ဝိုင်းမော်
-
Mar- 2026 -11 Marchသတင်း
ကချင်မှာ စစ်လက်နက်ပစ်ခတ်မှုကြောင့် တစ်လအတွင်း အရပ်သား ၄ ဦးသေဆုံး၊ ၂၃ ဦးဒဏ်ရာပြင်းထန်
ကချင်ပြည်နယ်မှာ စစ်လက်နက် ပစ်ခတ်မှုတွေကြောင့် ကလေးသူငယ်တွေအပါ ၄ ဦး သေဆုံးပြီး ၂၃ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ Kachin Human Rights Watch အဖွဲ့အစည်းကနေ သိရပါတယ်။ ဒီထိခိုက်သေဆုံးမှုတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ…
Read More » -
Feb- 2026 -23 Februaryသတင်း
စစ်ရှောင်ကလေးငယ်တစ်ဦး လက်နက်ကြီးထိမှန်သေဆုံး
ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာရှိတဲ့ စစ်ရှောင်စခန်းက ကလေးငယ်တစ်ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့တယ်လို့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မနက် ၈နာရီဝန်းကျင် ဝိုင်းမော်မြို့အမှတ်–၃ ရပ်ကွက်မှာနေထိုင်နေတဲ့ ဝူယန်စစ်ရှောင်စခန်းက သားအဖ ၃ ဦးစစ်ရှောင်စခန်းကနေ ရွာမှာရှိတဲ့နေအိမ်ခြံဝင်းထဲ ထင်းသွားသယ်နေချိန်…
Read More » -
12 Februaryသတင်း
လက်လွတ်လိုက်ရတဲ့ ပြည်သူ့စစ်ဂိတ်နေရာတွေပြန်ရဖို့ ခလရ ၅၈ တပ်ရင်းနဲ့ နီးကပ်လာတဲ့အထိ တိုက်ပွဲဖြစ်နေ
ကချင်ပြည်နယ် ၊ ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအနီးက ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်လိုက်တဲ့ နေရာဘက်ကို စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့တွေ ပြန်ပြီးထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တိုက်ပွဲပြန်ဖြစ်နေတယ်လို့သိရပါတယ်။ မိုင်းနားနဲ့ ဝါးရှောင်ကျေးရွာနှစ်ခုကြားရှိ ပြည်သူ့စစ်ဂိတ်နှစ်ခုကို ဖေဖော်ဝါရီလဆန်းပိုင်းမှာ KIA တပ်တွေ သိမ်းပိုက်လိုက်ပြီးနောက် တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်လာတာဖြစ်တယ်လို့ ဝိုင်းမော်ဒေသခံအမျိုးသားတစ်ဦး…
Read More » -
6 Februaryသတင်း
ကချင်ဒေသထဲ တစ်ပတ်အတွင်း ဗန်းမော်အပြင် နောက်ထပ် မြို့နယ် ၃ နေရာမှာတိုက်ပွဲဆက်ဖြစ်
ကချင်ပြည်နယ်ထဲက ဗန်းမော်အပါအဝင် ဝိုင်းမော်၊ ဖားကန့်နဲ့ အင်းတော်ကြီးဒေသစတဲ့မြို့နယ် ၄ခုမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား တပြိုင်နက်တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ မြို့နေရာ ၄ ခုမှာ အပြင်းထန်ဆုံးတိုက်ပွဲဖြစ်နေပြီး ဗန်းမော်နဲ့ ဝိုင်းမော်မြို့တွေမှာဖြစ်နေတဲ့ တိုက်ပွဲမှာ KIA…
Read More » -
4 Februaryသတင်း
ရွှေညောင်ပင်မှာ စစ်တပ်ကလေယာဉ်ဗုံးကြဲ၊ ကုန်ကားတစ်စီးမီးလောင်
ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာမှာ ဒီညနေပိုင်း စစ်တပ်က လေကြောင်းဗုံးကြဲသွားတယ်လို့ ကနဦးသတင်းအရ သိရပါတယ်။ ဖေဖော်ဝါရီလ ၄ ရက် ဒီညနေ ၅ နာရီဝန်းကျင် လေယာဉ်နဲ့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံအမျိုးသားတစ်ဦးပြောပါတယ်။ “လေယာဉ်သံကြားလို့ ကုန်ကားရပ်နေတာ လာပစ်သွားတယ်။…
Read More » -
2 Februaryသတင်း
ဝိုင်းမော်မှာ အခွန်ကောက်သောင်းကျန်းတဲ့ ပြည်သူ့စစ်ဂိတ်နှစ်ခု KIA သိမ်းပိုက်
ကချင်ပြည်နယ် ၊ ဝိုင်းမော်မြို့နယ် မိုင်းနားနဲ့ ဝါးရှောင်ကျေးရွာနှစ်ခုကြား အခွန်ကောက်သောင်းကျန်းတဲ့ လီဆူပြည်သူ့စစ်ဂိတ်နှစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သွားရောက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ မိုင်းနားနဲ့ ဝါးရှောင်ကျေးရွာကြားရှိ ငှက်ပျောခြံသွားတဲ့လမ်းပေါ် နဲ့ င်္သီချောင်းတံတားမှာ တပ်ချထားတဲ့ နှစ်ခုစလုံးကို KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ဒီကနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ မနက်ပိုင်း ၆ နာရီဝန်းကျင်လောက်မှာ သွားရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “စစ်တပ်စခန်းဆိုတာက ပိုက်ဆံကောက်နေတဲ့ ဂိတ်နေရာဟုတ်တယ်။ မိုင်းနားကနေ သွားရင် ငှက်ပျောခြံထဲမှာ ပြည်သူ့စစ်ဂိတ်ရှိနေတာဟုတ်တယ်။ ပြီးရင် အဲဒီအကျော်မှာ ကွန်ကရက်တံတားတစ်ခုလည်းရှိတယ်။ အဲ့မှာ စစ်တပ်တွေထိုင်တာဟုတ်တယ်။ အဲဒီနေရာနှစ်ခုစလုံးကို သိမ်းလိုက်တာဟုတ်တယ်”လို့ပြောပါတယ်။ လက်ရှိ KIA တပ်ဘက်က သိမ်းပိုက်လိုက်တဲ့ ဂိတ်စခန်း နှစ်ခုစလုံးဟာ ၂၀၂၄ ခုနှစ်ထဲမှာ KIA သိမ်းပိုက်နေရာထဲမှာပါဝင်ပြီးတော့ ၂၀၂၅ ခုနှစ်ထဲမှာ ယာယီဆုတ်လိုက်ရတဲ့ နေရာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီဂိတ်နေရာ နှစ်ခုစလုံးမှာ စစ်တပ်နဲ့ လီဆူပြည်သူ့စစ်တွေပူးပေါင်းပြီး တပ်အထိုင်ချထားကာ လမ်းသွားလမ်းလာ အိမ်စီးကားမကျန် ဖြတ်သန်းခွင့် ကောက်ခံတဲ့ ဂိတ်နေရာဖြစ်တယ်လို့ ပြောပါတယ်။ လီဆူပြည်သူ့စစ်ဂိတ် နှစ်ခု KIA သိမ်းပိုက်လိုက်တာနဲ့ ပတ်သက်ပြီး ငှက်ပျောခြံမှာရှိတဲ့ ပြည်သူတစ်ဦးက “ဟုတ်တယ်တဲ့ ဆိုလာပြားဆိုဒ်လို့လည်းခေါ်တယ်။ အဲ့မှာသွားပစ်တာ လှမ်းပေးကြည့်သလောက် သိမ်းလိုက်တာကသေချာတယ်”လို့ပြောပါတယ်။ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေဘက်ကနေ ဂိတ်စခန်းနှစ်ခုလက်လွတ်လိုက်ရတဲ့အတွက် ဒီကနေ့ မနက်ပိုင်း တိုက်ပွဲဖြစ်ပွားချိန်ကတည်းကနေ ၁၁ နာရီဝန်းကျင်အထိ ဝိုင်းမော်မြို့ထဲကနေ လက်နက်ကြီးဆက်တိုက်ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဝိုင်းမော်ဒေသခံတွေပြောပါတယ်။ ဝိုင်းမော်မြို့နယ်ထဲမှာ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက KIA ထိန်းချုပ်ထားတဲ့ လမြန်ကျေးရွာအထက်ဘက်ကို စစ်ကြောင်းထိုးဝင်ရောက်နိုင်ဖို့အတွက် ကြိုးပမ်းနေတာဖြစ်သလို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ထဲမှာလည်း လမြန်ကျေးရွာအနီးတဝိုက် တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပါတယ်။ ယခု ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလဆန်းပိုင်းအတွင်းကနေ မြစ်ကြီးနားမြို့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)၊ ဝိုင်းမော် ခလရ ၅၈ တပ်ရင်းကနေ လက်နက်ကြီးပစ်ခတ်ပေးပြီး ပြည်သူ့စစ်အဖွဲ့တွေကို မြေပြင်စစ်ကြောင်းကနေ ထိုးစစ်ဆင်တိုက်ပွဲဖော်ဆောင်နေတာဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
Jan- 2026 -26 Januaryသတင်း
ဝိုင်းမော်မြို့မှာ အမျိုးသားတစ်ဦး မြေမြုပ်မှိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်
ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ အမျိုးသားတစ်ဦး မြေမြုပ်မှိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းကနေ သိရှိရပါတယ်။ ဖြစ်စဥ်ကတော့ ဒီမနက် ၁၂နာရီကျော်အချိန် ဝူယန်ကျေးရွာမှာ အသက် ၅၄ နှစ်အရွယ် ဦးဆုပန်ဆိုတဲ့ အမျိုးသားတစ်ဦး ဟာ အိမ်အပြင် ထွက်ရင်းနဲ့ မြေမြုပ်မှိုင်းနင်းမိပြီး…
Read More » -
21 Januaryသတင်း
ဝိုင်းမော်မှာ ၃ ပတ်အတွင်း မူးယစ်ဆေးရှော့စ်ကြောင့် အမျိုးသား ၄ ဦးသေဆုံး
ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ ၃ ပတ်အတွင်း မူးယစ်ဆေးသုံးစွဲပြီးရှော့ဖြစ်လို့ သေဆုံးသူအမျိုးသား ၄ ဦးထိရှိခဲ့တယ်လို့ ဝိုင်းမော်မြို့အခြေစိုက်မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ ဒီသေဆုံးမှု အားလုံးဟာ ဒီနှစ် ၂၀၂၆ ဇန်နဝါရီအတွင်းမှာဘဲ ဖြစ်ခဲ့တာလို့ သိရပြီး သေဆုံးသူ အမျိုးသားအားလုံး…
Read More » -
20 Januaryသတင်း
ဝိုင်းမော် လမြန်ရွာဘက် စစ်ကြောင်းထိုးတိုက်ခိုက်လာတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့ကို KIA တိုက်ခိုက်
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာဘက်ကို စစ်တပ်နဲ့ပြည်သူ့စစ်အဖွဲ့ စစ်အင်အားအလုံးအရင်းနဲ့ တစ်ကျော့ပြန် ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဝိုင်းမော်ဒေသခံတွေဆီကနေ သိရပါတယ်။ KIA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ လမြန်ကျေးရွာရဲ့ အနောက်ဘက်ခြမ်း အင်မြန်းခချောင်း(N-Myan