ဖမ်းဆီးခံရမှုသတင်း

မော်ဖောင်းရွာက ဖမ်းဆီးခံထားရတဲ့ ဘာသာရေးဆရာ ၃ ဦးနဲ့ကျောင်းစောင့် ၂ ဦး မိသားစုဝင်တွေနဲ့အဆက်သွယ်မရ

မြစ်ကြီးနားမြို့ မော်ဖောင်းကျေးရွာက ဖမ်းဆီးခံထားရတဲ့ ဘာသာရေးဆရာ  ဦးနဲ့ဘုရား ကျောင်းစောင့် ၂ ဦး  ရက်ကြာလာပေမဲ့ လက်ရှိချိန်ထိ မိသားစုဝင်တွေနဲ့အဆက်သွယ်မရ သေးတဲ့အပြင် ဘယ်နေရာမှာဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာလည်း မသိရသေးဘူးလို့ ဖမ်းဆီးခံရသူနဲ့ နီးစပ်တဲ့အသင်းသားတွေဆီကနေ သိရပါတယ်။

ဧပြီ ၂၀ ရက်နေ့ ည ၁၀ နာရီခွဲဝန်းကျင် မော်ဖောင်းကျေးရွာ ကချင်နှစ်ခြင်းခရစ် ယာန် KBC အသင်းတော် ဘုရားကျောင်းဝင်းထဲက သင်းအုပ်ဆရာတစ်ပါးနဲ့အတူ အမှု တော်ဆောင်ဆရာ  ဦး၊ ကျောင်းစောင့်  ဦး စုစုပေါင်း  ဦးကို စစ်တပ်ကဖမ်းဆီးသွားတာဖြစ်ပါတယ်။

ဒါ့အပြင် တစ်ဆက်တည်းမှာ မော်ဖောင်းကျေးရွာ ကတ်သလစ်အသင်းတော်ဘုရား ကျောင်းဝင်းထဲက တရားဟောဆရာ  ဦး၊ ကျောင်းစောင့် ၁ ဦးကိုလည်း ထပ်ပြီး ဖမ်းခေါ်သွားတာကြောင့် တစ်ညထဲမှာ ဘာသာရေးခေါင်းဆောင်  ဦး၊ ဘုရေားကျောင်းစောင့် ၂ ဦးကို စစ်တပ်ကဖမ်းသွားတာပါ။

ဘာကြောင့်ဖမ်းတယ်ဆိုတာလဲမသိဘူး။ ညအချိန်ဆိုတော့ ဘုရားကျောင်းမှာ လူတွေလည်း အဲ့လောက်မရှိဘူး။ ဆရာတွေက ဘုရားကျောင်းမှာ နောက်နေ့အတွက် လာရောက်ပြင်ဆင်နေရင်း ဖမ်းခံရတာ။ KBC က သင်းအုပ်နဲ့ အမှုတော်ဆောင်ဆရာ  ဦး  ကျောင်းစောင့်  ဦး၊ RC က တရားဟောဆရာ  ဦး၊ ကျောင်းစောင့်  ဦး စုစုပေါင်း  ဦးဖမ်းသွားတာဟုတ်တယ်။ စစ်တပ်က ဘာကြောင့်လာဖမ်းသွားတယ်ဆိုလည်း ပြောဖို့ကခက်တယ်” လို့ နီးစပ်သူအသင်းသားတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ဧပြီလ ၂၁ ရက် တနင်္ဂနွေနေ့ ဘုရားကျောင်းဝတ်ပြုဖို့ လိုအပ်တာတွေ လာရောက်ပြင်ဆင်နေချိန်  ဖမ်းဆီးခံသွားရတာဖြစ်တယ်လို့ ပြောပါတယ်။

လက်ရှိမှာ ဖမ်းဆီးခံရသူတွေကို ဘယ်နေရာမှာထိန်းသိမ်းထားတယ်ဆိုတာကို မသိရတဲ့အပြင် ဖမ်းဆီးခံရသူတွေနဲ့လည်း အဆက်အသွယ်မရပဲ တစ်ဆင့်ခံ PCG အဖွဲ့ကနေသာ သတင်းစကားကြားရတယ်လို့ ပြောပါတယ်။

