မြေသယ်ယာဉ်

  • May- 2024 -
    6 May
    သတင်း

    ဖမ်းဆီးထားတဲ့ မြေသယ်ကား ၆ စီးကို ငွေကျပ် သိန်းငါးထောင်နဲ့ရွေးခိုင်းနေ

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့မှာ ပြည်သူ့စစ်နဲ့စစ်ကောင်စီပူးပေါင်းတပ်တွေက မြေသယ်ကား ၆ စီးဖမ်းဆီးထားပြီး ငွေကျပ်သိန်း ၅၀၀၀ နဲ့ပြန်ရွေးခိုင်းနေတယ်လို့သိရပါတယ်။ ဟိုပင်ပြည်သူ့စစ်ခေါင်းတောင် ဦးငမျိုး(တရုတ်လူမျိုး) ဦးဆောင်တဲ့ပြည်သူ့စစ်တပ်ဖွဲ့နဲ့  စစ်ကောင်စီပူးပေါင်းတပ်က မတ်လ ၅ ရက်ရက်နေ့ ဖားကန့်ဘက်ကိုတက်မယ့် မြေသယ်ကား (၁၀ဘီးကား) ၆ စီးကို ဟိုပင်တိုးဂိတ်အကျော် လမ်းခုလတ်မှာ ဖမ်းဆီးထားပြီး ငွေကျပ်သိန်း ၅၀၀၀ နဲ့ပြန်ရွေးခိုင်းနေတယ်လို့ ဖမ်းဆီးခံရတဲ့မြေသယ်ကားပိုင်ရှင်တွေနဲ့နီးစပ်သူတစ်ဦးကKNGကိုပြောပါတယ်။ “တရုတ်ငမျိုးဆိုပြီးလည်းခေါ်ကြတယ်သူ့ကိုဟိုပင်ပြည်သူ့စစ်ခေါင်းဆောင်ဟုတ်တယ် သူပဲလုပ်နေတာ ဖမ်းတာက ဟိုပင်တိုးဂတ်အကျော်မှာဖမ်းလိုက်တာ အဲ့ငမျိုးဆိုတဲ့ပြည်သူ့စစ်ခေါင်းဆောင်ကဖမ်းက ၆ စီးစလုံးကိုသိန်းငါးထောင်တောင်းလို့အခုညှိနေကြတယ်”လို့ အထက်ဖော်ပြပါဟိုပင်ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ မြေသယ်ကား ၆ စီးစလုံးကို လက်ရှိ ဟိုပင် တပ်ရင်း ၄၀ ထဲမှာ ထိန်းသိမ်းထားပြီး စစ်ကောင်စီတပ်နဲ့ ဟိုပင်ပြည်သူ့စစ်ခေါင်းဆောင်ဦးငမျိုးတို့တောင်းတဲ့ကျပ်သိန်းငါးထောင်နဲ့ရွေးရင်ပြန်လွတ်ပေးမှာဖြစ်ကြောင်း ကားပိုင်ရှင်တွေကိုပြောဆိုထားတယ်လို့သိရပါတယ်။ “အခုဖမ်းထားတဲ့အဲ့ ၆ စီးလုံးက ၄၀ ထဲမှာ တပ်ရင်း ၄၀ ထဲမှာထားထားတယ်။ အရင်တစ်ခေါက်ကလို တစ်ခါထဲဖမ်းပြီးမှ မီးရှို့တာမျိုးတော့မလုပ်သေးဘူး ဖမ်းပြီးနောက်ရက်မီးရှို့တာအခုတစ်ခေါက်ကလည်း သူပဲလုပ်တာ သူပဲဖမ်းပြီးသူပဲလွတ်တာ အရှေ့၇ စီးကတစ်ခါဖမ်းပြီးမီးရှို့တာ။ အဲ့ကသူမစားရလို့လားမသိဘူး အခုဒီ ၆ စီးကသူကိုယ်တိုင်လုပ်တာ သူကိုယ်တိုင်ပိုက်ဆံပေးမယ့် ကုန်သည်တွေနဲ့လုပ်ပြီးသူကအခုအောက်ခြေနဲ့ ပြန်ညှိပြီးပြန်လွတ်ဖို့လုပ်နေတယ်”လို့ အထက်ဖော်ပြပါအမျိုးသမီးကဆက်ပြောပါတယ်။ အလားတူ ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်နေ့ကလည်း ဖားကန့်ဘက်တက်မယ့် မြေသယ်ကား ၇ စီးကို မိုးညှင်းမြို့နယ်ရှိ နန်းခွင်တံတားအကျော် ပွင့်ဖြူစစ်ကောင်စီတပ်စခန်းဂိတ်မှာ  စစ်ကောင်စီတပ်နဲ့ဟိုပင်ပြည်သူ့စစ်ပူးပေါင်းတပ်တွေကဖမ်းဆီးပြီးငွေကျပ်သိန်း ၅၀၀၀ နဲ့ပြန်ရွေးခိုင်းရာ ပြန်မရွေးနိုင်တာကြောင့်မီးရှို့ဖျက်ဆီးလိုက်တယ်လို့သိရပါတယ်။ By – Zaw Zaw

    Read More »
Back to top button