သတင်း

မေခ မြစ်တွင် မြစ်ရေကြီးမှု သတိပေးစက်တပ်ဆင်လိုက်သဖြင့် မြစ်ကြီးနားမြို့ ရေအတက်အကျ ခန့်မှန်းနိုင် ဟုဆို

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ချီဖွေမြို့နယ်ရှိ မေခမြစ်ပေါ်တွင် မြစ်ရေကြီးမှုကို သတိပေးသည့်စက် တပ်ဆင် ထားနိုင်ပြီ ဖြစ်သည့်အတွက် မြစ်ကြီးနားမြို့၏ ဧရာဝတီမြစ်ရေအတက်အကျကို ခန့်မှန်းနိုင်ပြီ ဖြစ်ကြောင်း ကချင်ပြည်နယ် မိုးလေဝသနှင့် ဇလဗေသညွန်ကြားရေး ဦးစီးဌာနမှ သိရသည်။

ယခုလို ချီဖွေမြို့ မေခမြစ်ပေါ်တွင် မြစ်ရေကြီးမှုသတိပေးသည့်စက် တပ်ဆင်လိုက်ခြင်းကြောင့် ယခင်က ခန့်မှန်းနိုင်ရန် ခက်ခဲခဲ့သည့် မြစ်ကြီးနားမြို့၏ မြစ်ရေအတက်အကျကို ခန့်မှန်းနိုင်တော့မည်ဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေသ ညွန်ကြားရေး ဦးစီးဋ္ဌာနမှ ဦးစီးအရာရှိက ယခုလိုပြောသည်။

“ကျနော်တို့က ချီဖွေမှာစက်တစ်လုံးထိုင်ထားပြီ၊ ချီဖွေမှာစက်တစ်လုံးထိုင်ထားပြီဆိုရင် ချီဖွေနဲ့ မြစ်ကြီးနား၂၄ နာရီ အချိန်ယူလို့ရမယ်၊ တီယန်ဇွတ်မှာကျတော့ စက်ကတစ်လုံး အဲ့ဒီစက်နှစ်လုံးကနေထွက်လာရင် မေခနဲ့မလိခက အချက်အလက်နှစ်ခုရမယ်၊ မေခနဲ့မလိခရပြီဆိုရင်မြစ်ကြီးနားကို ရေဘယ်လောက်ဝင်နိုင်မလဲဆိုတာကို တွက်ဆချိန်လို့ရပြီ” ဟု ကချင်ပြည်နယ် မိုးလေဝသနှင့် ဇလဗေဒ ဦးစီးအရာရှိ ဦးနိုင်လင်းထွေး က ပြောသည်။

မေခမြစ်နှင့် မလိခမြစ်တို့‌ ပေါင်းစုံရာမှ ဧရာဝတီမြစ်အဖြစ် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှ မြန်မာပြည်အောက်ပိုင်းသို့ စီးဆင်းသည့်မြစ်ရေဖြစ်သည့်အတွက် ဧရာဝတီမြစ်ရေအတက်အကျသည် မေခမြစ်နှင့် မလိခမြစ်အပေါ်တွင်ရှိသည့် ရေစီးဆင်းမူနှင့်ရေကာတာ၊ မူတည်လျက်ရှိသည်။

ဧရာဝတီမြစ်ရေ အတက်အကျအား ယခင် မလိခမြစ်ရှိရေကာတာ၂ ခု၏ ရေစီးဆင်းမှုအချက်အလက် လွယ်ကူစွာ ရရှိခဲ့သော်လည်း မေခမြစ်ပေါ်ရှိ ရေကာတာ၆ခု၏ အချက်အလက်ကို မရရှိတာကြောင့် မြစ်ကြီးနားမြို့၏ မြစ်ရေ အတက်အကျကို ကြိုတင်ခန့်မှန်းရန်ခက်ခဲခဲ့ခြင်း ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် မေခမြစ်ရှိ ရေကာတာ ၆ခုစလုံးသည် တရုတ်ပြည်ပိုင်ရေကာတာများဖြစ်သောကြောင့် အချက်အလက် ရရှိခက်ခဲရခြင်းဖြစ်ကြောင်း သိရသည်။

သမိုင်းတစ်လျှောက် ကချင်ပြည်နယ်တွင် ဧရာဝတီမြစ်ရေ၏ စိုးရိမ်ရေအမှတ်သည် ၁၉၇၉ ခုနစ်တွင် (၁၄၁၄)၊ ၂၀၀၄ ခုနစ်တွင် (၁၄၀၈)၊ ၂၀၁၉ခုနစ်တွင် (၁၂၂၉)၊ ၂၀၂၀ခုနစ်တွင် (၁၂၀၀) အထိ ရှိခဲ့သည်။

Show More

Related Articles

Back to top button