စစ်တိုင်းဒေသ မြို့နယ် ၂ခုကြားတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ကောင်စီဘက် ၁၇ဦးထက်မနည်း သေဆုံးဟုဆို

စစ်ကိုင်းတိုင်းဒေသ မြင်းမူမြို့နယ်နှင့် အရာတော်အစပ် ကံဖျားနှင့်ရသာ ကျေးရွာ ၂ခုမှ ပြည်သူပိုင် ပစ္စည်းများ သိမ်းယူသွားသည့် စစ်ကောင်စီတပ်ဖွဲ့ကို နယ်မြေခံ ဒေသကာကွယ်ရေးတပ်များ ကြားဖြတ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီဘက်က ၁၇ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ထံမှသိရသည်။ စစ်အင်အား ၆၀ ဝန်းကျင်ခန့်ပါရှိသော စစ်ကောင်စီတပ်ဖွဲ့သည် ယမန်နေ့ နံနက်ပိုင်း ၁၀နာရီဝန်းကျင်တွင် ကံဖျာနှင့်ရသာတို့ဘက်မှ မင်းရွာနှင့်သလဲဘာရွာ ကျေးရွာရှိသည့်ဘက်သို့ ဦးတည်ကာ ထွက်လာခဲ့ရာ PDF အဖွဲ့က နောက်ယောင်ခံလိုက်လာခဲ့ကြပြီး ရွာသာနှင့် မင်းရွာ