မြစ်ဆုံမှာ ဘယ်သူတွေ ရွှေတူးနေကြသလဲ၊ မြစ်ဆုံ ပျောက်ကွယ်တော့မှာလား

ကချင်ပြည်နယ် ဧရာဝတီ မြစ်ဆုံဒေသမှာ အကြီးစားရွှေတူးဖော်မည့်လုပ်ငန်းများကို ရေကာတာစီမံကိန်းအဖွဲ့ တရုတ်ကုမ္ပဏီ CPI ၊ စစ်တပ်ထောက်တိုင် လုပ်ငန်းရှင်ကြီးများနဲ့ တရုတ်လုပ်ငန်းရှင်များကိုသာ ဦးစားပေးလုပ်ကိုင်ခွင့် ပြုတော့မယ့်အကြောင်း စစ်တပ်ဘက်က ပြောဆိုထားတယ်လို့ မြေပြင်အခြေနေ သိရှိတဲ့သူတွေက ပြောပါတယ်။

မြစ်ကြီးနားမြို့ မြောက်ဖက် ၂၈ မိုင်အကွာမှာရှိတဲ့ မြစ်ဆုံမှာ လက်ရှိ စက်ဆိုင်းများနဲ့ လက်ကျင်းတူးနေတဲ့ အသေးစားရွှေတူးဖော်မှုတွေကို နိုဝင်ဘာလကုန်အထိသာ လုပ်ခိုင်းတော့မှာဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် အသေးစားရွှေတူးဖော်မှုတွေကို ဒီစက်တင်ဘာလကစပြီး တဖြည်းဖြည်း ထွက်ခိုင်းနေကြပြီဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။ 

မပိုင်တဲ့လူတွေတော့ ၁၁ လပိုင်းဆို အကုန်ထွက်ရမှာ။ အကောင်ကြီးကြီးတွေပဲကျန်ခဲ့မယ်။ အဝင်အထွက် အကုန်ပိတ်မှာတဲ့ ရွာထဲ နေခွင့်မရှိ စစ်တပ်က အဲလိုကြေညာထားတယ် ၁၁လပိုင်း အပြီးရသလောက်တူးစားကြဖို့။ တရုတ် company နဲ့ဖက်စပ် လုပ်ငန်းရှင်အကြီးတွေပဲ ဝင်လို့ရမှာ ၄လုံးထိုး စက်အသေးတွေတော့ အကုန်ထွက်ရမှာ ဘတ်ဟိုးစက်တွေပဲ တူးလို့ရတော့မှာ။” လို့ မြေပြင်ရှိ မြစ်ဆုံဒေသခံတစ်ဦးက KNG ကို ပြောပါတယ်။  

လာမယ့် နိုဝင်ဘာလနောက်ပိုင်းကစပြီး မြစ်ဆုံမှာ အသေးစားရွှေတူးဖော်မှုများ ရပ်တန့်သွားနိုင်ပေမဲ့ နှစ်ဖက်တပ်ပိုင် ခရိုနီလုပ်ငန်းရှင်ကြီးတွေ၊ တရုတ်လုပ်ငန်းရှင်တွေသာ ကျန်ရစ်ပြီး အကြီးစားရွှေတူးဖော်မှုတွေ ဆက်ရှိနေမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ မှ စက်တင်ဘာလအထိတွေ့ရှိချက်အရ မြစ်ဆုံဒေသမှာ ရွှေတူးဖော်နေသူ လုပ်ငန်းရှင်ကြီးများနဲ့ စက်ဆိုင်းပိုင်ရှင်ပေါင်း ၁၀၀ ကျော်နိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းကြပါတယ်။ 

ရွှေတူးဖော်နေတဲ့ ဘတ်ဟိုး စုစုပေါင်း ၈၀ ကျော်ရှိတယ်လို့ စစ်တပ်ကောက်ခံထားတဲ့ စာရင်းအရ သိရပြီး ဘတ်ဟိုးတစ်စီးကို သိန်း ၂၀၀ စစ်တပ်ဆီ ကို အခွန်ဆောင်ရတယ်လို့ စုံစမ်းသိရပါတယ်။

