သွားလာရေးခက်ခဲ

  • Nov- 2025 -
    10 November
    သတင်း

    ရှိန်းခေါင်နဲ့ လန်ဆယ်ကြားက တံတားတွေဖျက်ဆီးခံထားရတဲ့အတွက် ဒေသခံများသွားလာရေးအခက်ကြုံနေ 

    ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်ထဲက ရှိန်းခေါင်နဲ့ လန်ဆယ်ကျေးရွာကိုဆက်သွယ်ထားတဲ့ တံတားအားလုံးဖျက်ဆီးခံထားရတဲ့အတွက် ဒေသခံတွေသွားလာရေးမှာ အခက်တွေ့နေတယ်လို့ ဒေသခံတွေကဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလကစပြီး ခေါင်လန်ဖူး၊ ရှိန်းခေါင်ဘက်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်လာချိန်ကစလို့ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေက အဲဒီလမ်းပိုင်းမှာရှိတဲ့ တံတားအားလုံးကို ပုဆိန်တွေနဲ့ ခုတ်ပြီး ဖျက်ဆီးထားတယ်လို့ဆိုပါတယ်။ “အဓိက လဟယ်ဆင်ကနေ ရှိန်းခေါင်ဘက်သွားလမ်းပေါ်က တံတားတွေအားလုံးကိုဖျက်ဆီးလိုက်တာဟုတ်တယ်။ ဒီဒေသမှာက ကား၊ဆိုင်ကယ်လမ်းမပေါက်ဘူး လူသွားလမ်းပဲရှိတယ်။ ဒေသခံတွေက ဒီလမ်းတံတားတွေကနေပဲ တစ်ရွာပြီးတစ်ရွာသွားကြတာ။ ဒီလမ်းတံတားတွေမရှိရင် ရွာခံတွေ လိုအပ်တာတွေ သွားယူဖို့၊ သွားဝယ်ဖို့ ခဲယဉ်းနေတယ်။” လို့ ရှိန်းခေါင်ဘက်က KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦး ပြောပါတယ်။ လန်ဆယ်ကနေ ရှိန်းခေါင်– ခေါင်လန်ဖူးဘက်သွားလမ်းတွေဟာ ဝေးလံခေါင်ဖျားလွန်းတဲ့အပြင် ကား၊ဆိုင်ကယ်လမ်းမရှိပဲ လူသွားလမ်းတစ်ခုတည်းသာရှိတယ်လို့ ဆိုပါတယ်။ ဒီလမ်းတွေဟာ ကျေးရွာတစ်ခုနဲ့ တစ်ခုကို ဆက်သွယ်ထားတဲ့လမ်းတွေဖြစ်ပြီး အဲဒီလမ်းပိုင်းမှာ ချောင်းကူးကြိုးတံတား၊ ပျဉ်တံတားတွေဟာ ဒေသခံပြည်သူတွေအတွက် အရေးပါတဲ့တံတားတွေဖြစ်တာကြောင့် ကျေးရွာနေပြည်သူတွေက ဝိုင်းဝန်းပြီး ကိုယ်ထူကိုယ်ထနဲ့ တည်ဆောက်ထားတဲ့ ကြိုးတံတားတွေ များတယ်လို့ ဆိုပါတယ်။    အခုလို တံတားတွေကို ဖျက်ဆီးလိုက်ရတာဟာ KIA နဲ့တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်က ရှိန်းခေါင်၊ ခေါင်လန်ဖူးဘက် ဝင်ရောက်လာမှာကို စိုးရိမ်တာကြောင့်ဖြစ်တယ်လို့ စစ်ရေးနိုင်ငံရေးကျွမ်းကျင်သူ ကချင်အမျိုးသားတစ်ဦးကလည်း အခုလို ပြောပါတယ်။ “အဓိက အခု ခေါင်လန်ဖူးဘက်မှာ ရွေးကောက်ပွဲကျင့်ပဖို့ရှိတာကြောင့် KIA တွေရဲ့ ထိုးစစ် ခေါင်လန်ဖူးဘက်ထိ မရောက်လာအောင် တော်တော်တားဆီး၊ တားမြစ်နေတဲ့အနေအထားရှိတယ်။ KIA ရဲ့ ထိုးစစ်အဲဘက် ရောက်လာရင်တော့ သူတို့ရွေးကောက်ပွဲလည်း