မော်ဖောင်းရွာ

  • Apr- 2024 -
    22 April
    သတင်း

    မော်ဖောင်းရွာက ဖမ်းဆီးခံထားရတဲ့ ဘာသာရေးဆရာ ၃ ဦးနဲ့ကျောင်းစောင့် ၂ ဦး မိသားစုဝင်တွေနဲ့အဆက်သွယ်မရ

    မြစ်ကြီးနားမြို့ မော်ဖောင်းကျေးရွာက ဖမ်းဆီးခံထားရတဲ့ ဘာသာရေးဆရာ ၃ ဦးနဲ့ဘုရား ကျောင်းစောင့် ၂ ဦး ၂ ရက်ကြာလာပေမဲ့ လက်ရှိချိန်ထိ မိသားစုဝင်တွေနဲ့အဆက်သွယ်မရ သေးတဲ့အပြင် ဘယ်နေရာမှာဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာလည်း မသိရသေးဘူးလို့ ဖမ်းဆီးခံရသူနဲ့ နီးစပ်တဲ့အသင်းသားတွေဆီကနေ သိရပါတယ်။ ဧပြီ ၂၀ ရက်နေ့ ည ၁၀ နာရီခွဲဝန်းကျင် မော်ဖောင်းကျေးရွာ ကချင်နှစ်ခြင်းခရစ် ယာန် KBC အသင်းတော် ဘုရားကျောင်းဝင်းထဲက သင်းအုပ်ဆရာတစ်ပါးနဲ့အတူ အမှု တော်ဆောင်ဆရာ ၁ ဦး၊ ကျောင်းစောင့် ၁ ဦး စုစုပေါင်း ၃ ဦးကို စစ်တပ်ကဖမ်းဆီးသွားတာဖြစ်ပါတယ်။ ဒါ့အပြင် တစ်ဆက်တည်းမှာ မော်ဖောင်းကျေးရွာ ကတ်သလစ်အသင်းတော်ဘုရား ကျောင်းဝင်းထဲက တရားဟောဆရာ ၁ ဦး၊ ကျောင်းစောင့် ၁ ဦးကိုလည်း ထပ်ပြီး ဖမ်းခေါ်သွားတာကြောင့် တစ်ညထဲမှာ ဘာသာရေးခေါင်းဆောင် ၃ ဦး၊…

    Read More »
Back to top button