ဒေသခံတွေ ပြောဆိုချက်အရ မြစ်ဆုံ ရွှေတူးဖော်မှုလုပ်ငန်းကနေ စစ်တပ် နဲ့ KIA နှစ်ဖက်တပ်က အခွန် ကောက်ခံနေတယ်လို့ ဆိုပါတယ်။

KNG ကစုံစမ်းထားတဲ့အချက်လက်အရ မြစ်ဆုံမှာ လက်ရှိ အကြီးစားရွှေတူးဖော်နေတဲ့ အဓိက လုပ်ငန်းရှင်  ဦးရှိတယ်လို့ သိရပါတယ်။

သူတို့ကတော့ မြစ်ကြီးနား ဒူကထောင်ရပ်ကွက် အပိုင်း  က အလုပ်သမားဝန်ကြီးဌာန ဒုဦးစီးမှူး မောင်ဆိုင်းအောင်၊ စစ်တပ်နဲ့ စရဖနဲ့ ပေါင်းတူးနေတဲ့ မိုးကောင်းဒေသခံ ဒေါ်ဖောလမ်းနန်ရော်တို့မောင်နှမ ဖြစ်ပြီး နောက်ထပ်တစ်ဦးကတော့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့ဝင်တစ်ဦး တို့ ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

တန်ဖဲရွာကို စတူးတာ သူတို့အဖွဲ့ပဲ သူတို့ အဓိက ဟုတ်တယ်၊ သူတို့အဖွဲ့အဆိုးဆုံး။ စစ်တပ်နဲ့ KIA ကိုညှိပေးတာ စရဖ လက်ထောက်စေပါးတွေပေါ့၊ စစ်တပ်ဂိတ်က သူတို့အိမ်လိုပဲ အေးဆေးပဲ။ သူတို့နဲ့ အခြားအဖွဲ့လဲပါသေးတယ် တရုတ်တွေဟုတ်တယ်။ တန်ဖရဲဒေသခံထဲကလည်း ပါတယ်။ တန်ဖဲရွာထဲမှာ အကုန်တူးနေပြီ ကုန်တော့မှာ။ RCဘုရားကျောင်း မယ်တော်ဂူ အကုန်တူးစားတော့မှာ။လို့  မြေပြင်က မြစ်ဆုံဒေသခံကဆက် ပြောပါတယ်။

