သတင်း

မိုးကောင်းမြို့နယ် ထုံးရင်ပေါက် ကျေးရွာတွင် NLD ပါတီဝင် တစ်ဦးသတ်ဖြတ်ခံရ

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ထုံးရင်ပေါက်ကျေးရွာတွင် ဇွန်လ ၅ ရက်နေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီဝင် အမျိုးသားတစ်ဦး သတ်ခံလိုက်ရကြောင်း စုံစမ်းသိရှိရသည်။

လုပ်ကြံသတ်ဖြတ်ခံလိုက်ရသည့် အမျိူးသားမှာ ပင်းဘောကျေးရွာအနီးရှိ ထုံးရင်းပေါက်ကျေးရွာမှ အသက် ၃၀ ကျော်ဝန်းကျင်ရှိ NLD ပါတီဝင် ဦးအောင်ကိုဝင်း ဆိုသူဖြစ်ကာ ဇွန်လ ၅ရက်ည ၈နာရီခွဲအချိန်ခန့်တွင် သတ်ခံလိုက်ရကြောင်း ထုံးရင်ပေါက်ကျေးရွာနေ အမျိုးသားတစ်ဦးက KNG သို့ ပြောသည်။

“သူက NLD အဖွဲ့ဝင်တစ်ယောက် ဟုတ်တယ် စစ်တပ်ဘက်က လူတွေက စစ်တပ်ထောက်ခံသူတွေက သတ်လိုက်တာလို့သိရတယ်”ဟု အမည်မဖော်လိုသည့် ဒေသခံအမျိူးသားတစ်ဦးက ပြောသည်။

လုပ်ကြံ သတ်ဖြတ်သူများမှာ ပင်းဘောကျေးရွာမှ ပျူစောထီးခေါင်း ဆောင် ဦးကျော်မြင့်ဦးဆောင်သော ပြည့်ဖြိုးသန့်၊ ကျော် ကြီး၊ဇင်ကြီး၊ ဇော်မျိုးထွန်း၊ မင်းသာထက်၊ ဝိုင်းချစ်၊ ငထိုက်၊ ကိုထက်၊ ကိုရှမ်းလေး၊ မြောင်သုံးယောက်၊ မရည်ဝင်း၊ စိုးကြီး တို့ဖြစ်ကြောင်း ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ဖြစ်သည့် ဂလိုင်ချောင် စစ်ကြောင်းအဖွဲ့နှင့် Mohnyin Revolution အဖွဲ့တို့က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ကြေငြာထားပြီး အရေးယူမှုများပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ယမန်နေ့ည ၉နာရီခွဲအချိန်ခန့်ကလည်း ထုံးရင်ပေါက်ကျေးရွာပြည်သူ့စစ်စခန်းမှ လက်နက်ကြီး ငါးချက်ခန့်နှင့် လက်နက်ငယ် ရမ်းသမ်းပစ်ခတ်မှုများလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Show More

Related Articles

Back to top button