ဖားကန့်တွင် လက်လုပ်လက်စားများ လျှောက်လွှာများ စတင်လက်ခံနေ

ကချင်ပြည်နယ် ဖားကန့်မြို့တွင် ပထမဆုံး လက်လုပ်လက်စား ကျောက်စိမ်းတူးဖော်ခွင့်ပြုလိုက်ပြီးနောက် လုပ်ကွက်လျှောက်လွှာများကို မတ်လ ၃ရက်နေ့မှစကာ ဖားကန့်မြို့ အထွေထွေအုပ်ချုပ်ရေးရုံးတွင် ရောင်းချပေးနေသည်ဟု သိရသည်။ ကချင်ပြည်နယ် မှတ်ပုံတင် ၁/ ကိုင်ဆောင်သူများ၊ အိမ်ထောင်စုဇယားပုံစံ (၆၆/၆) ရှိသူများ လျှောက်ထားခွင့်ရှိပြီး တစ်ဦးလျှင်လုပ်ကွက် ၃ကွက်အထိ လျှောက်ထားနိုင်သည်ဟု သိရသည်။ “ဦးစားပေးကတော့ မှတ်ပုံတင် ၁/ ကမန (ကားမိုင်း) ကိုင်ဆောင်တဲ့သူတွေကို ကမန မှတ်ပုံတင်က ဖားကန့်ကဖြစ်တဲ့အတွက် ဦးစားပေးခြင်းဖြစ်တယ်။ ၁/ကမန…