အခု အသင်းတော်ကနေရော၊ မိသားစုဝင်တွေရော အားလုံးလိုက်တော့ လိုက်နေတယ်။ PCG ကနေ သတင်းကြားရတာကတော့ သူတို့ကို ကျန်းကျန်းမာမာ ကောင်းကောင်းထားထားတယ် ဆိုတာပဲ။ ဒါပေမဲ့ ဘယ်နေရာမှာ ဘယ်လိုထားထားတယ်ဆိုတာတော့ မသိရှိရဘူး။ အတိအကျ ကောင်းကောင်းမပြောပြဘူး။ စစ်တပ်အနေနဲ့ ခြေပါလက်ပါ ရိုက်နှက်တာတွေ တစ်ခုမှမလုပ်ပဲ ကောင်းကောင်းမွန်မွန်နဲ့ အမြန်ဆုံး အသင်းတော်ထံ  နေအိမ်ထံ အမြန်ရောက်လာစေချင်တယ်။”” လို့ သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင် မြစ်ကြီးနား နန့်ပေါင်စစ်တပ် လေယာဉ်ကွင်းကို  မြို့တွင်းပျောက်ကျားတပ်ဖွဲ့ NBPDF အဖွဲ့ကနေ ရှော့တိုက်ဒုံး နဲ့  တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် စစ်တပ်က ညနေပိုင်း  နာရီဝန်းကျင်မှာ KIA တပ်ရင်း ၁၁ ဘက်ကို စစ်ကောင်စီတပ်တွေက ဂျက်လေယာဉ်တစ်စီးနဲ့ ဗုံး  လုံး လာရောက် ကျဲခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေကပြောပါတယ်။

ဒီလိုဖြစ်စဉ်ပြီးနောက် နောက်နေ့ ဧပြီ ၂၀ ရက်နေ့ည မြစ်ကြီးနား စစ်ကောင်စီလေတပ်စခန်းအနီးရှိ မော်ဖောင်းကျေးရွာက ဘာသာရေးဆရာတွေကို စစ်တပ်ကလာရောက် ဖမ်းခေါ်သွားတာဖြစ်ပါတယ်။

ဟိုတစ်နေ့က လေတပ်စခန်းမှာ ရှေ့ာတိုက်ဒုံးပစ်ခံရတာကြောင့်များလားဆိုပြီး ရွာသားတွေက ခန့်မှန်းကြတာပေါ့။ ဒါကတော့ အားလုံးရဲ့ ထင်မြင်ချက်ပါပဲ။ ဘာကြောင့်ဖမ်းတယ်ဆိုတာ ဘယ်သူမှလည်းမသိရဘူး။ အရင်ရှေ့တွေမှာလည်း တစ်ခုခုဆိုရင် မေးမြန်းစစ်ဆေးဖို့ ခေါ်တာတွေတော့ ရှိတယ်။ဒါပေမဲ့ အခုလိုမျိုး ဘာသာရေးခေါင်းဆောင်တွေထိ ဖမ်းခေါ်လာချိန်ကြ အားလုံး စိုးရိန်တုန်လှုပ်နေကြရတာပေါ့လို့ မော်ဖောင်းဒေသခံ ဖမ်းဆီးခံရသူနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။  

မြစ်ကြီးနား မော်ဖောင်းကျေးရွာအနီး စစ်ကောင်စီလေတပ်စခန်း အခုနောက်ပိုင်း ဆက်တိုက်ဆိုသလို တိုက်ခိုက်ပစ်ခတ်ခံနေရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြောက်ပိုင်းတိုင်းအနီး ပစ်ခတ်မှုဖြစ်တိုင်း မော်ဖောင်းကျေးရွာ ဒေသခံတွေ မကြာခန ဖမ်းဆီးခံရတဲ့ဖြစ်စဉ်တွေ ရှိနေတာလည်းဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button