သေဆုံးမှု

  • Oct- 2025 -
    20 October
    သတင်း

    ဆိုင်ကယ်ပျောက်သံသယနဲ့ ပကဖလက်ထဲမှာသေဆုံးသွားတဲ့ အမျိုးသားအမှု ကျပ်သိန်း ၁၅၀ နဲ့ကျေအေး

    စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်မှာ ဆိုင်ကယ်ပျောက်မှုသံသယနဲ့ အင်းတော်ပကဖရဲ့ ဖမ်းဆီးစစ်ဆေးခံရချိန် သေဆုံးခဲ့ရတဲ့ အမျိုးသားအမှုအတွက် ကျန်ရစ်တဲ့မိသားစုကို ကျပ်သိန်း ၁၅၀ ပေးကျေအေးလိုက်တယ်လို့ ဒေသခံတချို့က KNG ကိုပြောပါတယ်။ ငွေပေးကျေအေးခိုင်းသူဟာ ကသာခရိုင်ပအဖ (ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့) တာဝန်ခံဖြစ်ပြီး သေဆုံးသူကိုဇော်ထွေးရဲ့ ဦးလေးတော်စပ်သူဖြစ်တယ်လို့…

    Read More »
  • 2 October
    သတင်း

    နမ္မတူမြို့ နဲ့ မန်တုံမြို့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ အရပ်သား ၄ ဦးသေဆုံး ၇ ဦးဒဏ်ရာရ

    ရှမ်းမြောက် နမ္မတူမြို့နဲ့ မန်တုံမြို့တွေကို စစ်ကော်မရှင်တပ် လေကြောင်းဗုံးကြဲခဲ့တာကြောင့် ကလေးငယ်အပါအဝင် ထိခိုက်၊ သေဆုံးသူ အရပ်သား ၁၁ ဦးခန့် ရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာလ ၂ ရက်နေ့ ဒီနေ့မနက် ၇ နာရီ…

    Read More »
  • Sep- 2025 -
    29 September
    သတင်း

    မြစ်ကြီးနားမြို့မှာ မိန်းကလေးတစ်ဦး ဓားထိုးခံထားရပြီး သေဆုံး

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ  မိန်းကလေးတစ်ဦး လည်ပြွန်ဓားထိုးခံရတဲ့ ဒဏ်ရာနဲ့ အသတ်ခံထားရတယ်လို့ ဧရာဝတီဂရုဏာလူမှု ကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၈ ရက်နေ့ ညနေ ၄ နာရီခွဲခန့်မှာ သီတာရပ်ကွက် ဆုတောင်းပြည့်ဘုရားလမ်းကြားမှာ  အသက် ၂၀ ဝန်းကျင် အရွယ်ရှိ မိန်းကလေးတစ်ဦး…

    Read More »
  • 23 September
    သတင်း

    ပူတာအို တောင်ပြိုမှုမှာ ပြည်သူတစ်ဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံးနေဆဲ

    ကချင်ပြည်နယ် ပူတာအိုမြို့နယ် မန်စေခွန်ကျေးမှာ မြေပြိုမှုဖြစ်ခဲ့တဲ့ ဖြစ်စဥ်မှာ ဒေသခံပြည်သူတစ်ဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံးနေတယ်လို့ ဒေသခံများမှ သိရပါတယ်။ စက်တင်ဘာလ ပထမအပတ်ကစပြီး မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ပူတာအိုမြို့နဲ့ အနောက်ဘက် မြို့နဲ့ ၁၅ မိုင်နီးပါးဝေးလံတဲ့ မန်စေခွန် ကျေးရွာအုပ်စုထဲမှာ တောင်ပြိုမှုဖြစ်ပွားခဲ့ပါတယ်။…

    Read More »
  • 19 September
    သတင်း

    KIA တပ်မဟာ (၁၁) နယ်မြေ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသူ များပြားခဲ့

    ကချင်ပြည်နယ် ရွှေကူမြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်နယ်မြေထဲက စစ်သင်တန်းပေးဖို့ ပြင်ဆင်နေရာမှာ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် သေဆုံးသူ ၁၇ ဦးထိရှိခဲ့ပါတယ်။ KIA တပ်မဟာ (၁၁) နယ်မြေ၊ တပ်ရင်း ၁၂ နေရာမှာ စက်တင်ဘာလ ၁၈ ရက်နေ့ မနက်အစောပိုင်း သန်ခေါင်ယံမှာ စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အခြေအနေနဲ့ ပတ်သက်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကို ပြောပါတယ်။ “ပြောရရင်ကတော့ တကယ့် စိတ်မကောင်းစရာပါပဲ။ ကြားရသလောက်က ဟိုလို စစ်သင်တန်းပေးနေတဲ့ နေရာမျိုးတော့ မဟုတ်ဘူး။ အခုမှ ဖွင့်ဖို့ ပြင်ဆင်နေတဲ့နေရာ ဟုတ်တယ်တဲ့”လို့ပြောပါတယ်။ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာ ၁၇ ဦးက ပွဲချင်းပြီးသေဆုံးခဲ့ရပြီး ၁၉ ဦးခန့်က ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။ နောက်ထပ် ၂၆ ဦးကတော့ နည်းပါးဒဏ်ရာရခဲ့ကြတယ်လို့ စုံစမ်းသိရှိရပါတယ်။ KIA ထိန်းချုပ်နယ်မြေ တပ်ရင်း ၁၂ နေရာမှာ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ အခြေအနေမှန်ကန်ကြောင်းလည်း KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပါတယ်။ “သိရသလောက်က ပစ်ခတ်ခံရတာကသေချာပါတယ်။ ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီးတော့ အသေးစိတ်စာရင်း ရတာမျိုးတော့ မရှိဘူး။ ပစ်ခတ်ခံရတာလည်း KIA တပ်မဟာ (၁၁) ၊ တပ်ရင်း (၁၂) နယ်မြေမှာထဲမှာ လို့ကြားပါတယ်။ နေရာလည်းအတိအကျလည်း သေချာမသိရသေးပါဘူး”လို့…