ပျက်လာနိုင်တယ်လေ။ ဒါကြောင့် ရှိရှိသမျှ လမ်းတံတားတွေ အားလုံးဖျက်ဆီးပြီး ဆုတ်ခွာသွားကြတာဖြစ်တယ်။” လို့ သုံးသပ်ပြောဆိုပါတယ်။ လတ်တလော လန်ဆယ်နဲ့ ရှိန်းခေါင်ကြားမှာ လက်ရှိ ပြည်သူ့စစ်နဲ့ စစ်တပ်တွေ ဖျက်ဆီးလိုက်တဲ့ တံတားပေါင်း ၆ ခု ရှိတယ်လို့ သိရပါတယ်။ ထဖုန်ကျေးရွာ ၊ နမ်ချိန်၊ ငဂျာလရွာ၊ မတ်ခွာမိ( Mahkwa Mi) ရွာ နဲ့ ရှီလာန်ဒမ်းကျေးရွာ စတဲ့ထဲက ကြိုးတံတားတွေ ဖျက်ဆီးခံထားရတာဖြစ်ပြီး လက်ရှိ ပြည်သူ့စစ်တွေဖျက်ဆီးထားတဲ့ လမ်းတံတားတွေကို KIA နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ လိုက်လံပြင်ဆင်ပြီး တံတားပြုလုပ်နေတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ အဓိက လန်ဆယ်အထက်  အဲဒီကျေးရွာတွေထဲက ဒေသခံတွေဟာ လိုအပ်တဲ့ စားနပ်ရိက္ခာ၊ အစားအသောက်၊ ပစ္စည်းတွေကို လန်ဆယ်ဘက်ဆင်းပြီး သွားဝယ်ယူလျက်ရှိပေမယ့် ခုလိုလမ်းတံတားတွေဖျက်ဆီးခံထားရတာကြောင့် လမ်းသွားလမ်းလာ အခက်အခဲကြုံတွေ့နေတယ်လို့ သိရပါတယ်။   ခေါင်လန်ဖူးမြို့နယ် တရုတ်နယ်စပ်ဘက် ရှိန်းခေါင်ဘက်ကို လက်ရှိ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ထိုးစစ်ဆင်နေတာဖြစ်ပြီး ရှိန်းခေါင်မရောက်ခင် နယ်စပ်မှတ်တိုင် (၃၀) နယ်မြေမှာ နိုဝင်ဘာလ ၁၀ ရက် ဒီမနက်ပိုင်းအထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တယ်လို့ ဆက်လက်သိရပါတယ်။ နိုဝင်ဘာလ ၉ ရက်နေ့ မနေ့ကလည်း ရှိန်းခေါင်ဒေသဘက် နယ်စပ်မှတ်တိုင် (၃၀) ရှိ ဟဲဇတိ (He Zeti) ကျေးရွာက  ပြည်သူ့စစ်နဲ့ စစ်တပ်စခန်း ကာကင်း ၁ ခုကို KIA ဘက်က ထပ်မံတိုက်ခိုက်သိမ်းပိုက်လိုက်နိုင်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းကစပြီး စစ်တပ်နဲ့ ပြည်သူ့စစ်တပ်တွေက လန်ဆယ်ကို ပြန်လည်သိမ်းပိုက်ဖို့ KIA ရှိရာ လန်ဟီဆင်တောင်ကုန်းပေါ်ကို ထိုးစစ်ဆင်လာခဲ့ပေမဲ့ တိုက်ပွဲအရေးနိမ့်ခဲ့တာကြောင့် နောက်ဆုတ်လိုက်ရတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ KIA ဘက်က ရှိန်းခေါင်ဘက်ကို ဆက်လက်ထိုးစစ်ဆင်နေပြီး ပြည်သူ့စစ်နဲ့ စစ်တပ်က ခံစစ်နဲ့ ခုခံနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ နဲ့ နိုဝင်ဘာလဆန်းအတွင်း  လန်ဆယ် နဲ့ ရှိန်းခေါင်ကြားက စစ်တပ်နဲ့ ပြည်သူ့စစ်စခန်း ၄ ခု ထက်မနည်းကို KIA နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ တိုက်ခိုက်သိမ်းပိုက်ထားနိုင်တယ်လို့ သိရပါတယ်။ By…

