ရေဦးတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၅ ဦး ထိခိုက် သေဆုံးပြီး PDF ဘက်က ၃ ဦးကျဆုံးဟုဆို
,
စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် မဲကုန်းကျေးရွာတွင် စစ်ကောင်စီတပ်၏ လက်ချက်ဖြင့် လူနေအိမ် ၄၀၀ ကျော် မီးရှို့ဖျက်ဆီးခံရသည့်အတွက် မီးဘေးသင့်ပြည်သူ ၁၈၀၀ ကျော်အတွက် အဝတ်အထည် နှင့် အစားအသောက်များ အရေးပေါ် အကူအညီလိုအပ်နေကြောင်း ယင်းဒေသခံများထံမှသိရသည်။ ဇွန်လ ၁၃ ရက်နေ့ ဝက်လက်မြို့နယ် သမာကုန်းနှင့်မဲကုန်းကျေးရွာဘက်သို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဇွန်လ ၁၄ ရက်နေ့တွင် မဲကုန်းကျေးရွာကို လေကြောင်းလိုင်းအပါအဝင် မီးရှို့ဖျက်ဆီးခဲ့သောကြောင့် လတ်တလောတွင် မီးဘေးသင့်ပြည်သူ ၁၈၀၀ ကျော်