    Read More »
  • 9 September
    သတင်း

    ဖားကန့်မှာမိသားစုတစ်စုလက်နက်ကြီးထိလို့ ဖခင်ဖြစ်သူသေဆုံး သားဖြစ်သူနဲ့အမျိုးသမီးဒဏ်ရာပြင်းထန်

    ဖားကန့်မြို့နယ် မြို့မဆွတ်ဂျာကျေးရွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့ညနေပိုင်းက လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ မိသားစုတစ်စုထဲကဘဲ ဖခင်ဖြစ်သူသေဆုံးခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။ အသက် ၅ နှစ်အရွယ်သားဖြစ်သူကတော့ အဆုတ်မှာလက်နက်ကြီးစထိမှန်ခဲ့ပြီး အမျိုးသမီးဖြစ်သူကတော့ဒဏ်ရာပြင်းထန်ရရှိခဲ့ကြတယ်လို့သိရပါတယ်။ “အမျိုးသားကဆုံးသွားတယ်။ကလေးနဲ့အမေက လက်နက်ကြီးစထိမှန်လို့ ဒဏ်ရာပြင်းထန်တယ်။ မြစ်ကြီးနားကိုဆင်းသွားပြီ အသက်၅နှစ်သားအရွယ် သားလေးက…

    Read More »
  • 5 September
    သတင်း

    ပျောက်ဆုံးနေတဲ့ ကလေးငယ် ဝမ်းဗိုက်နားထိုးထွင်းဒဏ်ရာနဲ့ သတ်ဖြတ်ခံထားရ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နောင်နန်းကျေးရွာမှာ ၃ ရက်ကျော်ကြာပျောက်ဆုံးနေတဲ့ ၆နှစ်အရွယ် ကလေးငယ်တစ်ဦးကို အသတ်ခံထားရတဲ့ ပုံစံနဲ့ ပြန်လည်တွေ့ရှိခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူက ဆိုရပါတယ်။ နောင်နန်းကျေးရွာ နယ်မြေ (၂)မှာ နေထိုင်တဲ့ မလဘူမေရီနန်ဇင်ဟာ စက်တင်ဘာလ ၂…

    Read More »
  • 5 September
    သတင်း

    ဝိုင်းမော်မှာ တစ်ရက်အတွင်း လူသေအလောင်း ၂ လောင်းတွေ့

    ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ တစ်ရက်အတွင်း လူသေရုပ်အလောင်း ၂ လောင်းတွေ့ရှိခဲ့တယ်လို့ မွန်မြတ်စေတနာလူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ သေဆုံးနေတဲ့ရုပ်လောင်းနှစ်လောင်းထဲကနေ  ပထမရုပ်အလောင်းက ဝိုင်းမော်မြို့ အမှတ် (၅ )ရပ်ကွက်နေ အသက်၂၅ နှစ်အရွယ် ဦးလာမြာဝူဆိုသူဖြစ်ပြီး ဒီမနက် ၇ နာရီဝန်းကျင်အချိန်…

    Read More »
  • 1 September
    သတင်း

    ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးပြီး ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ

    စစ်တပ်ရဲ့ ထိုးစစ်ကြောင့် တိုက်ပွဲပြင်းထန်နေတဲ့ ဝိုင်းမော်မြို့နယ်မှာ လက်နက်ကြီးထိမှန်ပေါက်ကွဲမှုကြောင့် အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးခဲ့ရတဲ့အပြင် ဒေသခံပြည်သူ ၄ ဦး ဒဏ်ရာပြင်းထန်ခဲ့ပါတယ်။ ဩဂုတ်လ ၃၁ ရက်နေ့မှာ လယ်လုပ်နေတဲ့ အဘိုးအဖွားနှစ်ဦးဆီသွားတွေ့ ခဲ့ပြီး ပြန်လာခဲ့တဲ့…

    Read More »
  • Aug- 2025 -
    25 August
    သတင်း

    ရွှေကူမှာ လက်နက်ကြီးကျည်ထိမှန်လို့ အရပ်သား ၃ ဦးသေဆုံး

    ကချင်ပြည်နယ် ရွှေကူမြို့တစ်ဖက်ကမ်း စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား ၃ ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။ ရွှေကူမြို့တွင်းအထိုင်တပ်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်ကစပြီး ‌ ရွှေကူမြို့ရဲ့ဧရာဝတီမြစ်တစ်ဖက် ကမ်းမှာရှိတဲ့ ကျေးရွာဖက်ကို စစ်တပ်က လက်နက်ကြီးဆက်တိုက်ရမ်းသမ်းပစ်ခတ်‌နေတာလို့ ရွှေကူ့မြို့ခံအမျိုးသားတစ်ဦး KNG…

    Read More »
Back to top button