မေခ မြစ်တွင် မြစ်ရေကြီးမှု သတိပေးစက်တပ်ဆင်လိုက်သဖြင့် မြစ်ကြီးနားမြို့ ရေအတက်အကျ ခန့်မှန်းနိုင် ဟုဆို

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ချီဖွေမြို့နယ်ရှိ မေခမြစ်ပေါ်တွင် မြစ်ရေကြီးမှုကို သတိပေးသည့်စက် တပ်ဆင် ထားနိုင်ပြီ ဖြစ်သည့်အတွက် မြစ်ကြီးနားမြို့၏ ဧရာဝတီမြစ်ရေအတက်အကျကို ခန့်မှန်းနိုင်ပြီ ဖြစ်ကြောင်း ကချင်ပြည်နယ် မိုးလေဝသနှင့် ဇလဗေသညွန်ကြားရေး ဦးစီးဌာနမှ သိရသည်။ ယခုလို ချီဖွေမြို့ မေခမြစ်ပေါ်တွင် မြစ်ရေကြီးမှုသတိပေးသည့်စက် တပ်ဆင်လိုက်ခြင်းကြောင့် ယခင်က ခန့်မှန်းနိုင်ရန် ခက်ခဲခဲ့သည့် မြစ်ကြီးနားမြို့၏ မြစ်ရေအတက်အကျကို ခန့်မှန်းနိုင်တော့မည်ဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေသ ညွန်ကြားရေး ဦးစီးဋ္ဌာနမှ ဦးစီးအရာရှိက