မြစ်ကြီးနားမြို့
-
Mar- 2026 -17 Marchသတင်း
မြစ်ကြီးနားမြို့လေဆိပ်ပြန်လည်ဖွင့်လှစ်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့လေဆိပ် ဒီကနေ့မှာဘဲ စတင်ဖွင့်လှစ်ပြီဖြစ်တယ်လို့ လေကြောင်းလိုင်းမှာ အလုပ်လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေဆီကနေ သိရပါတယ်။ “ဒီနေ့ လေဆိပ်တော့ဖွင့်ပြီ လက်မှတ်မရောင်းသေးတဲ့အတွက် ကျွန်တော်တို့ကလည်း မှန်းလို့မရသေးဘူးလေ။ ဒီနေ့လေဆိပ်တော့ဖွင့်ပြီ”လို့ လေကြောင်း ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ မြစ်ကြီးနားလေဆိပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ…
Read More » -
4 Marchသတင်း
ကချင်ပြည်နယ်ရဲ့မြို့နယ်တစ်ချို့မှာ ဆီဆိုင်အများပိုင်းပိတ်၊ စက်သုံးဆီအကန့်သတ်နဲ့ဝယ်ယူနေရ
ကချင်ပြည်နယ်ရဲ့မြို့တော် မြစ်ကြီးနားမြို့အပါအဝင် ဖားကန့်၊ ပူတာအို၊ တနိုင်း စတဲ့မြို့တွေမှာ ဒီကနေ့ မတ်လ ၄ ရက်နေ့ကစလို့ ဆီဆိုင်တွေမှာတန်းစီနေတဲ့လူတန်းရှည်ကြီးတွေတွေ့လာရသလို စက်သုံးဆီဆိုင်တချို့က အကန့်အသတ်ဖြင့်သာဆီကို ရောင်းချ တာ၊ တချို့ဆိုင်တွေဆိုပိတ်ထားရတာတွေရှိလာတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဖားကန့်မြို့မှာတော့ ဒီကနေ့မတ်လ…
Read More » -
Feb- 2026 -23 Februaryသတင်း
မြစ်ကြီးနားမှာ ဘိလပ်မြေစျေးစံချိန်တင်မြင့်တက်၊ ဆောက်လုပ်ရေးလုပ်ငန်းများရပ်နားထားရတယ်လို့ဆို
ကချင်ပြည်နယ်ရဲ့မြို့တော် မြစ်ကြီးနားမြို့မှာ ဘိလပ်မြေတစ်အိတ်ကို ကျပ် ၈ သောင်းအထိစံချိန်တင်မြင့်တက်သွားတဲ့အပြင် ပြတ်လပ်မှုတွေလည်းရှိနေတာကြောင့်ဆောက်လုပ်ရေးလုပ်ငန်းတွေရပ်နားထားရတယ်လို့ မြို့ခံတွေနဲ့ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူတွေကပြောပါတယ်။ ဘိလပ်မြေအပါအဝင် အိမ်ဆောက်ပစ္စည်းနဲ့တခြားသောကုန်ပစ္စည်းတွေဟာ မြစ်ကြီးနားမြို့ကို တရုတ်နိုင်ငံမှ နယ်စပ်မြို့ ကံပိုက်တီ ဂိတ်ကနေလည်းဝင်ရောက်သလို မန္တလေး–မြစ်ကြီးနားလမ်းပိုင်းကနေလည်းအဓိကဝင်ရောက်နိုင်တာဖြစ်ပါတယ်။ ဒါပေမဲ့ မန္တလေး–မြစ်ကြီးနားလမ်းပိုင်းက ကုန်ကားတွေကို…
Read More » -
21 Februaryသတင်း
မြစ်ကြီးနားမြို့ လေကြောင်းလိုင်း သုံးလကြာ ရပ်နားမည်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့က လေကြောင်းလိုင်း ကို သုံးလ ဝန်းကျင်ကြာ ရပ်နားသွားမှာ ဖြစ်တယ်လို့ မြစ်ကြီးနားမြို့ လေဆိပ်မှာ တာဝန်ထမ်းဆောင်နေတဲ့သူတွေကနေပြီးတော့ အတည်ပြုပါတယ်။ ခုလို မြစ်ကြီးနားလေကြောင်းလိုင်း ပိတ်ပင် လိုက်တာဟာ မနေ့ည (ဖေဖော်ဝါရီ ၂၀ရက် )…
