မြစ်ကြီးနားတက္ကသိုလ်မှ အဝေးသင်ပြီးဆုံးသူများကို မြစ်ကြီးနားတွင် ဘွဲ့စတင်ပေးအပ်မည်

မန္တလေးအဝေးသင်တက္ကသိုလ်အောက်၌ရှိသော မြစ်ကြီးနားတက္ကသိုလ်မှ အဝေးသင်ပြီးဆုံးအောင်မြင်သူများအား ဘွဲ့လက်မှတ်ပေးအပ်သည့်အခမ်းအနားကို လာမည့်နှစ်မှစကာ မြစ်ကြီးနားတက္ကသိုလ်တွင်သာ ပြုလုပ်တော့မည်ဖြစ်ကြောင်း မြစ်ကြီးနားတက္ကသိုလ်မှ ပါမေက္ခချုပ် ဒေါက်တာဦးအောင်ဝင်းထံမှ သိရသည်။ ပထမဆုံးအကြိမ် အဝေးသင်ကျောင်းသူ/သားများ၏ ဘွဲ့လက်မှတ်ပေးအပ်မည့် အခမ်းနားကို ဇန်နဝါရီလ ၁၅ ရက်မှ ၂၀ရက်အတွင်း ပေးအပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။ “လန်ဒန်တက္ကသိုလ်ကနေ လာပြီးတော့လေ့လာတယ်။ အကြံဉာဏ်ပေးသွားတယ်။ မန္တလေးအဝေးသင်ဌာနအောက်မှာရှိတဲ့ တက္ကသိုလ်တွေကို မန္တလေးအဝေးသင်တက္ကသိုလ်အောက်မှာ မရှိတော့ဘဲနဲ့ ၂၀၂၀-၂၀၂၁ ကစပြီးတော့ အားလုံးကိုလွှဲပြောင်းယူလိုက်တယ်။ အရင်ကတော့ မန္တာလေးအဝေးသင်တက္ကသိုလ် မြစ်ကြီးဌာန ခုကျတော့…