်းခေါင်ကျေးရွာ KBC စစ်ရှောင်စခန်းအတွင်း ယမန်နေ့ မနက်တွင် မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် အရေးပေါ် အကူညီများ လိုအပ်နေကြောင်း သိရပါသည်။ မီးဖိုချောင်မှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အိမ်ထောင်စု (၅) စု၏ လူနေအိမ်တန်းလျား(Shelter) နှင့် အိမ်သုံးပစ္စည်းများ မီးလောင်မှုတွင် ပါဝင်ဆုံးရှုံးသွားကြောင့် စစ်ရှောင်စခန်းတာဝန်ခံ ဆရာနော်မိုင်ထံမှ သိရပါသည်။ “စပြီး လောင်တာက ထမင်းချက်ပြီး မီးစနဲနဲကျန်ရာ ကနေ စလောင်တာဖြစ်မယ်။ အခုလတ် တလောလိုအပ်နေတာက ဆောင်းရာသီဆိုတော့ စောင်…