Read More » -
16 Februaryသတင်း
မြစ်ကြီးနား လေယာဉ်ကွင်းမှာ ဒရုန်းကျရောက်မှု စစ်တပ် လက်ချက်ဟု ဗိုလ်မှူးကြီးနော်ဘူ တုံ့ပြန်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လေယာဉ်ကွင်းထဲ အသေခံဒရုန်း ကျရောက်ခဲ့တဲ့ဖြစ်စဉ်မှာ စစ်ကောင်စီတပ်က လူထုကို အမြင်မှားအောင် လုပ်နေတာဖြစ်ပြီး၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရေးနဲ့ မသက်ဆိုင်တဲ့နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ မလုပ်ဘူးလို့ ငြင်းဆိုလိုက်ပါတယ်။ KIA က စစ်ရေးနဲ့ သက်ဆိုင်တဲ့နေရာတွေကိုသာ ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်ပြီး အများပြည်သူ ဒုက္ခရောက်အောင် လုပ်ဆောင်တာ…
Read More » -
13 Februaryသတင်း
မြစ်ကြီးနားမှာ Transformer စက်ကြီးက မီးကြိုးကြီးပါမကျန်ခိုးယူခံနေရ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လျှပ်စစ်မီးကြိုးခိုးယူခံရတဲ့ဖြစ်စဉ် ခပ်စိပ်စိပ်ဖြစ်လာနေပြီး Transformer စက်ကြီးက မီးကြိုးကြီးပါမကျန်ခိုးယူခံနေရတယ်လို့ မြစ်ကြီးနားဒေသခံ ပြည်သူတွေဆီကနေ သိရပါတယ်။ လက်ရှိ KNG စုံးစမ်းရရှိထားချက်အရ ဖေဖော်ဝါရီလ ပထမတစ်ပတ်ကျော်အတွင်း လျှစ်စစ်မီးကြိုးခိုးခံရတဲ့ဖြစ်စဉ် ၃ ခုကြိမ်ထိဖြစ်ခဲ့ပြီး လယ်ကုန်း၊ ဇီးလွန်၊ ကွက်သစ်ဘက်မှာ အဆိုးဆုံးဖြစ်တယ်လို့ သိရပါတယ်။ ပထမဖြစ်စဉ်မှာ ဖေဖော်ဝါရီ ပထမအပတ် လယ်ကုန်း၊ဇီးလွန်၊ကွက်သစ်ရပ်ကွက်ရှိ အိမ်ခြေအများစုကို မီးကြိုးသွယ်ပေးတဲ့ Transformer စက်ကြီးကနေ မီးကြိုးကြီးတွေအားလုံးကို ဖြုတ်ခိုးခံလိုက်ရတယ်လို့ ရပ်ကွက်နေပြည်သူတွေပြာပါတယ်။ ဒါကြောင့် လျှပ်စစ်မီးပြန်လာဖို့အတွက် ကျပ်သိန်း ၆၀ အကုန်ကျခံကာ တစ်အိမ်ကို ၅ သောင်းကျပ်နှုန်းနဲ့ လျှပ်စစ်ကြိုးအသစ်တွေကို ပြန်လည်တပ်ဆင်ပြီး ပြုပြင်ခဲ့ရတယ်လို့ ခုလိုပြောပါတယ်။ “ဖြစ်တာ သုံးလေးရက်တစ်ပတ်မှဘဲ သိတာ။ အကုန်လုံးက မီးမမှန်လို့ဘဲလို့ ထင်ထားကြတာလေ။ သူတို့ဟာက အိမ်မှာသွယ်ထားတဲ့ မီးကြိုးတွေတော့ မဟုတ်တော့ဘဲနဲ့ Transformer က မီးကြိုးအကြီးမျိုး ဖြစ်နေတာတဲ့”လို့ ဆိုပါတယ်။ ဒါအပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့ တပ်ကုန်းရပ်ကွက် အင်ဂျန်ဒုံတောင် service ကြိုးတွေအခိုးခံခဲ့ရသလို ဒီကနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာလည်း