ရွှေတူးဖော်ပြီးနောက် ပျက်စီးသွားတဲ့ မြစ်ဆုံဒေသ

မြစ်ဆုံ တန်ဖရဲ တစ်ရွာလုံးနီးပါးကို ရွှေတူးဖော်နေပြီ ဖြစ်ပြီး RC ဘုရားကျောင်းအရှေ့၊အနောက် ဘေးပတ်ပတ်လည် နေရာတွေအပြင် နှစ်ခြင်းဘုရားကျောင်းအနောက်ဘက် နေရာအားလုံး၊ ကျေးရွာလမ်း ဘယ်၊ညာပတ်ဝန်းကျင်နဲ့ အရင်က မြစ်ဆုံစျေးတန်းနေရာများ၊ မြစ်ဆုံအထက်၊အောက်အပြင် မြစ်ဆုံရှိ Jadeland ကုမ္ပဏီဝင်း ရာဘာခြံ၊ ပျဉ်းကတိုးခြံ နေရာအားလုံးတွေမှာ ရွှေတူးဖော်နေကြတာကို အများအပြားမြင်တွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တစ်ရွာလုံးမှာ ရွှေတူးလိုက်ကြပြီ။ ဘုရားကျောင်းဆို ဘုရားကျောင်း အဲဒါလေးပဲ ကျန်နေတယ်။ လမ်းဆို လမ်းပဲ ကျန်နေတာ။ အခုရွာလမ်းတစ်လျှောက်တောင် ရွံ့၊ဗွက်တွေကြီးပဲ။ မိုးရွာရင်လည်း ရေဝင်နေတယ်။ ရွာထဲထိ ဝင်ရောက်တူးဖော်နေကြပြီ။ နှစ်ခြင်းဘုရားကျောင်းဝင်းဘက်လည်း ဘေးပတ်ဝန်းကျင်အားလုံး တူးနေတယ်။ တန်ဖရဲတော့ ရွှေတူးဖော်တာ ကယ်မရဖြစ်နေပြီ။ အလွန်အကျွံ ဆိုးဆိုးရွားရွားပဲ။ တန်ဖရဲရွာဆိုတာ ပျောက်တော့မယ်။ ပျောက်တော့မယ့် အဆင့်ဖြစ်နေပြီ။ ရေသာကြီးရင်တော့ အကုန်ပျောက်ပြီ။”  ဟု နောက်ထပ်မြစ်ဆုံဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့လအတွင်း မြစ်ဆုံမှာ တရုတ်လုပ်ငန်းရှင်အမြောက်အများ ထပ်မံဝင်ရောက်နေပြီဖြစ်သလို စက်ယန္တရားတွေ သယ်ယူပြီးစီးသလောက်ရှိနေပြီလို့ သိရပါတယ်။ 

မေခမြစ်နဲ့ မလိခမြစ်ပေါင်ဆုံရာ မြစ်ဆုံဟာ မြစ်ကြီးနားမြို့ကနေ ၂၈ အကွာမှာ တည်ရှိပါတယ်။ ဒီနေရာဟာ အမည်းရောင်နယ်မြေအဖြစ် ကန့်သတ်ခံထားရပြီး စစ်တပ်အာဏာသိမ်းပြီးနောက် ၁၄၄ ထုတ်ထားတဲ့ နယ်မြေလည်း ဖြစ်ပါတယ်။

စက်တင်ဘာလ ၁၅ ရက်နေ့စတင်ပြီး မြစ်ဆုံရှိ ကချင်လုပ်ငန်းရှင် ဦးယွပ်ဇေခေါင်ပိုင်သော Jadeland Company ပျဉ်းကတိုးခြံ၊ ရာဘာခြံတို့မှာ ရွှေတူးဖော်နေသော စက်ဆိုင်းအားလုံး ရပ်ခိုင်းထားတယ်လို့ သိရပါတယ်။

Jadeland Company မှာ တစ်လုံးထိုး၊ လေးလုံးထိုး စသဖြင့် လက်ကျင်းအမြောက်အများ ရွှေတူးဖော်နေကြတာဖြစ်ပြီး အဲဒီလက်ကျင်းအားလုံးကို ရပ်ခိုင်းထားကာ စက်တင်ဘာလ ၁၇ ရက်နေ့ အထိ လုပ်ငန်းရပ်ပြီးထွက်သွားသူတချို့ရှိနေပြီလို့ဒေသခံတွေကပြောပါတယ်။

အဲဒီနေရာမှာ လက်ကျင်းနဲ့ ရွှေတူးနေသူအားလုံးကို ထွက်ခိုင်းမှာဖြစ်ပြီး အဓိက တရုတ်လုပ်ငန်းရှင်များအပါအဝင် အာဏာပိုင်လုပ်ငန်းရှင်တချို့ ရဲ့ ဘတ်ဟိုးဆိုက်တွေ ထပ်ဝင်လာဖို့ရှိတယ်လို့ မြေပြင်က သတင်းရင်းမြစ်က KNG ကို ပြောပါတယ်။

