အက်ဆီဒင့်
-
Oct- 2024 -28 Octoberသတင်း
ဆိုင်ကယ်အချင်းချင်းတိုက်မိပြီး အသက် ၆၀ အရွယ်အမျိုးသားတစ်ဦးပွဲချင်းပြီးသေဆုံး
ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ ဆိုင်ကယ်အချင်းချင်းတိုက်မိပြီး အသက် ၆၀ အရွယ်အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ မွန်မြတ်စေတနာအသင်းကနေ သိရပါတယ်။ ဖြစ်စဉ်ကတော့ အောက်တိုဘာလ ၂၇ ရက်နေ့ မနေ့ည ၆ နာရီဝန်းကျင်အချိန် ဝိုင်းမော်ရပ်ကွက် ၁ က နန့်မြင့်ခချောင်းတံတားပေါ်မှာ အမျိုးသားနှစ်ဦးမောင်းနှင်လာတဲ့ ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိခဲ့တဲ့အတွက် တစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ကျန်တစ်ဦးထိခိုက်ဒဏ်ရာအနည်းငယ် ရရှိခဲ့တယ်လို့တယ်လို့ မွန်မြတ်စေတနာအသင်းရဲ့တာဝန်ရှိသူတစ်ဦးက ခုလိုဆိုပါတယ်။ “ဒဏ်ရာကတော့ ခေါင်းမှာရတာဗျ ခေါင်းမှာဆိုတော့ ခေါင်းပိုင်းဆိုင်ရာထိခိုက်သွားတယ်ထင်တယ် နှခေါင်းနဲ့ပါးစပ်ကသွေးတွေထွက်ပြီးအဲနေရာမှာဘဲ သေသွားတာ”လို့ပြောပါတယ်။ ယာဉ်တိုက်မှုဖြစ်ခဲ့တဲ့ အမျိုးသားနှစ်ဦးလုံးဟာ အသက် ၆၀ ဝန်းကျင်အရွယ်တွေဖြစ်ကြပြီး သေဆုံးသွားသူကတော့ လီဆူအမျိုးသားဖြစ်သလို ဝိုင်းမော်ရပ်ကွက် ၅ စစ်ရှောင်စခန်းမှာနေထိုင်တယ်လို့သိရပါတယ်။ “ယာဉ်တိုက်မှုကတော့ အမြဲဖြစ်နေတာပါဘဲ ဆိုးတာနဲ့မဆိုးတာဘဲရှိတာ သုံးသပ်ရရင်တော့ မူးပြီးမောင်းတဲ့လူနဲ့ မဆင်မခြင်မောင်းတဲ့လူတွေရှိလို့ ယာဉ်တိုက်မှုတွေဖြစ်နေတာပေါ့”လို့ဆိုပါတယ်။ ဝိုင်းမော်မြို့မှာ ယာဉ်တိုက်မှုတွေကြောင့် လတိုင်းလိုလို သေဆုံးသူတွေ၊ ခြေလက်ကျိုးပဲ့သူတွေ အမြဲရှိနေပေမယ့်လည်း စည်းကမ်းမဲ့ ယာဉ်မောင်းနှင်သူတွေတော့ များနေဆဲဘဲ ဖြစ်ပါတယ်။ ဒါအပြင် ယာဉ်တိုက်မှုတွေကတော့ ပျမ်းမျှအားဖြင့် တစ်လကို အနည်းဆုံးဆယ်ကြိမ်ထက်မနည်း ဖြစ်ပွားနေတာဖြစ်တယ်လို့ မွန်မြတ်စေတနာလူမှုကယ်ဆယ်ရေးအသင်းရဲ့ တာဝန်ရှိသူကပြောပါတယ်။ By – Hope
Read More » -
Feb- 2024 -21 Februaryသတင်း
ဝိုင်းမော်မြို့မှာ ဆိုင်ကယ်အက်ဆီးဒင့်ဖြစ်ပြီး ကျောင်းဆရာတစ်ဦး သေဆုံး
ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ ဆိုင်ကယ်အက်ဆီးဒင့်ဖြစ်ပွားခဲ့တာကြောင့် ကျောင်းဆရာတစ်ဦး သေဆုံးခဲ့တယ်လို့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းက သိရပါတယ်။ ဖြစ်စဉ်ကတော့ ဒီကနေ့ ညနေ ၄ ခွဲဝန်းကျင် ဝိုင်းမော်မြို့ အမှတ် ၂ ရပ်ကွက် ဝါရှောင်ဘက်သွားတဲ့လမ်းမကြီး KBC ဘုရားကျောင်းနဲ့…
Read More »