လယ်ကုန်းရပ်ကွက် နယ်မြေ ၃မှာလည်း serviceမီးကြိုးတွေ ပြန်အခိုးခံလိုက်တယ်လို့ သိရပါတယ်။ ခုလို မီးကြိုးတွေအခိုးခံရမှုတွေကြောင့် အနည်းဆုံး အိမ်ခြေ ၅ ခုလောက်ကတော့ လျှပ်စစ်မီးတွေ ပျက်ခဲ့ရသလို ငွေကြေးကုန်ကျမှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ခုလို အမှောင်ကျနေတဲ့ အချိန်တွေမှာ ခိုးလေ့ရှိတဲ့ သူခိုးတွေအတွက်ကတော့ လျှပ်စစ်မီး မကြာခန ပြတ်တောက်တာတွေဟာ အားသာချက်လို ဖြစ်နေပါတယ်။ လျှပ်စစ်မီးကြိုးခိုးတာတွေအပြင် အိမ်ထဲက အဖွဲ့လိုက် ဆိုင်ကယ်ဝင်ခိုးတာတွေ၊ ရပ်ကွက်တွေထဲက ပေါ်ပေါ်တင်တင် ဆိုင်ကယ်နဲ့ လက်ဝတ်ရတနာ လုယက်တာတွေကိုပါ ဆက်တိုက်ဖြစ်နေတယ်လို့ သိရပါတယ်။ ခုလို ခိုးဆိုးလုယက်သူတွေဟာ ပိုမိုအတင့်ရဲလာတဲ့အတွက် မြစ်ကြီးနားမြို့က အပြစ်မဲ့ပြည်သူတွေအတွက်ကတော့ လုံခြုံမှုမရှိသလို ပိုမို ခံစားလာရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် လုယက်ခံရတဲ့သူတွေအနေနဲ့လည်း ထိခိုက်ဒဏ်ရခဲ့တဲ့သူတွေရှိသလို တချို့ကတော့ အသက်သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။ KNGကနေပြီးတော့ လက်လှမ်းမှီသလောက် လူမှုကယ်ဆယ်ရေးအသင်းတွေနဲ့ အရပ်သားပြည်သူတွေဆီက ကောက်ယူရရှိခဲ့တဲ့ အချက်အလက်တွေအရဆိုရင် မြစ်ကြီးနားမြို့မှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ ခိုးဆိုးလုယက်မှု ၈ ကြိမ်၊ဖေဖော်ဝါရီလ ၁၄ ကြိမ်၊ မတ်လ ၁၀ ကြိမ်နဲ့ ဧပြီလ ၁၂ ကြိမ်၊မေလ ၆ ၊ ဇွန် ၅ ကြိမ်၊ ဇူလှိုင်လ ၄ ကြိမ်နဲ့ ဩဂုတ်လမှာတော့ ၇ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူနှစ်ဦးရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် တာဝန်ရှိသူတွေအနေနဲ့ ခိုးဆိုးလုယက်မှုတွေကို သေချာ အရေးယူဆောင်ရွက်ပေးဖို့ ပြည်သူတွေကနေပြီးတော့ တောင်းဆိုထားတာ ဖြစ်ပါတယ်။ By – Hope
Read More » -
4 Februaryသတင်း
မြစ်ကြီးနားမြို့မှာ နှစ်ထပ်အိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီမနက်က နှစ်ထပ်အိမ်တစ်လုံး မီးလောင်မှု ဖြစ်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။ ဖြစ်စဉ်ကတော့ ဒီမနက် ၈နာရီ မိနစ်၂၀ ဝန်းကျင်အချိန် မြို့သစ်ကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးနားက နှစ်ထပ်အိမ် တစ်ခုမီးလောင်မှု ဖြစ်ခဲ့ပြီးဆိုင်ကယ်၂စီးနဲ့အတူ အိမ်တစ်ခုလုံး…
Read More » -
Dec- 2025 -2 Decemberသတင်း
