ကသာ ဒေသခံ ၃၀ ကျော်ကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ဖမ်းခေါ်သွား

ကသာမြို့နယ် အထက်ပိုင်း နှင့် အောက်ပိုင်းတွင် လတ်တလောရောက်ရှိလာသော စစ်ကြောင်းများသည် အရပ်သားပြည်သူ ၃၀ ကျော်ကို လူသားဒိုင်းအဖြစ်ခေါ်ဆောင်သွားပြီး မင်းလယ်နှင့် မဲဟင်းရွာ ၂ခုကြား လက်နက်ကြီးလည်း ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်များသည် ကသာမြို့အောက်ပိုင်းတွင် အင်အား ၇၀ ခန့်ဖြင့် လှုပ်ရှားနေပြီး အထက်ပိုင်းတွင် အင်အား ၆၀ ခန့်ဖြင့် သွားလာနေပြီး ဩဂုတ် ၁၁ရက်နေ့ နံနက်ပိုင်း ကသာအောက်ပိုင်းရှိ သုံးဆယ်ပေကျေးရွာမှ အရပ်သား ၃၀