မော်ဟန်တွင် လေပြင်းတိုက်ခတ်ခံရပြီးနောက် အချိန်ပိုင်းဖြင့်သာ မီး ရရှိ

မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာတွင် လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် လျှပ်စစ်မီးပြတ်တောက်မှုဖြစ်ပွားခဲ့ပြီးနောက် လက်ရှိတွင် အချိန်ပိုင်းဖြင့်သာ လျှပ်စစ်မီး ရရှိနေကြောင်း သိရသည်။ မော်ဟန်ကျေးရွာတွင် ဧပြီလ ၁၆ ရက်နေ့က လေပြင်း တိုက်ခတ်မှုဖြစ်ပွားခဲ့ရာ ဓာတ်တိုင် ကျိုးကျခြင်း၊ ဓာတ်ကြိုးပြတ်တောက်ခြင်း ဖြစ်ပွားခဲ့သောကြောင့် ၄ ရက်ကြာ လျှပ်စစ်မီးပြတ်တောက်သွားခဲ့ပြီး ယမန်နေ့ ဧပြီ ၂၀ ရက်နေ့ ညမှသာ အချိန်ပိုင်းဖြင့် လျှပ်စစ်မီးပြန်ရရှိကြောင်း မော်ဟန်ကျေးရွာနေအမျိုးသား တစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။ "လေက