    Read More »
  • Oct- 2024 -
    29 October
    သတင်း

    လုံးခင်းရွာ ဘေလီသံတံတားပျက်ဆီးနေပြီး အမြန်ဆုံးပြုပြင်ပေးဖို့လိုအပ်နေ

    ဖားကန့်မြို့နယ် လုံးခင်းကျေးရွာမှာရှိတဲ့ ဘေလီသံဘောင်တံတားပျက်ဆီးနေတဲ့အတွက် လမ်းသွားလမ်းလာဒေသခံတွေနဲ့ တံတားအသုံးပြုနေတဲ့ ကျောင်းသူ၊သားတွေအတွက် အန္တာရယ်ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီတံတားဟာ လုံးခင်းကျေးရွာ အထက်တန်းကျောင်းမှာတက်နေတဲ့ ကျောင်းသား၊သူတွေအတွက် အရေးကြီးဆုံးတံတားဖြစ်ပြီး ကြမ်းခင်းအပြား ၃ ပေလောက်လန်ထွက်နေတာကြောင့် အမြန်ဆုံးပြုပြင်ပေးဖို့နဲ့နှစ်စဥ်ထိန်းသိမ်းပေးဖို့ ဒေသခံတစ်ဦး ခုလိုပြောပါ တယ်။ “သွားလို့လာလို့တော့ရပါတယ်။ ကျောင်းတက်ဆင်းချိန်ဆိုရင် အခက်အခဲဖြစ်တာပါ။ နောက်တစ်ခုက ညပိုင်း မမြင်မစမ်းနဲ့ဆိုရင် အန္တာရယ်ရှိနိုင်တယ်။ ဘေးပတ်ဝန်းကျင်ကရွာတစ်ချို့နဲ့ လုံးခင်းအထက ကျောင်းအတွက်အားအကိုးရဆုံးတံတားပါ”လို့ ဒေသခံတစ်ဦး ပြောပါတယ်။ ဘေလီသံတံတားပေါ် ဆိုင်ကယ်နဲ့ကားတွေ အသွားအလာများသလို သက်တမ်းကြားမြင့်လာပြီဖြစ်တဲ့အတွက် ကားကြီးတွေကိုဖြတ်ခွင့်မပေးပဲ ၃ တန်အောက်ကားသေးနဲ့ ယာဥ်ငယ်တွေကိုသာ ဖြတ်သန်းခွင့် ပေးထားတဲ့တံတားဖြစ်ပါတယ်။ မကြာခဏပြုပြင်နေရတဲ့တံတားဖြစ်သလို ဒီတစ်ကြိမ်မှာတော့ သံပြားလံတာကနေ သံပြားပါးပြီး ဂဟေစတွေလန်ပြီး ပျက်ဆီးသွားတာလို့ ဒေသခံတွေကပြောပါတယ်။ “တံတားကပေါက်တာပါ။ တံတားကျိုးတာမဟုတ်ပါဘူး။ ဆိုင်ကယ်နဲ့ကားတွေအသွားအလာများတယ်။ ပြုပြင်ထားတာတွေကလည်း စံချိန်မမှီတာလား အဲ့လိုထင်တယ်။ အခုက သံပြးလန်တာကနေ သံပြား ပါးပြီး ဂဟေစတွေလန်ပြီးဖြစ်သွားတာ”လို့ ဒေသခံတစ်ဦး ပြောပါတယ်။ ဘေလီသံဘောင်တံတားဟာ လုံးခင်းဒေသခံတွေအတွက်သာမက အဲ့ဒီအနီးတစ်ဝှိုက်က ငြိမ်းချမ်း၊ မလန်း စတဲ့ကျေးရွာက ဒေသခံတွေရော အဓိကအားကိုးရတဲ့တံတားဖြစ်သလို မိုးကောင်းလမ်း နဲ့ မှော်ထဲကို ဆက်သွယ်ပေးထားတဲ့ ဥရုချောင်းဖြတ်ပထမဆုံးတံတားတစ်ခုဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ By- အမိုး

