သတ္တုလုပ်ငန်း
-
Oct- 2024 -24 Octoberသတင်း
KIA သိမ်းပိုက်ထားတဲ့ပန်ဝါဒေသကို တရုတ်ကလျှပ်စစ်မီးဖြတ်တောက်၊ မြေရှားသတ္တုလုပ်ငန်းအားလုံး ရပ်နား
ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားတဲ့ ပန်ဝါမြို့ကို တရုတ်အစိုးရက လျှပ်စစ်မီးအားလုံးဖြတ်တောက်လိုက်ပြီး မြေရှားသတ္တုလုပ်ငန်းအားလုံးရပ်တန့်သွားပြီလို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့က ကေအိုင်အေနဲ့ပူးပေါင်းအဖွဲ့တွေဟာ ပန်ဝါမြို့မှာရှိတဲ့ ဗျူဟာကုန်၊ ပြည်သူ့စစ်စခန်း၊ စစ်တပ်စခန်းနဲ့ နယ်ခြားစောင့်တပ်စခန်းတွေကို ထိုးစစ်ဆင်ခဲ့ပြီး မြို့ကိုသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ပန်ဝါမြို့ကို ကေအိုင်အေသိမ်းပိုက်ပြီးတဲ့ နောက်နေ့ အောက်တိုဘာ ၁၉ ရက်နေ့မနက်ကစပြီးတော့ တရုတ် အစိုးရက ပန်ဝါမြို့ကိုပေးထားတဲ့ လျှပ်စစ်မီးတွေအားလုံးကိုဖြတ်တောက်လိုက်သလို နယ်စပ်ဂိတ်ကိုပါပိတ် လိုက်ပြီလို့ ဒေသခံတွေကပြောပါတယ်။ “ပန်ဝါမှာ မီးတွေအကုန်ဖြတ်လိုက်ပြီ။ တရုတ်ပြည်ဘက်ကပေးတဲ့မီးတွေ။ ပန်ဝါမှာက တရုတ်ပြည်ဘက် ကပေးတဲ့မီးတွေပဲရှိတာ။ သတ္တုလုပ်ငန်းတွေကတော့ ကေအိုင်အေကပိတ်တာမဟုတ်ဘူး။ မီးဖြတ်လိုက် တော့ တရုတ်တွေလည်း ဘာမှလုပ်လို့မရတော့တာ”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။ KIA သိမ်းပိုက်လိုက်တဲ့ ကချင်အထူးဒေသ ၁ ပန်ဝါဒေသမှာ မြေရှားသတ္တုလုပ်ငန်းဆိုက်ပေါင်း ၃၀၀ ကျော်ရှိတယ်လို့ သဘာဝပတ်ဝန်းကျင်အရေးလေ့လာစောင့်ကြည့်တဲ့ Global Witness အဖွဲ့က ထုတ်ပြန်ထားပါတယ်။ တစ်ဖက်မှာပန်ဝါနယ်စပ်ဂိတ်ကိုလည်းတရုတ်ဘက်ကပိတ်လိုက်တဲ့အတွက် စက်သုံးဆီဈေးနှုန်းတွေက လည်းမြှင့်တက်သွားပြီး ဒေသခံအများစုဟာလည်း မြစ်ကြီးနားမြို့ဘက်ကိုထွက်ပြေးတိမ်းရှောင်သွားကြတယ်လို့ဒေသခံ တွေကပြောပါတယ်။ “အခုကသတင်းတွေအမျိုးမျိုးထွက်နေတော့အကုန်စွန့်ခွာကုန်ပြီ။အဓိကကတော့ဒေသခံတွေက မြစ်ကြီးနား ဘက်ကိုအကုန်ပြေးကုန်ကြတယ်။ ကေအိုင်အေကတော့ ချီဖွေမှာစစ်ဆေးရေးတင်းကြပ်ထားတယ်”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။ တစ်ဖက်မှာ ပန်ဝါမြို့အတွင်းမြေရှားသတ္တုလုပ်ငန်းလုပ်ကိုင်နေတဲ့ တရုတ်လူမျိုး လုပ်ငန်းရှင် အားလုံးဟာ လည်း တရုတ်နိုင်ငံထဲပြန်ဝင်သွားကြပြီလို့ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဟာ နယ်ခြားစောင့်တပ် BGF တပ်ရင်း ၁၀၀၂ နဲ့ ပန်ဝါမြို့တို့အပါအဝင် မြန်မာ–တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့ ကန်ပိုက်တည်မြို့ကို လုံခြုံရေးယူထားတဲ့ BGF ၁၀၀၃ တပ်ရင်းကိုပါ သိမ်းပိုက်ခဲ့ပြီး ကန်ပိုက်တည်မြို့နဲ့ BGF ၁၀၀၁ တပ်ရင်းရှိရာ ဖီမော်မြို့ကိုသာ သိမ်းပိုက်ဖို့ကျန်ရှိတော့တာ လည်းဖြစ်ပါတယ်။ တစ်ဖက်မှာ ဖီမော်၊ လဂွေ နဲ့ ကန့်ဖာဒေသတို့မှာတော့ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့် တပ်စခန်း ၈ ခုထက်မနည်းကျန်ရှိနေသေးပြီး KIA ဘက်က ထိုးစစ်ဆင်တိုက်ပွဲတွေဆက်လုပ်လာ နိုင်တယ်လို့ စစ်ရေးလေ့လာသုံးသပ်သူတွေကသုံးသပ်နေကြပါတယ်။ ဒါ့အပြင် ပန်ဝါမြို့မသိမ်းပိုက်ခင် တရုတ်ဟာ KIA ကို ထိုးစစ်ရပ်ဖို့ဖိအားပေးခဲ့ပေမယ့် KIA ဘက်က ထိုးစစ်ရပ်တန့်ခြင်းမရှိဘဲ ပန်ဝါမြို့ကိုထပ်ပြီး သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ ပန်ဝါမြို့ကို သိမ်းပိုက်လိုက်ပြီး နာရီပိုင်းအကြာမှာဘဲ တရုတ်နိုင်ငံဘက်က KIA ထိန်းချုပ်အောက်ရှိ နယ်စပ်ဂိတ်အားလုံး ပိတ်လိုက်ပြီဖြစ်ပါတယ်။ ပန်ဝါမြို့ဟာ မြစ်ကြီးနားမြို့နဲ့ မိုင် ၁၂၀ ဝန်းကျင်အကွာမှာရှိပြီး ကချင်အထူးဒေသ ၁…
Read More » -
9 Octoberသတင်း
ပန်ဝါမြို့ပေါ်နဲ့ မြို့အနီး သတ္တုလုပ်ငန်းခွင်ထဲမှာ ပြည်သူ့စစ်တပ်သားသစ်စုဆောင်းပြီး ရှေ့တန်းပို့နေ
ကချင်အထူးဒေသ ၁ ဌာချုပ်တည်ရှိရာ ပန်ဝါမြို့ပေါ်နဲ့ မြို့အနီးဝန်းကျင် သတ္တုလုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ လူငယ်၊ လူလတ်ပိုင်းတွေကို ပြည်သူ့စစ်တပ်က တပ်သားသစ်စုဆောင်းနေပြီး ရှေ့တန်းပို့နေတယ်လို့ ပန်ဝါဒေသခံတွေပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေရဲ့ စစ်မျက်နှာဟာ ကချင်အထူးဒေသ ၁ နယ်မြေဖြစ်တဲ့ ပန်ဝါဘက်ကို ဦးတည်လာနေချိန် ပြည်သူ့စစ်တပ်ဖွဲ့ဟာ ပန်ဝါမြို့ပေါ်တည်းခိုခန်း၊ စားသောက်ဆိုင်နဲ့ မြို့အနီးဝန်းကျင် သတ္တုလုပ်ငန်းခွင်တွေမှာ တပ်သားသစ် အတင်းအဓမ္မလိုက်လံဖမ်းဆီးနေတယ်လို့ ပန်ဝါဒေသခံတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “ပန်ဝါမြို့ထဲမှာ ဆိုင်ထိုင်လည်းမရ ဆိုင်ထိုင်လည်းလိုက်ဖမ်းတယ်။ တည်းခိုခန်းတွေမှာလည်း လိုက်ဖမ်းတယ်။ ပြီးတော့ သတ္တုဆိုက်တွေမှာလည်း လိုက်ဖမ်းတယ်။ ဘာသင်တန်းမှမပေးဘဲ ခုတိုက်ပွဲဖြစ်နေတဲ့ ၁၁ မိုင်ဘက်ကို ပို့နေတာ။ဘာသင်တန်းမှလည်း မပေးဘဲ အဲလိုလုပ်နေတယ်”လို့ ပြောပါတယ်။ ချီဖွေမြို့နဲ့ ပန်ဝါမြို့မှာ စစ်ကောင်စီတပ်လက်အောက် ဦးဘောမ်လန်းဦးဆောင်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လကတည်းက မြစ်ကြီးနား– ချီဖွေ– ပန်ဝါ လမ်းသွားလမ်းလာ လူငယ်တွေကို ဖမ်းဆီးမှုတွေဆက်တိုက်လုပ်နေခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် စက်တင်ဘာလ ၂၉ ရက်နေ့ ချီဖွေမြို့ကိုလက်လွှတ်လိုက်ရတဲ့နောက် ပြည်သူ့စစ်တပ်ဖွဲ့ရဲ့ တပ်သားသစ်စုဆောင်းမှုဟာ ပိုဆိုးရွားလာတယ်လို့ သူကဆက်ပြောပါတယ်။ လတ်တလော ပန်ဝါမြို့အနီးဝန်းကျင် သတ္တုလုပ်ငန်းခွင်နဲ့မြို့ပေါ် ဖမ်းဆီးခံရတဲ့ လူဦးရေတွေဟာ ၂ ရက်အတွင်း ၅၀ ထက်မနည်းရှိနိုင်တယ်လို့သိရပြီး အသက် ၃၀ ဝန်းကျင်အများဆုံးဖမ်းဆီးခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါ့အပြင် ချီဖွေ၊ပန်ဝါ၊ဆော့လော်ဘက်မှာ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး မြစ်ကြီးနား– ချီဖွေ– ပန်ဝါ ကားလမ်းမတစ်လျှောက် လက်နက်ကိုင်နှစ်ဖွဲ့တပ်စလုံး သွားလာခွင့် ပိတ်ထားတာကြောင့် အခြေခံစားသောက်ကုန်ဝယ်ယူဖို့ခက်ခဲလာတယ်လို့ ပန်ဝါမြို့ခံပြည်သူတွေပြောပါတယ်။ ဒါကြောင့် သတ္တုလုပ်ငန်းခွင်တစ်ချို့ ရိက္ခာဝယ်ယူဖို့ခက်ခဲလာပြီး လုပ်ငန်းခွင်တစ်ချို့ ရပ်နားလိုက်ရတာရှိသလို တပ်သားစုဆောင်းမှုများလာတာကြောင့် အလုပ်လုပ်ကိုင်သူတွေ အဖက်ဖက်ကနေ ခက်ခဲလာနေတယ်လို့ သိရပါတယ်။ “ချီဖွေနဲ့ ပန်ဝါလမ်းမှာ ပြည်သူ့စစ်စောင့်ဘက်ကလည်း ဂိတ်တွေပိတ်ထားတယ်။ KIA ဘက်ကလည်း ပိတ်ထားတော့ ရိက္ခာတွေဝယ်ယူဖို့ခက်လာတယ်။ လောလောဆယ် မြို့နဲ့နီးတဲ့နေရာတွေကတော့ အများပိုင်းလုပ်နေသေးတယ်”လို့ ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တပ်ပေါင်းစုတွေဟာ ဝိုင်းမော်မြို့နယ် ဝူယန်အထက်ပိုင်း ဆဒုံး–ကန်ပိုင်တီ–ဆော့လော်တစ်ခုလုံးကို ပြီးခဲ့တဲ့ မေလအတွင်း ထိန်းချူပ်ထားလိုက်ပြီးနောက် စစ်ကောင်စီတပ်လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ ချီဖွေ၊ပန်ဝါဒေသမှာ ဩဂုတ်လ ၃ ရက်နေ့စပြီး တပ်သားသစ်စတင်စုဆောင်းနေတာလည်းဖြစ်ပါတယ်။ စက်တင်ဘာလ ၂၉ ရက်နေ့ကစပြီး ကချင်အထူးဒေသ ၁ ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ ချီဖွေမြို့နဲ့ဆော့လော်မြို့ကို KIA ပူးပေါင်းတပ်က သိမ်းပိုက်ထားပြီး နှစ်ဖက်တပ်အကြား စစ်ရေးတင်းမာနေတာလည်းဖြစ်ပါတယ်။ ချီဖွေ၊ဆော့လော်၊ပန်ဝါဒေသဟာ တရုတ်နယ်စပ်ဒေသမှာရှိပြီး မြေရှားသတ္တုအများဆုံးထုတ်ယူနေတဲ့ နေရာတွေဖြစ်ပါတယ်။ By – Zami
Read More »