မီးဘေးသင့်ပြည်သူများ

  • Jan- 2023 -
    5 January
    သတင်း

    ဒီပဲယင်းနယ် ကျေးရွာပေါင်း ၃၀ ကျော် မီးရှို့ဖျက်ဆီးခံရတဲ့ မီးဘေးသင့်ပြည်သူတွေအတွက် အရေးပေါ်အကူအညီလိုအပ်နေ

    စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာပေါင်း ၃၀ က မီးဘေးသင့်ပြည်သူတွေအတွက် အရေးပေါ်အကူညီတွေ လိုအပ်နေကြောင်း စစ်ဘေးရှောင် ကူညီနေသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း စစ်ကောင်စီက ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာတွေမှာ နယ်မြေရှင်းလင်းရေး ခေါင်းစဥ်နဲ့ ဝင်ရောက်စီးနင်း မီးရှို့ခဲ့လို့ နေအိမ် ၃၀၀၀ ကျော် မီးလောင်ပြာကျခဲ့ရပြီး အရေးပေါ်အကူညီတွေလည်း လိုအပ်နေတယ်လို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ “အစပိုင်းမှာတော့ အလှူရှင်တွေ ကူညီကျတဲ့ ဆန်တွေပဲတွေ နဲ့ ဘုန်းကြီးကျောင်းတွေမှာ ပေါင်းပြီး ချက်ပြုတ်ပေးတာရှိတယ်။ တစ်ချို့ကျ ကိုယ့်ဘာသာ အဆင်ပြေအောင် ဖြေရှင်းကြရတယ်။ ကျနော်တို့ ကူညီနိုင်တာကလည်း တစ်အိမ်မှာ ဆန်တစ်ပြည် ငွေတစ်သောင်းပဲလေ အိမ်ခြေက ၃၀၀၀ ကျော်ဆိုတော့ ခက်တာပေါ့။ ကျန်းမာရေးနဲ့ပတ်သက်လို့ အရေးပေါ်ဆေးကုသဖို့ မလွယ်ကူပါဘူး” လို့ ပြောပါတယ်။ ဒီပဲယင်းမြို့နယ်က ကျေးရွာတွေမှာ ဝင်ရောက် စီးနင်းမီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ မော်လိုက်အခြေစိုက် ခမရ–၃၆၄ နှင့် မှောဘီအခြေစိုက် ရန်ကုန်အထူးပြု ခလရ–၇၀၁ တပ်တွေဖြစ်တယ်လို့…

    Read More »
Back to top button