ဖမ်းဆီးခံရမှုသတင်း

ဖမ်းဆီးထားတဲ့ မြေသယ်ကား ၆ စီးကို ငွေကျပ် သိန်းငါးထောင်နဲ့ရွေးခိုင်းနေ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့မှာ ပြည်သူ့စစ်နဲ့စစ်ကောင်စီပူးပေါင်းတပ်တွေက မြေသယ်ကား  စီးဖမ်းဆီးထားပြီး ငွေကျပ်သိန်း ၅၀၀၀ နဲ့ပြန်ရွေးခိုင်းနေတယ်လို့သိရပါတယ်။

ဟိုပင်ပြည်သူ့စစ်ခေါင်းတောင် ဦးငမျိုး(တရုတ်လူမျိုးဦးဆောင်တဲ့ပြည်သူ့စစ်တပ်ဖွဲ့နဲ့  စစ်ကောင်စီပူးပေါင်းတပ်က မတ်လ  ရက်ရက်နေ့ ဖားကန့်ဘက်ကိုတက်မယ့် မြေသယ်ကား (၁၀ဘီးကား စီးကို ဟိုပင်တိုးဂိတ်အကျော် လမ်းခုလတ်မှာ ဖမ်းဆီးထားပြီး ငွေကျပ်သိန်း ၅၀၀၀ နဲ့ပြန်ရွေးခိုင်းနေတယ်လို့ ဖမ်းဆီးခံရတဲ့မြေသယ်ကားပိုင်ရှင်တွေနဲ့နီးစပ်သူတစ်ဦးကKNGကိုပြောပါတယ်။

တရုတ်ငမျိုးဆိုပြီးလည်းခေါ်ကြတယ်သူ့ကိုဟိုပင်ပြည်သူ့စစ်ခေါင်းဆောင်ဟုတ်တယ် သူပဲလုပ်နေတာ ဖမ်းတာက ဟိုပင်တိုးဂတ်အကျော်မှာဖမ်းလိုက်တာ အဲ့ငမျိုးဆိုတဲ့ပြည်သူ့စစ်ခေါင်းဆောင်ကဖမ်းက  စီးစလုံးကိုသိန်းငါးထောင်တောင်းလို့အခုညှိနေကြတယ်လို့ အထက်ဖော်ပြပါဟိုပင်ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

မြေသယ်ကား  စီးစလုံးကို လက်ရှိ ဟိုပင် တပ်ရင်း ၄၀ ထဲမှာ ထိန်းသိမ်းထားပြီး စစ်ကောင်စီတပ်နဲ့ ဟိုပင်ပြည်သူ့စစ်ခေါင်းဆောင်ဦးငမျိုးတို့တောင်းတဲ့ကျပ်သိန်းငါးထောင်နဲ့ရွေးရင်ပြန်လွတ်ပေးမှာဖြစ်ကြောင်း ကားပိုင်ရှင်တွေကိုပြောဆိုထားတယ်လို့သိရပါတယ်။

အခုဖမ်းထားတဲ့အဲ့  စီးလုံးက ၄၀ ထဲမှာ တပ်ရင်း ၄၀ ထဲမှာထားထားတယ်။ အရင်တစ်ခေါက်ကလို တစ်ခါထဲဖမ်းပြီးမှ မီးရှို့တာမျိုးတော့မလုပ်သေးဘူး ဖမ်းပြီးနောက်ရက်မီးရှို့တာအခုတစ်ခေါက်ကလည်း သူပဲလုပ်တာ သူပဲဖမ်းပြီးသူပဲလွတ်တာ အရှေ့၇ စီးကတစ်ခါဖမ်းပြီးမီးရှို့တာ။ အဲ့ကသူမစားရလို့လားမသိဘူး အခုဒီ  စီးကသူကိုယ်တိုင်လုပ်တာ သူကိုယ်တိုင်ပိုက်ဆံပေးမယ့် ကုန်သည်တွေနဲ့လုပ်ပြီးသူကအခုအောက်ခြေနဲ့ ပြန်ညှိပြီးပြန်လွတ်ဖို့လုပ်နေတယ်လို့ အထက်ဖော်ပြပါအမျိုးသမီးကဆက်ပြောပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်နေ့ကလည်း ဖားကန့်ဘက်တက်မယ့် မြေသယ်ကား  စီးကို မိုးညှင်းမြို့နယ်ရှိ နန်းခွင်တံတားအကျော် ပွင့်ဖြူစစ်ကောင်စီတပ်စခန်းဂိတ်မှာ  စစ်ကောင်စီတပ်နဲ့ဟိုပင်ပြည်သူ့စစ်ပူးပေါင်းတပ်တွေကဖမ်းဆီးပြီးငွေကျပ်သိန်း ၅၀၀၀ နဲ့ပြန်ရွေးခိုင်းရာ ပြန်မရွေးနိုင်တာကြောင့်မီးရှို့ဖျက်ဆီးလိုက်တယ်လို့သိရပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button