မြစ်ဆုံမှာ အထိုင်ချနေတဲ့ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နှစ်ဖက်တပ်နဲ့ ရင်းနှီးသူတွေက ပိုပြီးလွယ်ကူစွာရွှေတူးဖော်ခွင့်ရကြတယ်လို့ဒေသခံတွေကပြောပါတယ်။တစ်ဖက်မှာလည်းစစ်တပ်ကလက်ကျင်းနဲ့တူးဖော်မယ့်ဒေသခံတွေကိုလည်းခွင့်ပြုထားတာဖြစ်ပြီးမြစ်ဆုံမှာရွှေတူးဖော်နေကြသူတွေထဲအခြားနယ်အသီးသီးမှလာရောက်ရွှေတူးနေကြသူတွေကပိုများတယ်လို့ဆိုပါတယ်။

မြစ်ဆုံဒေသမှာ စက်န္တရားကြီးတွေနဲ့ ရွှေတူးဖော်လိုက်တဲ့မြင်ကွင်း

လက်ရှိ မြစ်ဆုံမှာ အလွန်အကျွံရွှေတူးဖော်မှု များပြားလာခြင်းက အဓိကအနေဖြင့် စစ်တပ်မှ ခွင့်ပြုချက်ပေးနေတာဖြစ်ပြီး တစ်ဖက်မှာလည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ နှစ်ဖက်ညှိနှိုင်းထားတဲ့အခြေအနေဖြစ်တယ်လို့ ဒေသခံတွေဘက်က ပြောဆိုထားပါတယ်။

မြစ်ဆုံမှာ စစ်တပ်နဲ့ KIA နှစ်ဖက်ညှိနှိုင်းထားတာပေါ့၊ စခန်းက နီးနီးလေးကို။ စစ်တပ်ကိုပိုင်ရင် ပိုအဆင်ပြေတယ်။ KIAက စစ်တပ်လောက် အခွန်သိပ်မကောက်ဘူး။ တန်ဖရဲဘက်ဆို မလာဘူး။ KIA နဲ့နီးတဲ့ ယွပ်ဇော်ခေါင်ခြံဘက်က ဘတ်ဟိုးသိပ်မရှိဘူး။ တန်ဖရဲရွာဘက်ပဲ ဘတ်ဟိုးပိုရှိတာ။ အခွန်က နှစ်ဖက်လုံးကို ဆောင်ရတယ်။” ဟု အထက်ပါမြေပြင်က မြစ်ဆုံဒေသခံက ပြောပါတယ်။

လက်ရှိမြစ်ဆုံမှာ စစ်တပ်ထိုင်တဲ့နေရာနဲ့ KIA အထိုင်ချထားနေတဲ့နေရာဟာ တစ်မိုင်လောက်သာ ကွာဝေးတယ်လို့ သိရပါတယ်။ 

မြစ်ဆုံ တန်ဖရဲရွာဘက်ခြမ်းအားလုံးကို စစ်တပ်ကထိန်းချုပ်ထားပြီး မြစ်ဆုံကနေ အထက်တစ်မိုင်လောက်အကွာရှိ လုပ်ငန်းရှင် ဦးယွပ်ဇေခေါင် ပိုင်ဆိုင်တဲ့ Jadeland ကုမ္ပဏီဝင်းတစ်ကြောလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ထိန်းချုပ်ထားပါတယ်။ 

ရွှေတူးဖော်နေတဲ့ အုပ်စုတွေထဲမှာ ဘတ်ဟိုး၊ တစ်လုံးထိုး၊ လေးလုံးထိုး စသဖြင့် အမျိုးအစားပေါ်မူတည်ပြီး နှစ်ဖက်တပ်ကို အခွန်ဆောင်ရတယ်လို့ သိရပါတယ်။ 

အခွန်ကို  ၂၀/၃၀ % ကောက်ကာ အခွန်အများပိုင်းနဲ့ အကျိုးအမြတ်အများပိုင်းကတော့ စစ်တပ်က ရရှိနေတယ်လို့ သိရပါတယ်။