    Read More »
  • 28 October
    သတင်း

    လုံရှာယန်နဲ့ဆွမ်ပီယန်ကြား စစ်တပ်က အင်အားဖြည့်ပြီး စစ်ရေးလှုပ်ရှားနေ

    ပူတာအိုမြို့နယ် လုံရှာယန်နဲ့ ဆွမ်ပီယန်ကြားမှာ စစ်ကောင်စီအင်အားဖြည့်စစ်ရေးလှုပ်ရှားနေပြီး လမ်းသွားလမ်းလာအရပ်သားတွေကို စစ်ဆေးရေးတင်းကြပ်နေတယ်လို့ ဒေသခံတွေပြောပါတယ်။ ၂၀၂၃ ခုနှစ် စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေအကြားတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ လုံရှာယန်၊ဆွမ်ပီယာန် ဒေသခံတွေ ၂၀၂၄ နှစ်ဆန်းပိုင်း ပြည်သူတစ်ချို့နေရပ်ပြနလာပြီး အသက်မွေးဝမ်းကျောင်းပြုဖို့ လယ်ယာ၊တောင်ယာ လာရောက်လုပ်ကိုင်ရင်း နေထိုင်နေကြတာဖြစ်ပါတယ်။  ဒါပေမယ့် စစ်ကောင်စီတပ်တွေဟာ အရပ်သားပြည်သူတွေ လွတ်လပ်စွာသွားလာခွင့်မရအောင် ရွာအဝင်အထွက် စစ်ဆေးတင်းကြပ်တာ၊ အချိန်အကန့်အသတ်နဲ့ သွားလာခွင့်ပြုပြီး တားဆီးပိတ်ပင်တာတွေလုပ်နေတာကြောင့် ဒေသခံပြည်သူတွေ သွားလာရေးခက်ခဲပြီးအခက်တွေ့နေတယ်လို့ ပြောပါတယ်။  “အပြင်တွေဘာတွေသွားတာတို့၊ တောင်ယာ အခင်းတွေဆီ သွားလာရေးမှာ အရမ်းတားမြစ်ပိတ်ပင်မှုဖြစ်တယ်။ အချိန်တွေကန့်သတ်ပေးတာတွေပေါ့။ တန်ဂျာယန်မှာလည်း စစ်တပ်စခန်းလည်းရှိနေတော့ အဲမှာလည်း အင်အားက ၅၀ လောက်ရှိမယ်။ ပြည်သူတွေက အခုချိန်က လယ်ယာစပါးတွေလည်း မှည့်တဲ့အချိန်ဆိုတော့ အလုပ်များတဲ့အချိန်ဖြစ်တယ်။ ဒီလိုအခြေအနေမှာ အားလုံးက သတိဝီရိယနဲ့ပဲ စိုးရိမ်ပြီး သွားလာလုပ်ကိုင်နေကြရတာပေါ့။” လို့ လုံရှာယာန်ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ ဆွမ်ပီယန့်နဲ့လုံရှာယန်ပြည်သူတွေဟာ လယ်ယာ၊တောင်ယာလုပ်ကိုင်ဖို့ တစ်ချို့တစ်ဝက်သာဝင်ရောက်လာတာဖြစ်ပြီး အများပိုင်း ထွက်ပြေးတိမ်းရှောင်နေကြဆဲဖြစ်တယ်လို့ သိရပါတယ်။  ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလလောက်ကစပြီး စစ်ကောင်စီတပ်ဖွဲ့ အင်အား ၆၀ ခန့်နဲ့  လုံရှာယန်ကျေးရွာထဲ ဝင်ရောက်တပ်စွဲ စခန်းတည်ဆောက်လာတာဖြစ်ပြီး လတ်တလော စစ်အင်အားထပ်ဖြည့်ကာ တန်ဂျာကျေးရွာတွေထိ တပ်စခန်းတိုးချဲ့ပြီး ကတုတ်ကျင်းတွေ အခိုင်အမာတည်ဆောက်ကာ လုံခြုံရေးအပြည့်နဲ့ လှုပ်ရှားနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။  “တန်ဂျာရွာမှာလည်း ဆောက်လုပ်ရေးရှိတဲ့နေရာတွေ၊ တံတားအောက်မှာတွေ တပ်စခန်းအကုန်ချထားတယ်။ အရင်စခန်းမရှိတဲ့နေရာတွေမှာ အကုန်တပ်စွဲပြီး ရွာပြင်၊ရွာထဲ အကုန်လုံခြုံရေးပြုထားတယ်။ လုံရှာယန်မှာက ခိုင်ခိုင်မာမာ ကတုတ်ကျင်းတွေ တူးဖော်ဆောက်လုပ်ပြီး လူအင်အားထပ်ဖြည့်၊ လက်နက်ကြီးလည်း ၃ ခုလောက်ထောင်ပြီး နေနေတယ်။ ဒီဒေသက ပြည်သူ့စစ်တွေနဲ့ စစ်ကောင်စီတပ်တွေ အားလုံးတပ်ပေါင်းစုပြီး ဆွမ်ပီယန်ဘက်အထိ ရောရောနှောနှော လှုပ်ရှားနေကြတယ်။”လို့ လုံရှာယာန်ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ ဒါ့အပြင် ဆွမ်ပီယန်ဘက်မှာတော့ ၂၀၂၄ ခုနှစ် မေလလောက်ကစပြီး စစ်ကောင်စီတပ်တွေ ကျေးရွာအတွင်း ဝင်ရောက်လာပြီး ရွာသားတွေကို ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်ကာ နေအိမ်တွေကို ဖောက်ထွင်းခံရတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ လတ်တလော ဆွမ်ပီယန်၊ ၀ဒတ်ရွာနဲ့ အင်စီးယန် စတဲ့ကျေးရွာ ၃ ခုက ရွာသား ၁၅၀၀ ကျော်ဟာ လတ်တလော တောထဲ မိုးကာတဲတွေထိုးပြီး စစ်ဘေးရှောင်နေကြရလလောက်ကြာလာပြီဖြစ်ကာ ဖျားနသူတွေလည်း များပြားနေပြီး ဆေးဝါးလည်းမရှိ၊ အစားအသောက်လည်း မလုံလောက်ကာ ဒုက္ခရောက်နေကြရတယ်လို့ သိရပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • Jun- 2024 -
    19 June
    သတင်း