Hka)ဘက်ကို ယခုရက်ပိုင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကြောင်းနဲ့ KIA တပ်တွေ ဒီကနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့ မနက်ပိုင်း ၃ နာရီဝန်းကျင်လောက်ကနေ တိုက်ပွဲဖြစ်နေတယ်လို့ ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ဒီမနက်တိုက်ပွဲဖြစ်နေတဲ့နေရာက လမြန်ရဲ့ အနောက်ဘက်ခြမ်း အင်မြန်းခပတ်ပတ်လည်မှာဖြစ်နေကြတယ်။ ဒီရက်ပိုင်း စစ်တပ်နဲ့ ပြည်သူ့စစ်တွေ စစ်ကြောင်းထိုးလာလို့ လမြန်ဘက် နေရာအနည်းငယ် ရွေ့ပေးလိုက်ရတာရှိတယ်။ ဒါပေမယ့် ဒီကနေ့ မနက်တော့ ဝူယာန်ဘက်ကို ပြန်ပြီး တွန်းလှန်ပေးလိုက်တာရှိတယ်”လို့ပြောပါတယ်။ ဝိုင်းမော်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းအထိ ထိတွေ့တိုက်ပွဲတွေ ငြိမ်သက်သွားပေမယ့် ယခုဇန်နဝါရီလထဲမှာ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက လမြန်ကျေးရွာအထက်ပိုင်းကို စစ်ကြောင်းထိုးတက်နိုင်ဖို့ ပြန်လည်လုပ်ဆောင်လာတာဖြစ်ပါတယ်။ ယခုလို စစ်ကြောင်းထိုးလာတဲ့အပေါ် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နှစ်ဆန်းပိုင်းကနေ စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ စစ်တပ်ဘက်က စစ်ရေးရှုံးနိမ့်နေတဲ့အတွက် ဝိုင်းမော်မှာ တန်ပြန်ထိုးစစ်ဆင်လာတာဖြစ်တယ်လို့ ဝိုင်းမော်ဒေသခံ အမျိုးသားက ဆက်ပြီးသုံးသပ်ပြောဆိုပါတယ်။ “ဒီရက်ပိုင်း စစ်တပ်က ဗန်းမော်တိုက်ပွဲမှာ နေရာတစ်ချို့ကို ပြန်လက်လွတ်လိုက်ရတဲ့ဟာတွေရှိတယ်။ အဲဒါကြောင့် စစ်ရေးအားနည်းသွားအောင် ဝိုင်းမော်ဘက်ကို တန်ပြန်ထိုးစစ်လုပ်လာတယ်လို့ပဲမြင်ပါတယ်”လို့ပြောပါတယ်။ နှစ်ဆန်းပိုင်းကနေ ဗန်းမော်တိုက်ပွဲပြင်းထန်လာတာနဲ့အညီ တစ်ဖက်မှာ စစ်တပ်က ဝိုင်းမော် လမြန်ကျေးရွာအထက်ဘက်ကို ထိုးဖောက်နိုင်ဖို့ စစ်ကြောင်းထိုး တိုက်ခိုက်လာတာ တစ်ပတ်ခန့်ကြာမြင့်လာပြီဖြစ်တယ်လို့ပြောပါတယ်။ ဝိုင်းမော်လမြန်ကျေးရွာဘက်မှာ ဒီကနေ့ မနက်အစောပိုင်း ၃ နာရီဝန်းကျင်လောက်ကနေ လက်နက်ကြီးအသံတွေ ကျယ်ကျယ်လောင်လောင် ကြားနေရတယ်လို့ ဝိုင်းမော်ဒေသခံ အမျိုးသမီးတစ်ဦးက ဆက်ပြောပါတယ်။ “ဒီမနက် ၃ နာရီလောက်ကနေ တိုက်ပွဲသံတွေအကျယ်ကြီးပြန်ကြားရတယ်။ အခု ၁၀ နာရီအထိ ဆက်တိုက်ကြားနေရတယ်။ ဘယ်မှာဖြစ်နေလဲတော့သေချာမသိရဘူး”လို့ပြောပါတယ်။ လမြန်ဘက်ကို စစ်ကြောင်းထိုးတိုက်ခိုက်လာတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့ကို KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ဇန်နဝါရီလ ၁၉ ရက်နေ့စကပြီး တန်ပြန်ခုခံတိုက်ခိုက်လိုက်တာကြောင့် ဝူယာန်ကျေးရွာဘက်ခြမ်းကို