အစားအသောက်ခက်ခဲ

  • Jul- 2023 -
    5 July
    သတင်းနေရပ်ပြန်ခဲ့စဉ်ပုံ

    ကိုယ်ထူကိုယ်ထစနစ်နဲ့ နေရပ်ပြန်ခဲ့တဲ့ လိုင်ကာဇွပ်ဂျာဒေသခံများ အစားသောက်နဲ့နေရာထိုင်ခင်း ခက်ခဲနေ

    မံစီမြို့နယ် မိုင်းခေါင်စစ်ရှောင်စန်းက လိုင်ကာဇွပ်ဂျာရွာဒေသံတွေဟာ ကိုယ်ထူကိုယ်ထစနစ်နဲ့ မိုင်းရှင်းလင်းရှင်းရေးလုပ်ပြီး နေရပ်ပြန်ခဲ့ကြပြီဖြစ်ပေမယ့် နေရာထိုင်ခင်းနဲ့ အစားအသောက် အခက်အခဲဆက်လက်ကြုံတွေ့နေရတယ်လို့ နေရပ်ပြန်စစ်ရှောင်များက ပြောပါတယ်။ ကိုယ်ထူကိုယ်ထစနစ်နဲ့ နေရပ်ပြန်နေထိုင်တာ ၂ လခန့်ကြာလာပြီဖြစ်ပေမယ့် ကူညီထောက်ပံ့ပေးမယ့် အဖွဲ့အစည်းမရှိတဲ့အပြင် နှစ်ကြာရှည်ပစ်ထားခဲ့တဲ့နေအိမ်တွေကိုလည်း ပြန်လည်ဆောက်လုပ်ဆောင်နိုင်ခြင်းမရှိသေးသေးတဲ့အတွက် နေရာထိုင်ခင်းနဲ့ စားဝတ်နေရေး ခက်ခဲနေတယ်လို့ နေရပ်ပြန်လိုင်ကာဇွပ်ဂျာကျေးရွာဒေသခံတစ်ဦး  ခုလိုပြောပါတယ်။ “တချို့က မိုးကာတဲထိုးပြီးနေနေတယ်၊ တချို့ အိမ်တွေက နေလို့မရတော့တာကြောင့် ဆွေမျိုးတွေရဲ့ အိမ်တွေမှာ မှီခိုပြီး ပူးတွဲနေနေရတာတွေ၊ တချို့ကျတော့လည်း စပါးကျီ ၊ စပါးသိုက်တတွေထဲ ဖြစ်သလို ကြပ်ကြပ်တည်းတည်း နေပြီး ဖြတ်ကျော်နေကြပါတယ်”လို့…

    Read More »
Back to top button