    ပူတာအို – နောင်မွန်ကားလမ်းပိုင်းပျက်စီးနေတဲ့အတွက် ဒေသခံတွေ သွားလာရေးခက်ခဲ

    ကချင်ပြည်နယ် ပူတာအိုမြို့နယ်နဲ့ နောင်မွန်မြို့နယ်ကိုဆက်သွယ်ပေးထားတဲ့ ကားလမ်းပိုင်းမှာမြေပြို‌နေတာကြောင့်ဒေသခံတွေသွားလာရေးခက်ခဲနေတယ်လို့ သိရပါတယ်။ ပူတာအိုနဲ့ နောင်မွန်ကြား မချမ်းဘော့မြို့နယ်ထဲမှာရက်ပေါင်း  ၂၀ အကြာ မိုးအဆက်မပြတ်ရွာသွန်းခဲ့တာကြောင့် မချမ်းဘော့နယ်ထဲက အလန်ဂါးကျေးရွာနဲ့ ထန်ဂါးကျေးရွာကြားမှာရှိတဲ့ ကားလမ်းပိုင်းမြေပြို‌နေတာလို့ ဆိုပါတယ်။ “တောင်တွေပြိုပြီးကားလမ်းဖုံသွားတာ ပေ ၁၀၀၊ ၂၀၀…

    Read More »
Back to top button