တစ်ဖက်မှာလည်း မြစ်ဆုံဒေသ ရွှေတူးဖော်နေတဲ့အုပ်စုထဲ Jadeland ကုမ္ပဏီနယ်မြေ ပျဉ်းကတိုးခြံ၊ ရာဘာခြံဝင်းတွေမှာ ရွှေတူးဖော်နေကြသူတွေဟာ ပင်းကတိုးပင် တစ်ပင်လဲရင် သိန်း ၃၀ ကနေ သိန်း ၅၀ အထိ Jadeland ကုမ္ပဏီကို ပေးဆောင်ရတယ်လို့ သိရပါတယ်။ 

အဲဒါအပြင် အဲဒီနယ်မြေမှာ ရွှေတူးဖော်ဖို့ မြေဧက (ဧက ကို သိန်းတစ်ထောင်ပေးဝယ်ကာ ရွှေတူးဖော်နေကြတယ်လို့ ဆိုပါတယ်။

လက်ရှိ မြစ်ဆုံမှာရှိတဲ့ Jadeland ကုမ္ပဏီရဲ့ ကိုယ်စားလှယ်အဖြစ် ဦးထိန်လင်း ဆိုသူကို ခန့်အပ်ထားပြီး အဲဒီကုမ္ပဏီဝင်းနယ်မြေမှာ စက်ဝင်ကြေးက သိန်း ၅၀ ပေးဆောင်ရကာ လစဉ်ကြေးက ရွှေရတဲ့ထဲမှ  ပုံ  ပုံ ကုမ္ပဏီနဲ့ KIA ကိုအခွန်ဆောင်ရတယ်လို့ သိရပါတယ်။

မြစ်ဆုံဒေသမှာ စက်န္တရားတွေနဲ့ ရွှေတူးဖော်နေ

ဒါကြောင့် တချို့တွေကတော့ တွက်ခြေ မကိုက်ပဲ အရှုံးပေါ်လို့ လုပ်ငန်းရပ်နားကာ ထွက်သွားတဲ့သူတွေလည်း ရှိတယ်လို့ ဆက်လက်သိရပါတယ်။

နှစ် ၃၀ ကျော် မြစ်ဆုံမှာ သစ်တောထိန်းသိမ်းရေးခေါင်းစဉ်နဲ့နေရာယူထားတဲ့ ကချင်လုပ်ငန်းရှင် ဦးယွပ်ဇေခေါင်ပိုင်ဆိုင်သော Jadeland ကုမ္ပဏီနယ်မြေတွေမှာ ရွှေတူးဖော်နေတဲ့ကိစ္စရပ်နဲ့ပတ်သက်ပြီး KNG ကို ကုမ္ပဏီအဖွဲ့ဝင်တစ်ဦးလို့ ယူဆရသူ အကောင့်တစ်ခုမှ ရှင်းလင်းစာပို့ခဲ့တာ ရှိပါတယ်။  

အဲဒီရှင်းလင်းချက်စာထဲမှာ  Jadeland Company ရပ်တည်ချက်မှာ တရားမဝင် ရွှေတူးဖော်မှုတွေကို ခွင့်ပြုခြင်းမရှိသလို မိမိတို့ပိုင်ဆိုင်တဲ့ နှစ်ရှည်ပင်ခြံအတွင်း ဖြစ်ပေါ်ခဲ့တဲ့ တရားမဝင် လုပ်ရပ်တွေကိုလည်း အကြိမ်ကြိမ် တားမြစ်ကန့်ကွက်ခဲ့ပေမယ့် နိုင်ငံရေးအခြေအနေအမျိုးမျိုးကြောင့် အဲဒီတရားမဝင် ရွှေတူးဖော်မှုတွေကို တားဆီးနိုင်ခြင်းမရှိခဲ့တဲ့ အခြေအနေဖြစ်တယ်လို့ KNG ကို အကြောင်းကြား လာပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး Jadeland ကုမ္ပဏီတာဝန်ရှိသူတွေထံ ဆက်သွယ်အတည်ပြုနိုင်ဖို့ KNG က ကြိုးပမ်းခဲ့ပေမယ့် လက်ရှိထိ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။

