ရွှေညောင်ပင်မှာ စစ်တပ်ကလေယာဉ်ဗုံးကြဲ၊ ကုန်ကားတစ်စီးမီးလောင်

ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာမှာ ဒီညနေပိုင်း စစ်တပ်က လေကြောင်းဗုံးကြဲသွားတယ်လို့ ကနဦးသတင်းအရ သိရပါတယ်။

ဖေဖော်ဝါရီလ ၄ ရက် ဒီညနေ ၅ နာရီဝန်းကျင် လေယာဉ်နဲ့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံအမျိုးသားတစ်ဦးပြောပါတယ်။

“လေယာဉ်သံကြားလို့ ကုန်ကားရပ်နေတာ လာပစ်သွားတယ်။ ဝပ်ရှော့ဆိုင်တစ်ခုလည်း မီးလောင်တယ်။ လူထိတာလည်းရှိတယ်လို့ သိရတယ်။ အသေးစိတ်မသိရသေးဘူးလို့ ပြောပါတယ်

စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကုန်ကားတစ်စီးမီးလောင်သွားတယ်လို့ သိရပြီး အရပ်သားထိခိုက်တာ‌တွေလည်းရှိတယ်လို့သိရပါတယ်။

ရွှေညောင်ပင်ကျေးရွာဟာ ဝိုင်းမော်လိုင်ဇာဗန်းမော်မြို့သွားတဲ့ လမ်းမပေါ်ရှိပြီး စစ်ကောင်စီတပ်ရဲ့ ခလရ ၃၂၁ အထိုင်စခန်းရှိတဲ့ နေရာဖြစ်ပါတယ်။

ဒါပေမယ့် ဒီကျေးရွာတစ်လျှောက်ရွာအားလုံးကို KIO ပူး ပေါင်းတပ်က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လမှာ တိုက်ခိုက်သိမ်းပိုက်ထားတာလည်း ဖြစ်ပါတယ်။

By – Zami

Show More
Back to top button