မိုးကောင်းမြို့နယ် ထုံးရင်ပေါက် ကျေးရွာတွင် NLD ပါတီဝင် တစ်ဦးသတ်ဖြတ်ခံရ

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ထုံးရင်ပေါက်ကျေးရွာတွင် ဇွန်လ ၅ ရက်နေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီဝင် အမျိုးသားတစ်ဦး သတ်ခံလိုက်ရကြောင်း စုံစမ်းသိရှိရသည်။ လုပ်ကြံသတ်ဖြတ်ခံလိုက်ရသည့် အမျိူးသားမှာ ပင်းဘောကျေးရွာအနီးရှိ ထုံးရင်းပေါက်ကျေးရွာမှ အသက် ၃၀ ကျော်ဝန်းကျင်ရှိ NLD ပါတီဝင် ဦးအောင်ကိုဝင်း ဆိုသူဖြစ်ကာ ဇွန်လ ၅ရက်ည ၈နာရီခွဲအချိန်ခန့်တွင် သတ်ခံလိုက်ရကြောင်း ထုံးရင်ပေါက်ကျေးရွာနေ အမျိုးသားတစ်ဦးက KNG သို့ ပြောသည်။ "သူက NLD အဖွဲ့ဝင်တစ်ယောက် ဟုတ်တယ်