တရုတ်သမ္မတရောက်လာစဉ် မြန်မာအစိုးရတပ်မှ ကိုးကန့်စခန်းကို တိုက်ခိုက်

တရုတ်သမ္မတ Mr. Xi Jinping သည် မြန်မာနိုင်ငံ ချစ်ကြည်ရေးခရီးရောက်လာစဉ် တပ်မတော်က ရှမ်းပြည်မြောက်ပိုင်း မြန်မာ-တရုတ် နယ်စပ်အနီး ကိုးကန့် MNDAA စခန်းတစ်ခုကို ရည်ရွယ်ချက်ရှိရှိ အလစ် ဝင်တိုက်ခဲ့ကြောင်း ဒေသခံများဆိုပါသည်။ ဇန်နဝါရီ (၁၇)၊ သောကြာနေ့ နံနက်မိုးမလင်းခင် (၆)နာရီဝန်းကျင်ခန့် အဆိုပါ မူဆယ်မြို့နယ် Hpawng Seng ဒေသ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA စခန်းကို ခိုးဝင်ပြီး တပ်မ (၆၆)လက်အောက် ခမရ…