မြစ်ကြီးနားမှာ နယ်ထိန်းရဲတွေက မူးယစ်ဆေးရောင်းသူများကို ဒဏ်ရိုက်ပြီး ပြန်လွတ်နေ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့် ဒဏ်ငွေရိုက်ရုံမျှသာလုပ်ပြီး ပြန်လွှတ်ပေးနေတယ်လို့ တပ်နဲ့နီးစပ်သူများထံမှသိရပါတယ်။ မြစ်ကြီးနားမြို့တွင်း နယ်ထိန်းရဲခေါင်းဆောင်တွေဖြစ်တဲ့ ဖြိုးကိုကို၊ ကိုနေဖြိုး ၊ ရဲဒုတပ်ကြပ် မောင်မောင်ကြီး၊ ရဲဒုတပ်ကြပ် ဇော်ဝင်းမိုး၊ တပ်သား ကျော်ထွေးအောင်တို့ဟာ ရမ်ပူ၊ယုဇန၊ခေမာသီရိရပ်ကွက်ရှိ မူးယစ်ဆေးဝါးရောင်းချတဲ့နေအိမ်တွေမှာ ဝင်ရောက်စစ်ဆေးတာတွေလုပ်နေပေမယ့် ပြစ်မှုကျူးလွန်သူတွေကိုဖမ်းဆိးခြင်းမပြုပဲ ပြန်လွတ်ပေးနေတာလို့ တပ်နဲ့နီးစပ်တဲ့အမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “နယ်ထိန်းခေါင်းဆောင် ကိုနေဖြိုးအပါအဝင် ယုနဇ ရပ်ကွက်ထဲက မူးယစ်ရောင်းတဲ့သူစီက သိန်း (၅၀၀) တောင်းသွားတယ် ဟိုနေ့က ။ အရင်လက ရမ်ပူရပ်ကွက်မှာလည်း အတူတူပဲ သိန်း ၂၈၀ ပေးပြီးပြန်လွှတ်ပေးတာ။ အရပ်စကားနဲ့ပြောမယ်ဆိုရင် ဖားရိုက်နေကြတာပေါ့လေ”လို့ ပြောပါတယ်။ အမှတ်(၂) နယ်ထိန်းခေါင်းဆောင် ဖြိုးကိိုကိုအပါအဝင် အထက်မှာဖော်ပြထားတဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာလည်း ရမ်ပူရပ်ကွက် မူးယစ်ဆေးရောင်းတဲ့နေအိမ်တစ်အိမ်ဝင်စစ်ပြီး ငွေသိန်း ၂၈၀၊အိမ်စီးကား၊ ဘိန်းဖြူနဲ့တစ်ခြားမူးယစ်ဆေးဝါးတွေကိုဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ ဖမ်းဆီးသိမ်းသွားတဲ့အိမ်စီးကားကို ရပ်ကွက်ထဲမှာစီးနေတဲ့အတွက် ကားပိုင်ရှင်ဘက်မှတိုင်ကြားဖို့ပြင်ဆင်လာချိန် ကားကိုလည်းထပ်ရောင်းလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ အလားတူ နိုဝင်ဘာလ ၂၀ ရက်နေ့မှာလည်း ခေမာသီရိရပ်ကွက် မူးယစ်ဆေးရောင်းတဲ့နေအိမ်တစ်အိမ်ကို ရဲကား ၃ စီးနဲ့ရောက်လာပြီး ငွေကျပ် သိန်းတစ်ရာဒဏ်ရိုက်သွားတယ်လို့ဆိုပါတယ်။ ဒါ့အပြင် နယ်ထိန်းခေါင်းစဉ်အဖွဲ့တွေဟာ မြစ်ကြီးနားမြို့ထဲ နှစ်လုံး၊ သုံးလုံးရောင်းသူတွေ ၊ မူးယစ်ဆေးဝါးရောင်းသူတွေကို နယ်မြေခံရဲတပ်ရင်း၊ တပ်ရင်း (၃၀) ၊ မူးယစ်တားစီးရေး ရဲတပ်ဖွဲ့တွေပေါင်းပြီး ချဲဒိုင်အသေး၊အကြီးပေါ်မှုတည်ကာ ငွေကြေးတောင်းခံတာတွေလုပ်နေတယ်လို့ သိရပါတယ်။ “မဖမ်းဘူး လုံးဝ မဖမ်းဘူး ကျနော်တို့ဖြစ်စေချင်တာမြစ်ကြီးနားမြို့ထဲက မူးယစ်ဆေးရောင်းတဲ့သူတွေဆိုထိထိရောက်ရောက်ဖမ်းဆီးပေးရမှာလေ ခုသူတို့လုပ်ပုံက ငွေလေးယူလိုက်ပြန်ရောင်းခိုင်းလိုက်နဲ့စီးပွားရှာခိုင်းနေတာ”လို့ ရမ်ပူရပ်ကွက်နေ ဒေသခံအမျိုးသားတစ်ဦးပြောပါတယ်။ မြစ်ကြီးနားမြို့ဒေသခံတွေလိုလားတာက မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေကို ထိထိရောက်ရောက် ဖမ်းဆီးအရေးယူပေးဖို့တောင်းဆိုနေကြတာဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်ရဲ့မြို့တော်မြစ်ကြီးနားမြို့မှာ မူးယစ်ဆေးရောင်းဝယ်သုံးစွဲမှု တစ်နေ့ထက်တစ်နေ့ပိုပြီး ဆိုးရွာလာနေသလို မြို့ပေါ်ရပ်ကွက်တွေမှာ လောင်းကစားဝိုင်းအသေး၊အကြီး စုစုပေါင်း ၅၀ ဝိုင်းခန့်ရှိတယ်လို့ တပ်နဲ့နီးစပ်သူကဆက်ပြောပါတယ်။ “လောင်းကစားဝိုင်းက ၅၀ လောက်ရှိတယ်။ အဲဒါကသူတို့ရဲ့ပုံမှန်ဝင်ငွေရတဲ့နေရာတွေလေ အားလုံးပေါင်းပြီးလုပ်စားနေကြတာ”လို့ ပြောပါတယ်။ ခုလိုမူးယစ်ဆေး၊လောင်းကစားဝိုင်းများလာတာနဲ့အတူ ခိုးမှု၊ဓါးပြမှု၊လုယက်မှုတွေကလည်း နေ့စဉ်နဲ့ဖြစ်နေပါတယ်။ ဒါ့အပြင် ရဲ့တပ်ဖွဲ့ဝင်တွေဟာ ည ၈ နာရီဝန်းကျင် လမ်းဆုံ၊လမ်းခွတွေမှာစောင့်နေပြီး လမ်းသွားလမ်းလာလူငယ်တွေကို အကြောင်းမဲ့ခြိမ်းခြောက်ကာ ငွေတောင်းတာတွေလုပ်နေတယ်လို့လည်း သိရပါတယ်။ By – CJ
Read More » -
Nov- 2025 -18 Novemberသတင်း
ခိုးမှု၊ လုယက်မှုများလာတဲ့ မြစ်ကြီးနားမြို့မှာ ရွှေ၊ ငွေလက်ဝတ်ရတနာဆင်မြန်းပြီးသွားလာကြတဲ့အပေါ် ပြည်သူတွေရဲ့အမြင်ဘယ်လိုရှိလဲ
စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်ဒေသအပါအဝင် တနိုင်ငံလုံးအတိုင်းတာနဲ့ ကုန်ဈေးနှုန်းမြင့်တက်မှု၊ ငွေကြေးဖောင်းပွမှု၊ အလုပ်အကိုင်ရှားပါးမှုတွေက တစ်နေ့ထက် တစ်နေ့ပိုဆိုးရွားလာပါတယ်။ ဒီပြသာနာရဲ့အကျိုးဆက်ကြောင့် ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားမှုဆိုရင် ခိုးဆိုးလုယက်မှုတစ်ပတ် ၃ ကြိမ်ဝန်းကျင်ထိရှိနေပြီး အဓိက ရွှေဆွဲကြိုး၊ လက်ဝတ်ရတနာ ၊ ပိုက်ဆံအိတ်၊ ဆိုင်ကယ်စတဲ့အရာတွေဟာ…
Read More » -
7 Novemberသတင်း
ကားလမ်းပိတ်နေတဲ့အတွက် ပူတာအို – မြစ်ကြီးနားလေယာဉ်လက်မှတ်စျေးထိုးတက်
ကချင်ပြည်နယ်၊ ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းပိတ်နေတဲ့အတွက် လေကြောင်းလိုင်းတွေကြပ်ပြီးလေယာဥ်လက်မှတ်စျေးနှုန်းတွေတဟုန်ထိုးမြင့်တက်သွားကြောင်း လေယာဥ်လက်မှတ်အ ရောင်းဌာနက သိရပါတယ်။ မြစ်ကြီးနား–ပူတာအိုလေယာဥ်လက်မှတ်စျေးနှုန်းပုံမှန်အားဖြင့် ကျပ် ၃၅၀၀၀၀ ( သုံးသိန်းခွဲ)နဲ့ ကျပ် ၄၀၀၀၀၀( လေးသိန်း) ကြားရှိရာကနေ ကားလမ်းပိတ်သွားတဲ့နောက် ကျပ် ၅၀၀၀၀၀(ငါးသိန်း) ကျော်အထိ တက်သွားကြောင်း…
Read More »