တပ်ဆုတ်သွားခဲ့တယ်လို့လည်း ဆက်သိရပါတယ်။ စစ်တပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ ၂၀၂၄ ခုနှစ်အတွင်း ဝူယာန်ကျေးရွာအထက် လမြန်ကျေးရွာကနေ ဆဒုံး – ကန်ပိုင်တည် တစ်လျှောက်ကို KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီးနောက် ၂၀၂၅ တစ်နှစ်တာလုံး ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။ လမြန်ကျေးရွာကနေ KIA ဘက်က ပိတ်ဆို့ တိုက်ခိုက်ထားတာကြောင့် စစ်ကြောင်းထိုးဖောက်နိုင်ခြင်းမရှိဘဲ လမြန်ကျေးရွာအနီးတဝိုက်တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
15 Januaryသတင်း
ဘန်းဘားကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်တပ်အကြား စစ်ရေးတင်းမာနေ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာအုပ်စု ဘန်းဘားကျေးရွာမှာ ဒီမနက်ပိုင်းတိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။ ဇန်နဝါရီလ ၁၄ ရက် ည ၁၀ နာရီဝန်းကျင်ကစပြီး ဒီမနက် ၉ နာရီဝန်းကျင်အထိ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်အကြား တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဘန်းဘားကျေးရွာနေ KIA ရှေ့တန်းရင်းမြစ်တစ်ဦး KNG ကို ပြောပါတယ်။ “ဒီမနက်အစောပိုင်းပဲ စစ်စီတပ်ဘက်က စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားလာလို့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်တာဟုတ်တယ်။ မနေ့ည ၁၀ နာရီလောက်ကနေ ပစ်ကြတာ ဒီမနက် ၉ နာရီလောက်မှ ရပ်သွားပြီ ဒါပေမယ့် နှစ်ဖက်စလုံးကစောင့်ကြည့်နေကြတဲ့အခြေနေတော့ဟုတ်တယ်”လို့ ပြောပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေဟာ ဘန်းဘားကျေးရွာရဲ့တစ်ဖက်ကမ်း အာကျဲ၊ဖရောကျေးရွာဘက်က လက်နက်ကြီးပစ်ကူခဲ့သလို စန်းကားကျေးရွာရဲ့ တစ်ဖက်ကမ်းရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နန့်ပေါင်လေတပ်စခန်းကနေ လက်နက်ကြီးပစ်ကူတာတွေလုပ်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။ ဒေသခံတွေပြောတာကတော့ နှစ်ဖက်ပစ်ခတ်မှုဟာ ဇန်နဝါရီလ ၁၄ ရက် မနေ့ည ၁၀ နာရီခန့်ကနေစတင်ကြားရပြီး ဒီမနက် ၉ နာရီလောက်မှ ရပ်သွားတယ်လို့ ပြောကြပါတယ်။ ဒါ့အပြင် တိုက်ပွဲဖြစ်နေချိန်အတွင်းမှာပဲ စစ်တပ်ဘက်က စန်းကားရွာကနေ ဘန်းဘားကျေးရွာဘက်ကို စစ်ကား ၃ စီးနဲ့အင်အားဖြည့်လာတာလည်းရှိတယ်လို့ KIA သတင်းရင်းမြစ်ကပြောပါတယ်။ စန်းကားကျေးရွာအုပ်စုဟာ ကျေးရွာ၊ရပ်ကွက်ပေါင်း ၁၀ ခုရှိပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နမ့်ပေါင်လေတပ်စခန်းရဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိပါတယ်။ ဒါကြောင့် စစ်တပ်ဘက်ကလည်း လုံခြုံရေးတင်းကြပ်ထားတဲ့အပြင် လတ်တလောမှာတော့ စန်းကားရွာရဲ့အောက်ဘက် ၇ မိုင်ဝေးတဲ့ ဘန်းဘားကျေးရွာမှာ စစ်တပ်နဲ့ KIA တပ်အကြား စစ်ရေးတင်းမာနေတာ ၂ လဝန်းကျင်ရှိလာပြီဖြစ်သလို ဒီနေ့တိုက်ပွဲနေရာဖြစ်တဲ့ဘန်ဘားရွာဘက်ကို စစ်တပ်ဘက်က လေကြောင်းနဲ့ပစ်ခတ်တာတွေရှိနေတယ်လို့လည်းဒေသခံတွေပြောပါတယ်။ ဒါပေမယ့် ထိခိုက်မှုရှိမရှိ အခြေနေအသေးစိတ်ကိုတော့မသိရသေးပါဘူး။ “ဒီနေ့လေယာဉ်နဲ့လည်းလာပစ်တယ်လို့တော့ပြောကြတယ် ဒါပေမယ့် အသေးစိတ်မသိရဘူး။ အရင်တစ်လောကတော့ ရပ်ကွက် ၇ အထိ KIA ဘက်ကဝင်ရောက်ထားနိုင်ပြီဟုတ်တယ်။ ခုက ပြန်ဆုတ်သွားတဲ့သဘောထင်တယ် ရပ်ကွက် ၇ အကျော်ဘန်ဘာဘက်မှာ ဖြစ်နေကြတယ်။“လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ စန်းကားကျေးရွာ ရပ်ကွက် ၃ နဲ့ ၄ ကြားမှာ ခေတ်အဆက်ဆက်က စစ်ကောင်စီတပ်ရဲ့အထိုင်တပ်ရင်းတစ်ခုရှိပေမယ့် အဲဒီတပ်ရင်းမှာ ခုနောက်ပိုင်း ပြည်သူ့စစ်အဖွဲ့တွေ နေရာယူထားပြီး စစ်တပ်ကောင်စီတပ်ဖွဲ့ကတော့ စန်းကားရွာအဝင်အထွက်နဲ့ နောင်ဟီးရွာအကြား အားလူးဘာရီရွာဘုန်းကြီးကျောင်းတွေမှာတပ်စွဲတာတွေရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီရက်ပိုင်း ရွာချင်းဆက်လမ်းတွေ စစ်တပ်ဘက်က လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးမေးမြန်းတာတွေရှိတယ်လို့ သိရပါတယ်။ စန်းကားကျေးရွာ၊အာလူးဘာရီကျေးရွာ၊နောင်ဟီး၊မခန္တီးကျေးရွာ၊ခတ်ချိုကျေးရွာတွေဟာ ဝိုင်းမော်မြို့– ရွေညောင်ပင်လမ်းပေါ်မှာရှိ မုတ်လွှဲရွာကနေဝင်သွားရပြီး ဧရာဝတီမြစ်ကမ်းနံဘေးတစ်ဆက်တည်းရှိတဲ့ ရွာတွေဖြစ်သလို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့နန့်ပေါင်လေတပ်စခန်းတစ်ဖက်ကမ်းမှာရှိတဲ့ရွာတွေဖြစ်ပါတယ်။ ဒါကြောင့် မကြာခနဆိုသလို စစ်တပ်ဘက်ကလည်း KIA ပူးပေါင်တပ်ရှိတယ်လို့ယူဆရတဲ့ ရွှေညောင်ပင်ဘက်ကို လက်နက်ကြီးပစ်ခတ်တာ၊ KIA ဘက်ကလည်း နန့်ပေါင်လေတပ်စခန်းကို လာရောက်ပစ်ခတ်တာတွေရှိတဲ့အတွက် ရွှေညောင်ပင်နဲ့နန့်ပေါင်လေတပ်စခန်းကြားမှာရှိနေတဲ့ စန်းကားကျေးရွာအနီးတစ်ဝိုက် မကြာခနလက်နက်ကြီးကျမှန်ပေါက်ကွဲတာတွေလည်းရှိနေတာဖြစ်ပါတယ်။ ဒီကျေးရွာအုပ်စုက ပြည်သူအများပိုင်းကတော့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လမှာစတင်လာတဲ့ KIA ပူးပေါင်းတပ်ရဲ့စစ်ဆင်ရေးစတင်လာချိန်ကစပြီး ဘေးလွှတ်ရာကိုတိမ်းရှောင်နေကြပြီး အိမ်စောင့်တစ်ချို့သာရွာတွေမှာ ကျန်ရှိကြတာလည်းဖြစ်ပါတယ်။ By – Zami
Read More »