မြစ်ဆုံမှာ အလွန်အကျွံရွှေတူးဖော်နေတဲ့ လုပ်ငန်းများနဲ့ ပတ်သက်ပြီး စစ်တပ်လက်အောက်ခံ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်ကို ကချင်သတင်းဌာန KNG မှ ဖုန်းနဲ့အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဖုန်းဖြေကြားပေးခြင်း မရှိသေးပါဘူး။

အလားတူ ဒီရွှေတူးဖော်မှုမှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO လည်း ပါဝင်နေတယ်ဆိုတဲ့ ပြောဆိုမှုနဲ့ ပတ်သက်ပြီး KIO ဗဟိုသတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို KNG က ဆက်သွယ်မေးမြန်းရာ သတင်းနှင့်ပြန်ကြားရေးအဖွဲ့နဲ့ တိုက်ရိုက် မသက်ဆိုင်တာကြောင့် မသိရှိရဘူးလို့ ဖြေကြားပါတယ်။ 

တူးဖော်မှုကို ဘယ်လိုခွင့်ပြုပေးထား၊ ခွင့်မပြုထား၊ ဘယ်လိုပြေလည်အောင် လုပ်ဆောင်နေသလဲဆိုတာ ကျနော်တို့ သတင်းပြန်ကြားရေးအဖွဲ့က တိုက်ရိုက်လည်း မသက်ဆိုင်တာကြောင့် မသိပါဘူး။ တူးဖော်ခွင့်ပေးတယ်ဆိုရင်လည်း မြစ်ကြီးနားမြို့နယ် KIA တပ်ရင်း ၁၁ နဲ့သက်ဆိုင်မယ်။ မဟုတ်ရင်လည်း တပ်မဟာ  နယ်မြေနဲ့ဆိုင်မယ်။ ဆိုတော့ ဗဟိုကနေ တိုက်ရိုက်ချုပ်ကိုင်ထားတာမဟုတ်တာကြောင့် ဘယ်လိုလုပ်နေလဲ မသိဘူး။လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုထားပါတယ်။

မြစ်ကြီးနားမြို့နယ် KIA တပ်မဟာ ၁၁ နယ်မြေက KIO အရာရှိတစ်ဦးကို KNG က ဆက်သွယ်မေးမြန်းရာမှာတော့ နယ်မြေထိန်းချုပ်မှုအရ ရွှေတူးဖော်လာသူတွေရှိတဲ့အပေါ်  အခွန်အကောက်ယူနေတာတွေရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

မြစ်ဆုံမှာ ရေကာတာစီမံကိန်းအတွက် ပြင်ဆင်ရတော့မှာဖြစ်သလို ရွှေတူးဖော်မှုတွေကို အချိန်အတိုင်းအတာတစ်ခုထိသာ ခွင့်ပြုတော့မှာဖြစ်တဲ့အတွက် ရသလောက်တူးယူကြဖို့ မြစ်ဆုံမှာ အဓိကတာဝန်ယူတပ်စွဲထားတဲ့တန်ဖရဲစစ်တပ်နဲ့ စရဖ တို့မှပြောဆိုထားကြောင်း ရွှေတူးဖော်သူများကြား ပြောသံတွေထွက်နေတာ ပြီးခဲ့တဲ့ ၂ လခန့်ကတည်းက ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့်  မြစ်ဆုံမှာ နေ့ညမပျက် မရပ်မနား ရွှေတူးဖော်နေကြတာဖြစ်တယ်လို့ မြေပြင်က သတင်းရင်းမြစ်က ဆိုပါတယ်။

