သတင်း

မြစ်ကြီးနားတက္ကသိုလ်မှ အဝေးသင်ပြီးဆုံးသူများကို မြစ်ကြီးနားတွင် ဘွဲ့စတင်ပေးအပ်မည်

မန္တလေးအဝေးသင်တက္ကသိုလ်အောက်၌ရှိသော မြစ်ကြီးနားတက္ကသိုလ်မှ အဝေးသင်ပြီးဆုံးအောင်မြင်သူများအား ဘွဲ့လက်မှတ်ပေးအပ်သည့်အခမ်းအနားကို လာမည့်နှစ်မှစကာ မြစ်ကြီးနားတက္ကသိုလ်တွင်သာ ပြုလုပ်တော့မည်ဖြစ်ကြောင်း မြစ်ကြီးနားတက္ကသိုလ်မှ ပါမေက္ခချုပ် ဒေါက်တာဦးအောင်ဝင်းထံမှ သိရသည်။

ပထမဆုံးအကြိမ် အဝေးသင်ကျောင်းသူ/သားများ၏ ဘွဲ့လက်မှတ်ပေးအပ်မည့် အခမ်းနားကို ဇန်နဝါရီလ ၁၅ ရက်မှ ၂၀ရက်အတွင်း ပေးအပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။

“လန်ဒန်တက္ကသိုလ်ကနေ လာပြီးတော့လေ့လာတယ်။ အကြံဉာဏ်ပေးသွားတယ်။
မန္တလေးအဝေးသင်ဌာနအောက်မှာရှိတဲ့ တက္ကသိုလ်တွေကို မန္တလေးအဝေးသင်တက္ကသိုလ်အောက်မှာ မရှိတော့ဘဲနဲ့ ၂၀၂၀-၂၀၂၁ ကစပြီးတော့ အားလုံးကိုလွှဲပြောင်းယူလိုက်တယ်။ အရင်ကတော့ မန္တာလေးအဝေးသင်တက္ကသိုလ် မြစ်ကြီးဌာန ခုကျတော့ မဟုတ်တော့ဘူး မြစ်ကြီးနားတက္ကသိုလ်ဝင်ဖြစ်သွားပြီ။ အဲကြောင့် မနှစ်ကကျောင်းပြီးသွားတဲ့ကလေးတွေကို လာမည့်နှစ်ကစပြီး ဒီမှာဘဲ စပေးမယ်။” ဟု မြစ်ကြီးနားတက္ကသိုလ်မှ ပါမေက္ခချုပ် ဒေါက်တာဦးအောင်ဝင်းထံ ပြောသည်။

ယခုနှစ်စတင် ဘွဲ့ယူမည့် အဝေးသင်ကျောင်းသူ/သားများတွင် မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်မှ ကျောင်းသူ/သားများ ပါဝင်မှာ ဖြစ်ပြီး သိပ္ပံ၊ ဝိဇ္ဖာ ကျောင်းသား ဦးရေ ၁သောင်းခွဲ ရှိကြောင်း ၎င်းကဆက်ပြောသည်။

အဝေးသင်ကျောင်းသားများသိအပ်သော ကျောင်းအပ်မည့်ကိစ္စများ ဘွဲ့နှင်းသဘင်အတွက် လျှောက်လွှာများအား မြစ်ကြီးနားအဝေးသင်တက္ကသိုလ် လူမူကွန်ယက်စာမျက်နှာ (Feacbook page) များအပြင်၊ သတင်းစာများ၌လည်း ထည့်သွင်းကြေညာပေးနေကြောင်း မြစ်ကြီးနားတက္ကသိုလ်မှ ပါမေက္ခချုပ် ဒေါက်တာဦးအောင်ဝင်းက ဆိုသည်။

Show More

Related Articles

Back to top button