လက်ရှိ မြစ်ဆုံဒေသအတွင်း တရုတ်နိုင်ငံသားအမြောက်အများ ဝင်ရောက်နေပြီ ဖြစ်သလို တရုတ်နိုင်ငံသားတွေ ဝင်ရောက်လာချိန် စစ်တပ်က မြစ်ဆုံလမ်းကို  ရက်ကနေ  ရက်အထိ ပိတ်ထားလျက်ရှိတယ်လို့ သိရပါတယ်။

စစ်ကော်မရှင်တပ်ဟာ မြစ်ဆုံလမ်းပိုင်းမှာ စခန်းတိုးချဲ့တပ်ချနေတာလည်း ရှိနေတဲ့အပြင် တန်ဖရဲကျေးရွာအဝင် တံတားမှာ ညာဖက်ခြမ်းက စစ်တပ်ထိုင်နေပြီး ဘယ်ဖက်ခြမ်းမှာတော့ (၃၇တပ်ရင်းမှ ကာနယ်ကြီးကိုယ်တိုင် ထိုင်တဲ့ စရဖဂိတ်ထိုင်ထားတယ်လို့ သိရပါတယ်။

မြစ်ဆုံမှာ ရွှေတူးဖော်မှုတွေ အမြန်ဆုံးရပ်တန့်သွားနိုင်ဖို့ ဒေသခံလူထုက တောင်းဆိုနေသလို စစ်ကော်မရှင်တပ်က ကြိုးပမ်းနေတဲ့ မြစ်ဆုံရေကာတာစီမံကိန်း ဆောက်လုပ်လာမှာကိုလည်း ဝိုင်းဝန်း တားဆီးနိုင်ဖို့ လူထုတိုက်တွန်းနေကြပါတယ်။

မြစ်ဆုံဒေသကို လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ် တရုတ်ကုမ္ပဏီများ စတင်ဝင်ရောက်လာစဉ်ကတည်းက မြစ်ဝှမ်း၊ မြစ်ညာ မြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဆုံရဲ့ အဖိုးတန်သယံဇာတ ရွှေ၊ မြေ၊ သစ်  တိရစ္ဆာန်တွေကို တရုတ်ကုမ္ပဏီများ တူးဖော်ကာ ကုန်ကားကြီးများဖြင့် သယ်ယူခဲ့ကြတာကို မျက်စိရှေ့ မြင်တွေ့ခဲ့ကြရတယ်လို့ မြစ်ကြီးနားဒေသခံတွေ ပြောဆိုကြပါတယ်။

ဒါကြောင့် မြစ်ဆုံရေကာတာစီမံကိန်း နောက်ကွယ်မှာ မြစ်ဆုံရဲ့အဖိုးတန် သမိုင်းဝင်နယ်မြေ အားလုံးဖျက်ဆီးခံခဲ့ရပြီး မြစ်ဆုံဒေသခံ ၂၀၀၀ ကျော်မှာ ဘိုးဘွားပိုင်မြေယာတွေ၊ အိမ်ခြံမြေတွေနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအား စွန့်လွတ်လိုက်ရကာ အတင်းအဓမ္မ ရွှေ့ပြောင်းခံခဲ့ရတာဖြစ်ပါတယ်။

လက်ရှိမှာတော့ တစ်ချိန်တုန်းက မြစ်ဆုံဆိုတာ ပုံပြင်မှာသာ ကျန်ခဲ့ပြီး မြစ်ဆုံဒေသကျေးရွာတွေလည်း ပျောက်ကွယ်သွားမယ့်အပြင် ကချင်ပြည်ရဲ့ အထင်ကရ သမိုင်းအမွေအနှစ် မြစ်ဆုံကြီး ပျောက်ကွယ်သွားမှာကိုလည်း ဒေသခံပြည်သူတွေ စိုးရိမ်နေကြတယ်လို့ ပြောဆိုနေပါတယ်။

By – ဂျာဘောက်ရာ

Show More

Leave a Reply

Back to top button